ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 November 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့မွန်းလွဲ (၂) နာရီတွင် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးတင်နိုင်သိန်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ဆွီဒင်ဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံအမတ်ကြီး H.E. Mr. Klas Molin လည်း တက်ရောက်သည်။

ယင်းသို့တွေ့ဆုံရာ၌ ဒီမိုကရေစီအရေး လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍ များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် ဆွီဒင်နိုင်ငံမှ အကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး ကိစ္စရပ်များတွင် အစိုးရအချင်းချင်း တိုက်ရိုက်ထိတွေ့ ဆက်ဆံရေးနှင့် ဆွီဒင်နိုင်ငံမှ အတွေ့အကြုံများ မျှဝေပေးရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရာဘာ၊ သစ်၊ ရေလုပ်ငန်း၊ မွေးမြူရေးကဏ္ဍများတွင် ဆွီဒင်နိုင်ငံမှ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးတို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 Myanmar Express 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ