ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 September 2012

ဖားကန့်ဒေသတွင် မေလကုန်မှ ရပ်ဆိုင်းထားသော ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကွက် ၆၀၀၀ ကျော်အား ပြန်လည်တူးဖော်ခွင့်ပေးရန် အစီအစဉ်မရှိသေးဟု သိရ

 
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာအား စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့မြင်ရစဉ် ဓာတ်ပုံ မင်းသန့်
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မေလကုန်ပိုင်းမှ ရပ်ဆိုင်းထားသော ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကွက် ၆၀၀၀ ကျော်အား ပြန်လည်တူးဖော်ခွင့်ပေးရန် အစီအစဉ်မရှိသေးဟု လုံးခင်းမြို့နယ် သတ္တု တွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ
ရောင်းဝယ်ရေးလုပ်ငန်း ကျောက်စိမ်းတူးဖော်ရေးဌာနမှ သိရှိရသည်။ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ကွက်များကို ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အဆိုပါသတ္တုတွင်းဝန်ကြီးဌာနမှ လုပ်ငန်းလုပ်ကိုင်ခွင့်များကို ယာယီရပ်ဆိုင်းထားကြောင်း သိရှိရသည်။
အဆိုပါပြည်နယ်တွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီပေါင်း ၆၅၀ ကျော်မှ လုပ်ကွက်ပေါင်း ၆၀၀၀ ကျော် ကို ဆောင်ရွက်လျက်ရှိကြောင်း ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော် ရေးမှသိရှိရသည်။ ယင်းကဲ့သို့ ကျောက်စိမ်းတူးဖော်ခွင့် လုပ်ငန်းများကို ရပ်ဆိုင်းထားသည်နှင့် ပတ်သက်၍ လုံးခင်းမြို့နယ် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''ဒီဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ အရေအတွက်က ၆၅၀ ကျော်ရှိတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ အကျိုးတူ ပူးပေါင်း လုပ်ဆောင်တဲ့ကုမ္ပဏီ ၂၀၀ ကျော်ရှိတယ်။ လုပ်ကွက်ပေါင်းက တော့ ၆၃၀၀ ကျော်ရှိတယ်။ အဲဒီလုပ်ငန်းတွေ အားလုံးကို မေလ ၃၁ ရက်နေ့ကတည်းက ရပ်ဆိုင်းထားပါတယ်။ ဒီနေ့အထိလည်း လုပ်ငန်းပြန်လည် လုပ်ဆောင်ခွင့်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး။ အခုလိုမျိုး လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းခဲ့ရတဲ့အကြောင်း အရင်းက မိုးတွင်းကာလဖြစ်တာကြောင့်လည်း သဘာဝဘေးအန္တရာယ်တွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖြစ်ပါတယ်။ ဒီအကြောင်းအပြင် တခြား အကြောင်းတွေကြောင့်လည်း ရပ်ဆိုင်းထားခြင်းဖြစ်ပါတယ်''ဟု ယခုလက်ရှိ အခြေအနေကို သုံးသပ်ပြောကြားခဲ့သည်။
ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသော လုပ်သားအင်အားမှာ ကုမ္ပဏီကြီးများဖြစ်ပါက လုပ်သားအင်အား ထောင်ချီရှိပြီး ကုမ္ပဏီလေးများဖြစ်ပါက လုပ်သားအင်အား ၃၀၀ ၀န်းကျင်မှ ၁၀၀၀ ခန့်အထိရှိ ကြောင်း စုံစမ်းသိရှိရသည်။ ယခုအခါတွင် အခြေအနေအမျိုးမျိုးကြောင့် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည့်အတွက် အနယ်နယ်အရပ်ရပ်မှ အဆိုပါကျောက်စိမ်းလုပ်ကွက်များကို မှီခိုနေသည့် အထွေထွေလုပ်သားများနှင့် ကျွမ်းကျင်လုပ်သားဦးရေ သိန်းချီကာ ဖားကန့်ဒေသအား စွန့်ခွာသွားသည်နှင့်အတူ အလုပ်လက်မဲ့ အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ ကိုလင်းက''ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရတဲ့ အဓိက အကြောင်းအရင်းက တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်တွေ ရှိနေတဲ့အတွက်ကြောင့်လို့ သိရတယ်။ လုံခြုံရေး အခြေအနေတွေကြောင့် ဘယ်သူမှ မနေရဲကြလို့လည်း လုပ်ငန်းခွင်မှာ ရှိနေတဲ့သူတွေ အားလုံးပြန်ကုန်ကြပြီ။ သက်ဆိုင်ရာကတော့ ရပ်ဆိုင်းခိုင်းလိုက်တဲ့ အချိန်မှာကတည်းက လူတွေအပြင် စက်ယန္တရားတွေကိုလည်း ပြောင်းရွှေ့ခိုင်းခဲ့ပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ စက်ယန္တရားတွေ၊ ဘက်ဖိုးကားတွေ ကိုပြောင်းဖို့ ရွှေ့ဖို့ အခက်အခဲရှိနေတဲ့အတွက် လုပ်ငန်းခွင်ထဲမှာပဲ ထားခဲ့ရတယ်''ဟု ပြောကြားခဲ့သည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် ကျောက်တူးသည့် လုပ်သားနှင့် ကျောက် အကဲဖြတ်သည့်လုပ်သားတို့မှာ တစ်လလျှင်လုပ်ခ နှစ်သိန်းခွဲမှ သုံးသိန်းဝန်းကျင်ရရှိကာ ယာဉ်မောင်းတစ်ဦးလျှင် နှစ်သိန်းဝန်းကျင်ခန့် ရရှိသည်ဟု သိရှိရသည်။ ကျောက်စိမ်းလုပ်ကွက်များတွင် လာရောက်လုပ်ကိုင်သော လုပ်သားများမှာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှဖြစ်ပြီး ယင်းကဲ့သို့ လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည့်အတွက် အဆိုပါလုပ်သားများကို မှီခိုနေရသည့် မိသားစုဦးရေ သိန်းချီတို့မှာ စားဝတ်နေရေး အခက်အခဲအချို့နှင့် ကြုံတွေ့နေရသည်ဟုလည်း ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် လုပ်ကိုင်နေသော ဒေသခံတစ်ဦးက ဆိုပါသည်။
လက်ရှိအချိန်တွင် ဖားကန့်ဒေသသို့ စွန့်ခွာသွားသူ အများအပြားရှိနေသကဲ့သို့ မိမိနေရပ်ဒေသသို့ ပြန်ရန်အတွက် စရိတ်မတတ်နိုင်သူအချို့လည်း ရှိနေကြောင်း သိရသည်။ အဆိုပါလုပ်သားများမှာ ဖားကန့်မြို့ပေါ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများတွင် နေထိုင်ကာ ရေမဆေးကျောက် ရှာဖွေနေထိုင်နေရကြောင်း သိရပါသည်။ ''၀ယ်သူမရှိသလို အရင်ကျပ်ဆယ်သိန်းတန်ကျောက်က အခုကျပ်တစ်သိန်းပဲ ရတယ်။ အရည်ကျောက်လောက်ပဲ အနည်းငယ် အရောင်းအ၀ယ်ဖြစ်တယ်။ ဒါပေမယ့် ရောင်းရမယ့်နေရာ မရှိဘူး။ ဇွန်လလောက်ကတည်းက အလုပ်အကိုင် မကောင်းတော့တာ။ အခုဒီမှာ နေပြီး ရေမဆေးရှာနေတဲ့သူတွေက မျောတိုက်ရင် ရွှေရတယ်။ ရွှေရရင် အသွားအလာဆီဖိုးနဲ့ ထမင်းစရိတ်လေး ရတာပေါ့။ ကျောက်ရရင်တော့ အမြတ်ပဲ။ ဒီလိုပဲ ရှာဖွေလုပ်နေကြတာ။ ပြန်ဖို့စရိတ်ကလည်း မတတ်နိုင်ဘူးဆိုတော့ နေနေကြရတာပဲ။ စက်တင်ဘာ ၁၃ မတိုင်ခင်ကတော့ ၀ယ်လက်အငယ်လေးတွေ ရှိသေးတယ်။ ဆယ်ဂဏန်းဝန်းကျင်လောက်ပေါ့။ ထမင်းစားကျောက်လေးတွေ ရောင်းဝယ်စားသောက်နေကြတာ။ အခုဝယ်တဲ့သူတချို့ကတော့ မန္တလေးမှာ အထိုင်ချပြီးဝယ်တဲ့ တရုတ်ကုန်သည်တွေဆီ သွားရောင်းကြရတယ်''ဟု ဒေသခံ ရေမဆေးကျောက်ရှာဖွေသူ ကိုမျိုးနိုင်က ဆိုပါသည်။


eleven media

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ