ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 November 2012

အလုပ်သမားများ အစိုးရကို အက်ဖ်အီးစီ ၁၀၀ ပေးဆောင်ရန် မလို


အစိုးရက နိုင်ငံခြားရပ်ခြားကို ထွက်ပြီး အလုပ်လုပ်သူတွေထံကနေ ကောက်ခံနေတဲ့ အက်ဖ်အီးစီ ၁၀၀ ကို ဆက်မကောက်တော့ဘဲ လျှော့ပေါ့ပေးလိုက်ပါတယ်။
နိုင်ငံခြားမှာ ထွက်အလုပ်လုပ်တဲ့ အလုပ်သမား တဦးချင်းစီက အစိုးရ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို ပေးသွင်းနေရတဲ့ အက်ဖ်အီးစီ ၁၀၀ ကို နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ပြီး ပေးသွင်းဖို့ မလိုတော့ဘူးလို့ နေပြည်တော် အလုပ်သမားဦးစီးဌာနက ပြောပါတယ်။
အလုပ်သမားတွေအတွက် ကုန်ကျစရိတ် သက်သာရအောင် လျှော့ပေါ့ပေးတာလို့ အလုပ်သမားဦးစီးဌာန အရာရှိတဦးက ပြောပါတယ်။

“၁၉ ရက်နေ့က စတယ်၊ ဖြေလျော့ပေးလိုက်တယ်လေ၊ ပြန်ကောက်ဖို့တော့ ဘယ်သူမှ မပြောသေးဘူး။ ခုချိန်ကစပြီး မကောက်တော့ဘူး။ နောင်တော့ မပြောတတ်ဘူး။ အလုပ်သမားတွေ ကုန်ကျစရိတ်သက်သာအောင် အက်ဖ်အီးစီ ၁၀၀ မကောက်တော့ဘူးလေ။”
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို တလကို အလုပ်သမား ၂၀၀၀ ကနေ ၃၀၀၀ အကြား ထွက်ခွာနေပြီး ကိုရီးယား၊ စင်ကာပူနဲ့ မလေးရှားတို့ကို  မင်္ဂလာဒုံလေဆိပ်ကနေ တရားဝင် သွားရောက်နေတာလည်း ဖြစ်ပါတယ်။
အခုလို အက်ဖ်အီးစီ ၁၀၀ မပေးဆောင်ရတဲ့အတွက် အလုပ်သမားတွေ သက်သာရာရစေတယ်လို့ နိုင်ငံခြားအလုပ်သမားရှာဖွေရေး အေဂျင်စီတခုရဲ့ လုပ်ငန်းရှင်တဦးကလည်း သုံးသပ်ပြောဆိုပါတယ်။
“အလုပ်သမားတွေအတွက် သက်သာတာပေါ့။ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား ဘယ်သွားသွား ၁၀၀ သွင်းရတော့ မလေးရှားသွားတဲ့ အလုပ်သမားကျတော့ အက်ဖ်အီးစီ ၁၀၀ (အခုလက်ရှိဈေး မြန်မာငွေနဲ့ ၈ သောင်းခွဲပေါ့) ကျတော့ ၀န်ထုတ်ဝန်ပိုးဖြစ်တာပေါ့။ အခွန်ကလည်း ဖေဖော်ဝါရီကစပြီး နောက်ပိုင်း အခွန် မကောက်တော့ဘူး၊ ပတ်စပို့ကလည်း ၅ နှစ်ဖြစ်ပြီဆိုတော့ အကုန် ကောင်းသွားတာပေါ့။”
မြန်မာအစိုးရကလည်း ပြည်ပမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလက စလို့ ၀င်ငွေခွန် ကောက်ခံတာလည်း ရပ်နားထားပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ