ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 January 2013

ရန်ကုန်-သံတွဲ ကားမှောက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး


     ရန်ကုန်ကနေ ရခိုင်ပြည်နယ် သံတွဲကို ပြေးဆွဲတဲ့ အောင်သစ္စာယာဉ်လိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ဒီကနေ့ မနက်အစောပိုင်းက  တောင်ကုတ်မြို့အနီးမှာ မတော်တဆ တိမ်းမှောက် ခဲ့တဲ့ အတွက် ကား ပေါ်ပါတဲ့ ခရီးသည်အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ၃၀ ကျော်  ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်ကနေ မနေ့ညပိုင်းက ထွက်ခွာလာတဲ့ ဘစ်ကားဟာ တောင်ကုတ်မြို့ အနီး  နေပူတောင်အဆင်းမှာ ဒီနေ့မနက် ၁ နာရီခွဲလောက်က  ချောက်ကမ်းပါးထဲ ထိုးကျပြီး တိမ်းမှောက်ခဲ့တာပါ။ သေဆုံးတဲ့လူ  အရေအတွက်ကို အတိအကျမသိရသေးပေမယ့်  ၁၄ ဦးခန့် ရှိမယ်လို့ တောင်ကုတ်ဆေးရုံက တာဝန်ရှိသူတဦးက ပြောပါတယ်။

         ဒဏ်ရာရတဲ့ ခရီးသည် ၃၃ ဦး တောင်ကုတ်ဆေးရုံမှာ ဆေးကုသခံနေယူကြပြီး တချို့က ဒဏ်ရာပြင်းတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၇ ဦးကို သံတွဲဆေးရုံ ပို့ဆောင်ထားရပြီး ၄ ဦးကို ထပ်မံပို့ရမယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆေးရုံ တာဝန်ကျတဦးက “ဆေးရုံကို ၃၃ ယောက် ရောက်ပါတယ်။ စိုးရိမ်ရတဲ့သူလည်း ရှိသလို မစိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်။ သံတွဲဆေးရုံကို ၇ ယောက် ပို့ပြီးပါပြီ။ ၄ ယောက်လောက် ထပ်ပို့ဖို့လည်း ရှိသေးတယ်။ သေတဲ့သူက အလောင်းတော့ မရောက်သေးဘူး၊ ၁၄ ယောက်လို့ ပြောသံကြားတယ်။ အတည်တော့ မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။
        ကားပေါ်မှာ ခရီးသည် ၄၀ ၀န်းကျင် စီးနင်းလိုက်ပါလာပြီး  သေဆုံးသူအများစုဟာ သံတွဲမြို့ကဖြစ်ကြောင်း၊ တောင်ကုတ်မြို့ခံတဦးလည်း သေဆုံးသွားတယ်လို့ ကားမှောက်တဲ့ နေရာကို သွားရောက်ကူညီပေးနေတဲ့ တောင်ကုတ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာတော့ ကားမှောက်မှုမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။





No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ