ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 December 2012

မာလီတွင် ဝန်ကြီးချုပ်အား စစ်တပ်ကဖမ်းဆီးကာ ရာထူးမှနုတ်ထွက်ခိုင်း



အင်္ဂါနေ့က မာလီစစ်တပ်သည် ဝန်ကြီးချုပ် နေအိမ်သို့ ဝင်ရောက်ထိုးဖောက်ကာ ဒီယာရာအား ဖမ်းဆီးပြီး ရာထူးမှ နုတ်ထွက် စေခဲ့ခြင်း ဖြစ်သည်။

မာလီတွင် ဝန်ကြီးချုပ်အား စစ်တပ်ကဖမ်းဆီးကာ ရာထူးမှနုတ်ထွက်ခိုင်း
မာလီနိုင်ငံတွင် ဝန်ကြီးချုပ် ချိခ်မိုဒီဘို ဒီယာရာအား စစ်တပ်က ဖမ်းဆီးကာ ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က မာလီစစ်တပ်သည် ဝန်ကြီးချုပ် နေအိမ်သို့ ဝင်ရောက်ထိုးဖောက်ကာ ဒီယာရာအား ဖမ်းဆီးပြီး ရာထူးမှ နုတ်ထွက် စေခဲ့ခြင်း ဖြစ်သည်။ အနောက် အာဖရိက ဒေသရှိ နိုင်ငံ မြောက်ပိုင်းကို သူပုန်တပ်များက သိမ်းပိုက်လိုက်ရာ ဒီယာရာ အနေဖြင့် ယင်းကို ကောင်းမွန်စွာ တုံ့ပြန်နိုင်သည့် စီမံကိန်းမျိုး မရှိဟု စစ်တပ်နှင့် ပြည်သူများက ယူဆလျှက် ရှိသည်။




(မာလီဝန်ကြီးချုပ် ချိခ်မိုဒီဘို ဒီယာရာ)

ဘာမာကို မြို့တော်တွင် ဖြစ်ပွားခဲ့သော ဖမ်းဆီးမှုတွင် NASA သိပ္ပံပညာရှင်ဟောင်း ဒီယာရာ အနေဖြင့် မည်သို့မျှ တတ်နိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် မိမိရော ဝန်ကြီးအဖွဲ့ပါ နုတ်ထွက်ကြောင်း ကြေညာခဲ့ရသည်။ မာလီ၏ ကြားဖြတ်သမ္မတ ဒီအိုကူဒါ ထရာအိုယေးက ဂျန်ဂိုဆစ်ဆိုကိုအား ဝန်ကြီးချုပ် ရာထူးတွင် ခန့်အပ်ကြောင်း အတည်ပြုခဲ့သည်။ ဆစ်ဆိုကိုသည် မာလီ၏ အစိုးရကို တန်ပြန်စောင့်ကြည့်ရေး အရာရှိချုပ်ဖြစ်ပြီး ယခုအခါ ဝန်ကြီးချုပ်အဖြစ် ယာယီ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

မာလီတွင် ယခုနှစ်အတွင်း အာဏာသိမ်းခဲ့သည့် စစ်တပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့ အနေဖြင့် နိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခအတွက် အဖြေရှာပေးမည့် စစ်မှန်သော ဝန်ကြီးချုပ်ကို လိုလားကြောင်း ပြောဆိုခဲ့သည်။

မာလီမြောက်ပိုင်း ဒေသသည် အယ်လ်ကေးဒါးနှင့် ဆက်နွယ်သည့် အစွန်းရောက် ဘာသာရေး လက်နက်ကိုင် တပ်ဖွဲ့များ တပ်စွဲထားပြီး အစိုးရကို ဆန့်ကျင်နေသည်။ မာလီ၏ လက်ရှိ အစိုးရမှာလည်း စစ်တပ်အာဏာသိမ်းပြီး နောက်ကွယ်မှ ထောက်ပံ့ပေးနေခြင်းဟု သိရှိရသည်။

From : planet

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ