ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 September 2012

ရခိုင် သိမ်းဆည်းခံ လယ်ယာမြေများကို ပါလီမန် စုံစမ်းရေး ကော်မရှင်က ယနေ့ စတင် စစ်ဆေးပြီ

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးလိုက်သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်း ရေး ကော်မရှင်အဖွဲ့သည် ယနေ့ ပုဏ္ဏားကျွန်း မြို့နယ်မှ စတင်ပြီး လယ်မြေများ သိမ်းဆည်ခံနေရမူများကို  စစ်ဆေးနေပြီဖြစ်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။

“ ပြည်နယ် အစိုးရနဲ့ ဌာနဆိုင်ရာတွေနဲ့
ညှိပြီးတော့ ဒီနေ့ ပုဏ္ဏားကျွန်းကိုရောက်နေပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ် ကျေးရွာက လယ်သမားတွေနဲ့ ယခင် ကျေးရွာ ဥက္ကဌဟောင်း ဦးမောင်လုံးချေနဲ့အပါအ၀င် ရွာသား တွေကို ခေါ်ပြီးတော့ အခု ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာ စစ်ဆေးနေပါတယ်။ မနက်ဖန် အောင် ဆိပ် ကျေးရွာထိ သွားပြီးတော့ မြေပြင် အနေအထားကို သွားပြီး လေ့လာမှာ ဖြစ်ပါတယ်။ အဲဒီ အချက်အလက် တွေ ရပြီးမှ ပြည်ထောင်စု လွှတ်တော်ကို တင်ပေးမှာ ဖြစ်ပါတယ်။”
၎င်းကော်မရှင်အဖွဲ့အနေဖြင့်  ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဆေးပြီးလျှင် တခြား မြို့နယ်များသို့လည်း တစ်မြို့နယ်ပြီး တမြို့နယ် သွားရောက် စစ်ဆေးမည်ဟု  ဦးဖေသန်းက ပြောသည်။
“ ကျွန်တော်တို့ ကော်မရှင် အဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဆေးပြီးရင် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာ လယ်သမားတွေဆီက သိမ်းယူထားတဲ့ လယ်မြေ ပြဿနာ ၁၃ မှုကိုလည်း သွားရောက် စုံစမ်းမှာဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးရှိ လယ်ယာမြေ ပြဿနာများကို စုံစမ်းစစ်ဆေးရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် အဖွဲ့ခွဲ ၉ ခု  ဖွဲ့စည်းကာ တာဝန်ပေးထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ လယ်ယာမြေ ပြဿနာများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်အဖွဲ့ခွဲတွင် အမျိုး သား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် (၈) ဦးဖြင့် ဖွဲ့စည်းထားသည်။
ရခိုင်ပြည်နယ်တွင် လယ်သာမြေ သိမ်းဆည်းမှုပြဿနာ တရားဝင် လွှတ်တော်သို့ တင်ပြထားသော အမှု ၁၃ မှု အပါအ၀င် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တိုင်ကြားထားသည့် အမှုများကို လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် အစီအစဉ် ရှိသည်ဟုလည်း သိရသည်။


narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ