ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 November 2012

မန္တလေးကျောက်ဝိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်


မန္တလေးတိုင်း မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ နိုင်ငံခြားသား ကုန်သည်တဦးက ကလေးငယ်တဦးကို ရိုက်နှက်ခဲ့ရာက အစပြုလို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ပလတ်စတစ်ကောက်တဲ့ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦးက ကျောက်ဝိုင်းကို လာတဲ့ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်သား တရုတ်လူမျိုးဆီကနေ ပိုက်ဆံကို နှိုက်ယူဖို့ ကြိုးစားတာကို တုံ့ပြန်တဲ့အနေနဲ့ ရိုက်နှက်ခဲ့တယ်လို့ ပြဿနာကို ဖျန်ဖြေပေးတဲ့ ဦးဇော်ဇော်က ပြောပါတယ်။
ကျောက်ဝိုင်းအတွင်းမှာရှိတဲ့ လူထုရဲ့ အမြင်မှာတော့ တရုတ်က မြန်မာကို အနိုင်ကျင့်တယ်လို့
မှတ်ထင်ခဲ့ပြီး ကျောက်ဝိုင်းအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်လို့ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေး စခန်း အကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဦးဇော်ဇော်က ပြောပါတယ်။
ပြဿနာကို ဖြေရှင်းဖို့ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက အကျိုးတော်ဆောင် အဖွဲ့ဆီကို ခေါ်ဆောင်လာတာလို့ သူက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဦးဇော်ဇော်က “တရုတ်ကုန်သည်ရော မြန်မာကလေးရော အကျိုးဆောင်ရုံးမှာ လာဖြေရှင်းတယ်။ ကလေးကိုလည်း သူ့မိဘတွေ ဘယ်မှာနေလဲဆိုတာမေး၊ တရုတ်ကုန်သည်ကိုလည်း တရုတ်နိုင်ငံရဲ့မှတ်ပုံတင်နဲ့ ခေတ္တထိန်းသိမ်းထားတာပေါ့။ တရုတ်ကုန်သည်က ကျောက်အရောင်းအ၀ယ်လုပ်တာဆိုတော့  မြန်မာစကားပြန်တယောက်ပါလာတယ်။ စကားပြန်ပြောတာက ကလေးက ပိုက်ဆံနှိုက်လို့ တရုတ်က လက်တုံ့ပြန်လုပ်လိုက်တယ်။ ဒါပေမယ့် ရဲတွေဘာတွေရောက်လာတော့ တရုတ်က တောင်းတောင်းပန်ပန်နဲ့ သူ့ကိုမကျေနပ်ရင် ပြန်ထိုးပါ။ မဟုတ်ရင်လည်း ကျေနပ်အောင် လျော်ပေးမယ်ဆိုပြီး ပြောတော့ ကလေးမိဘတွေ ခေါ်ညှိပေးတာပေါ့။ ကလေးဘက်က သူ့အမေလိုက်လာပြီး လျော်ကြေး ၂ သိန်းပေးရမယ်ဆိုတော့ တရုတ်ကလည်း ပေးပါမယ်ဆိုပြီး ကလေးကလည်း ကျေနပ်တယ်ဆိုတဲ့ အနေအထားမျိုး လူတွေကို ပြောပြတယ်။ အမှုတွဲလည်း မဖြစ်တော့ဘူး။ နှစ်ဦးနှစ်ဖက်လည်း ကျေအေးတာပေါ့။”
လျော်ကြေးငွေ ၂ သိန်းနဲ့ ကျေအေးခဲ့ပေမယ့် တရုတ်လူမျိုးက လျော်ကြေးကိစ္စကို စကားပြန်နှင့် လွဲအပ်ကာ သူရဲ့မှတ်ပုံတင်ကို အကျိုးတော်ဆောင်အဖွဲ့ထံကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ဝိုင်း လူအရမ်းစည်ကားတဲ့အချိန်မှာ ပြဿနာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်လူမျိုးကို လုံခြုံရေး အစောင့်အရှောက်နဲ့ ပြန်ပို့ဆောင်ပြီးတဲ့နောက် အားလုံးအေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြဿနာဖြစ်ပွားဖြေရှင်းတဲ့ အချိန် ၄၅ မိနစ် အတိုင်းအတာသာကြာမြင့်တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဝိုင်းမှာ အရင်နှစ်ပိုင်းကလည်း တရုတ်ကျောက်ကုန်သည်တချို့နဲ့ မြန်မာတွေ အချင်းများရန်ဖြစ်ဖူးပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ