ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 December 2012

နိုင်ငံတစ်ခုအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်ဆိုတာ ဘာတွေလဲ??




ကမ္ဘာ့မြေပုံပေါ်မှာ ရပ်တည်နေတဲ့ ဘယ်နိုင်ငံမှာမဆို လူမျိုး၊ နယ်ပယ်၊ အစိုးရနဲ့ အချုပ်အခြာအာဏာဆိုတဲ့ ကဏ္ဍကြီးလေးရပ်ကို တွေ့ရပါလိမ့်မယ်။ လူမျိုးမရှိတဲ့နိုင်ငံ၊ နယ်ပယ်မရှိတဲ့ နိုင်ငံ၊ အစိုးရမရှိတဲ့ နိုင်ငံ၊ အချုပ်အခြာအာဏာမရှိတဲ့ နိုင်ငံဆိုတာ ကြားဖူးကြရဲ့လားဗျာ။ အဲဒီ ကဏ္ဍကြီးလေးခုထဲက တစ်ခုခု လျော့နည်း၊ ယိုယွင်း၊ ပျက်စီးဆုံးရှုံးသွားတယ်ဆိုရင် နိုင်ငံေ
တ်ာရဲ့ လုံခြုံရေးကျိုးပေါက်ပြီး နိုင်ငံအတွက် ကြီးမားတဲ့ အန္တရာယ် ကျရောက်လာမှာ ဖြစ်ပါတယ်။



နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးတွေနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို လေ့လာကြည့်ရမယ်ဆိုရင်-
(၁) စည်းလုံးညီညွတ်မှုကို ထိပါးခြင်း၊ ယိုယွင်းပျက်စီးစေခြင်း။
(၂) အသက်၊အိုးအိမ်၊စည်းစိမ်ကို ထိပါးခြင်း၊ ယိုယွင်းပျက်စီးစေခြင်း။
(၃) လွတ်လပ်မှုကို ထိပါးခြင်း၊ ယိုယွင်းပျက်စီးစေခြင်း။
(၄) လူ့အခွင့်အရေးကို ထိပါးခြင်း၊ ယိုယွင်းပျက်စီးစေခြင်း။
ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

နယ်ပယ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင်-
(၁) နိုင်ငံတော်၏ နယ်ပယ်ကို ကျူးကျော်ဝင်ရောက်ခြင်း (Invasion)
(၂) နယ်ပယ်ကို မတရား ခြေကုပ်ယူ သိမ်းပိုက်ခြင်း (Occupation)
(၃) နယ်ပယ်ကို ဖဲ့ယူရန် ကြံစည်ခြင်း၊ ပြုလုပ်ခြင်း (Forced Cession)
(၄) နယ်ပယ်အပေါ် (သို့မဟုတ်) တစ်စိတ်တစ်ဒေသအပေါ် မတရား ဩဇာသက်ရောက် သိမ်းပိုက်ရန် ဆောင်ရွက်ခြင်း ( Leases under duress: assimilation under pressure)
ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

အစိုးရအပေါ် ဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင်-
(၁) အစိုးရရဲ့ အာဏာကို ထိပါးခြင်း၊ ယိုယွင်းစေခြင်း၊ လျော့နည်းပျက်စီးစေခြင်း။
(၂) အစိုးရ၏ အုပ်ချုပ်မှုကိစ္စရပ်များ ထိရောက်မှု မရှိစေရန် ဆောင်ရွက်ခြင်း၊ ကြိုးကိုင် ချုပ်ခြယ်ခြင်း။
(၃) အစိုးရအပေါ် လူထုမှ ယုံကြည်မှု ပျက်စီးစေရန် မတရား ယိုးစွပ်ခြင်း၊ ပြောဆိုခြင်း၊ ရေးသားခြင်း။
(၄) အစိုးရကို မတရား ပြုတ်ကျစေရန် ကြံစည်ဆောင်ရွက်ခြင်း။
(၅) ပုန်ကန်ခြင်း၊ ဆူပူသောင်းကျန်းခြင်းနှင့် သောင်းကျန်းသူကို အားပေးခြင်း။
(၆) ဥပဒေနှင့်အညီ တားမြစ်ခြင်းများကို ဖောက်ဖျက်ခြင်း၊ ဥပဒေအား မလိုက်နာခြင်း။
(၇) အစိုးရကို နည်းအမျိုးမျိုးဖြင့် ချုပ်ကိုင်ရန် ကြိုးစားခြင်း၊ ချုပ်ကိုင်ခြင်း။
ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ ပတ်သက်လို့ ဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်ကို စူးစမ်းကြည့်မယ်ဆိုရင်-
(၁) နိုင်ငံ၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ခြင်း။
(၂) နိုင်ငံ၏ အာဏာသက်ရောက်မှုကို နည်းအမျိုးမျိုးဖြင့် ဟန့်တားခြင်း၊ ပျက်ပြယ်စေခြင်း။
(၃) ပြည်တွင်းရေးဆောင်ရွက်မှုတွင်မက ပြည်ပဆက်ဆံရေးနှင့် နိုင်ငံ၏ အခွင့်အရေးများကိုလည်း နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ဟန့်တားခြင်း၊ လျော့နည်းဆုံးရှုံးစေခြင်း။
ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအန္တရာယ်တွေကို နိုင်ငံမှာ ရှိနေတဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေအားလုံးနဲ့ ကာကွယ်ရုံနဲ့ မလုံလောက်ပါဘူး။ နိုင်ငံသားအားလုံးရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ကာကွယ်မှသာ လုံလောက်နိုင်မှာမို့ နိုင်ငံသားတိုင်း၊ မျိုးဆက်သစ်လူငယ်တိုင်းကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာအောင် ဘက်စုံ ထောင့်စုံကနေ ပုံဖော်နေရခြင်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ အာဏာတည်မြဲရေးအတွက် လုပ်နေတာ မဟုတ်ပါဘူး။ တစ်မျိုးသားလုံးအရေးပါ ခင်ဗျား။




 
From :ဖေကံကောင်း

2 comments:

facebook မှကြည့် ချင်ရင် like လုပ်ပါ