ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 January 2013

ကချင်တိုက်ပွဲကြောင့် ရွှေကူမြို့နယ် ရွာသားများ ပိတ်မိနေ



ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့  ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၂ ထောင်ကျော် ရွာထဲမှာ ပိတ်မိ နေပါတယ်။
ဗန်းမော်မြို့အနောက်ဘက်နဲ့ ရွှေကူမြို့ မြောက်ဘက်ကြားက ကောက်ကွေ့လို့ခေါ်တဲ့ လွင်ပြင်ဒေသက ကျေးရွာတွေမှာ လွန်ခဲ့တဲ့ ၅ ရက်လောက်က  အစိုးရတပ်က ခလရ ၃၀၉ နဲ့ ကေအိုင်အေ တပ်မ ၅ က စစ်သားတွေ ပစ်ခတ်ခဲ့ကြပါတယ်။
အစိုးရတပ်ဘက်က အင်အား ၁ ထောင်လောက် ရွာနီးစပ်ပတ်ပတ်လည်မှာ နေရာလာယူထားတာကြောင့် ရွာသားတွေ ရွာပြင်မထွက်ရဲကြဘဲ ပိတ်မိနေတာလို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က မခေါင်န်ဂျာက ပြောပါတယ်။
“လမ်းတွေ ပိတ်ထား၊ ၀ိုင်းလိုက်တော့ ၀င်လို့မရတော့ဘူး။ အခု ရိက္ခာပို့လို့မရတော့ဘူးဖြစ်နေတယ်။ သူတို့ရှိတာနဲ့ ခြစ်ချုပ်စားနေတဲ့သဘောရှိတယ်။ နောက် ၁ ပတ်လောက်တော့ ခံမလား မပြောတတ်ဘူး။ အဲဘက်က သွားရင်လမ်းတိတိကျကျ မရှိဘူး။ လူတွေဖြတ်လို့မရတဲ့အခြေအနေ ရှိတယ်။ ယောက်ျားလေးဆိုရင် ပေါ်တာဆွဲခံရရင်ခံရ မဟုတ်ရင် ကေအိုင်အေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းရင်ဖမ်း အဲလိုရှိတယ်။ မိုင်းထောင်လား မထောင်လားလည်း ဘယ်သူမှမသိဘူး။”
အခုပိတ်မိနေတဲ့ရွာတွေကတော့  ခဘောင်း၊ ဂျာရာယန်၊ ဂျန်မိုင်၊ ဇွပ်ပရာ၊ ရှောင်ဇီး  စတဲ့ရွာပေါင်း ၁၂ ရွာက ဒေသခံတွေအပြင် တခြားနေရာကနေ စစ်ရှောင်လာတဲ့သူတွေပါ စုစုပေါင်း  လူဦးရေ ၂ ထောင်ကျော်လောက် ပိတ်မိနေတာလို့ မခေါင်န်ဂျာက ဆက်ပြောပါတယ်။
ဖားကန့်မြို့နယ် မော်ကလုံကျေးရွာအနီးမှာလည်း ဒီနေ့မနက်က တိုက်ပွဲငယ်တွေ ဖြစ်ပွားတဲ့အတွက် အနီးအနားဝန်းကျင်က ရွာသားပေါင်း ၁၀၀ ကျော် ဝေခါကျေးရွာဘက် စစ်ရှောင်လာပြီး ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်းက ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စုဘက်မှာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကံစီးဒေသ တိုက်ပွဲကြောင့် ရှောင်တိမ်းလာတဲ့ ရွာပေါင်း ၁၅ ရွာက ရွာသားပေါင်း ၂၅၀၀ လောက်ဟာ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်တယ်။
စစ်ပြေး ဒုက္ခသည် အများစုက အ၀တ်တထည် ကိုယ်တခုနဲ့ ပြေးလာသူတွေ များတဲ့အတွက် အ၀တ်အစား အကူအညီလိုအပ်နေကြောင်း၊ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားခါစ အမျိုးသမီးတွေပါ ပါဝင်ကြောင်း လုံးခင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ