ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 December 2012

အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်မည်



အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆယ်လ်မန်ခါရှစ်သည် ၎င်း၏ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း
သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆယ်လ်မန်ခါရှစ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်မြို့သို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ တွေ့ဆုံ ဆွေးနွေးပွဲကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဆယ်လ်မန်ခါရှစ်သည် အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသန တိုင်းတာရေးအဖွဲ့မှ  ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် ပုဂံမြို့ရှိ အာနန္ဒာဘုရားသို့လည်း သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဆယ်လ်မန်ခါရှစ်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိသည့် ၁၆ ပေအမြင့်ရှိ ဓမ္မစကြာမုဒြာသဲကျောက် ဗုဒ္ဓဆင်းတုတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းက လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။ ''ပြည်ပရေးရာဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး အပေါ်မှာ ဘယ်လောက်ထိ အလေးထားတယ် ဆိုတာကို ထပ်မံပြသတာပဲ ဖြစ်ပါတယ်'' ဟု   ပြည်ပရေးရာ ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဆာအစ်အာဘာရုဒင်က ပြောပါသည်။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ကျင်းပမည့် အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိကြောင်းသတင်းရရှိသည်။



 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ