ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 December 2012

SYCB နှင့် NY-Forum တို့ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်






sycbandnyforum conယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဟိုဖိုင်ရွာ Orchid Resort တွင် မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ ကွန်ရက် (The Students and Youth Congress of Burma) နှင့် တိုင်းရင်းသား လူငယ်များ အင်အားစု (Nationalities Youth Forum) အဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို နံနက် ၁၀ မှ ၁၁ နာရီခွဲအထိ ပြုလုပ်ခဲ့ပြီး
ထားဝယ်အမျိုးသမီးများ အစည်း အရုံး၊ SYCB မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှင်းလင်းသော အကြောင်းအရာများကို Nationalities Youth Forum (NY-Forum) တွင် အလုပ်အမှုဆောင် ကော်မတီတွင် တာဝန်ယူထားသော လွေးမိုးလှိုင်အား မေးမြန်းကြည့်ရာ " မနေ့က ကျွန်မတို့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ နာမည်က " အပစ်ပယ်ခံ "ဆိုတဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်။ အဲဒီအထဲမှာ ကျွန်မတို့က ဖွံ့ဖြိုးတိုးတက်ရေး (Development) ကို အခြေခံတဲ့ စီမံကိန်း (၉)ခုကို အချက်အလက်တွေ ကောက်ခံပြီးတော့ အစီရင်ခံစာတစ်အုပ် ထုတ်ခဲ့တာပေါ့နော်။ ကျွန်မတို့က အချက်အလက် ကောက်တဲ့နေရာတွေက ကချင်ပြည်နယ်က မြစ်ဆုံ စီမံကိန်း၊ ကရင်ပြည်နယ် ဘားအံမှာက အထူး စီးပွားရေးဇုန်၊ ချင်းပြည်နယ်မှာက သစ်တင်ပို့ဖို့ လမ်းဖောက်လုပ်ခြင်း၊ ရခိုင်ပြည်နယ်မှာ စစ်တွေ ပင်လယ် ဆိပ်ကမ်းနှင့် ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစတဲ့ အကြောင်းအရာတွေကို ရှင်းလင်းချက် ပြုလုပ်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ အခု ကျွန်မတို့ သုံးသပ်မိသလောက်တော့ Development စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးပြီးမှ ထုတ်ဝေတာတွေ မရှိသေးဘူး၊ အဲဒါကို ကျွန်မတို့က ဒါတွေက အရေးကြီးပါတယ်။ အခြေအနေအရ ကြည့်မယ်၊ နိုင်ငံခြားအခြေအနေအရ ကြည့်မယ်ဆိုရင် Developmetnt စီမံကိန်းတွေကြောင့်ပဲ ပြည်သူလူထုတွေအများစုက ဒုက္ခရောက်ကြရတယ်။ ဒါကပထမဆုံး အကြိမ်လို့ ပြောလို့ရတာပေါ့နော်။ ဒါက စီမံကိန်းအများစု ပါဝင်တဲ့အပြင် တိုင်းရင်းသားတွေအားလုံးအတွက် စုစည်းမှုတစ်ခုအဖြစ်တောင်မှ ကျွန်မတို့ ရည်ရွယ်ပါတယ်။ နောက်တစ်ခုက ပြည်သူလူထုတွေနဲ့ နိုင်ငံတကာ ကိုရော သိစေချင်တယ်လေ။ Development စီမံကိန်းတွေကြောင့်ပဲ ပြည်သူလူထုတွေ အရမ်းကြီး ထိခိုက်နေတာတွေ၊ ပြည်သူလူထုတွေရဲ့ သဘောတူညီချက်ကို မယူပဲနဲ့ လုပ်တဲ့အတွက် ဒီနေ့အထိ ဖြစ်ပျက်နေတဲ့ အကျိုးဆက်တွေကို ပြည်တွင်းထိ သိစေချင်တယ်။ ရင်းနှီးမြုပ်နှံတဲ့ အဖွဲ့တွေနှင့် နိုင်ငံတကာကိုလည်း သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရတာဖြစ်တယ်။ တစ်ချို့ကတော့ မြန်မာနိုင်ငံက ပြောင်းလဲနေပြီ ပြောကြတယ်။ တစ်ကယ် တမ်းကျတော့ ကျွန်မတို့ တိုင်းရင်းသား ဧရိယာ ဘယ်နေရာမှာမှ မပြောင်းလဲသေးဘူး။ ပိုဆိုးလာတယ်။ သူတို့ရဲ့ ဆိုးကျိုးတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီစီမံကိန်းတွေကြောင့်ပဲ ခံနေရကြတာတွေကို တွေ့ရတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျွန်မတို့အနေနဲ့ ပိုပြီးကြိုးစားရမဲ့အပိုင်းတွေ ရှိလာတယ်၊ ပြည်သူလူ ထုကို တကယ်ပဲ ဦးစီးဦးဆောင်လုပ်ပြီးတော့ လူထုအလွှာအသီးသီးကို နားလည်လာအောင်၊ စီမံကိန်းကြောင့် ဘာဆိုးကျိုးတွေ ဖြစ်လာမလဲ၊ ဘာကောင်းကျိုးတွေ ရှိမလဲ၊ ဘယ်သူ့ဖက်က အကျိုးအမြတ်တွေရမလဲဆိုတဲ့ အပိုင်းတွေကို လုပ်နိုင်မယ်။ အကျိုးရလဒ်ကို ကြည့်မယ်ဆိုရင် ကျွန်မတို့က ဒါတွေကို စုစည်းနိုင်ပြီးတော့ နောက်နှစ်ပေါင်း ၃၀ ကြာသွားရင် လည်း ဒါတွေကို အသုံးပြုနိုင်တယ်။ ဥပမာ အစီရင်ခံစာထဲမှာပါတဲ့ ကချင်ပြည်နယ်ဆိုရင် ရခိုင်ပြည်နယ်က သိချင်မှ သိမယ်။ အစီအရင်ခံစာ ထွက်သွားပြီးမှာ ရခိုင်မှာလည်း ဖြစ်တယ်၊ တခြားနယ်မတူတာတွေမှာလည်း ဖြစ်တယ်ဆိုတာကို သိလာနိုင်တာပေါ့နော်။ ကျွန်မအနေနဲ့ အစိုးရနဲ့ နိုင်ငံတကာကို ပြောချင်တာ ဒီလို စီမံကိန်းတွေ လုပ်မယ်ဆိုရင် ပြည်သူလူထုတွေသဘောမတူပဲ လုပ်တာတွေ မဖြစ်သင့်ဘူး။ ဘာတွေပဲလုပ်လုပ် ပြည်သူတွေကို ဆွေးနွေးညှိနှိုင်းဖို့၊ လေ့လာပြီးတော့ ကောင်းကျိုး ဆိုးကျိုး တွေကို ပြည်သူလူထုရှေ့နားလည်အောင်အထိ ချပြပေးဖို့ ပြောချင်တယ်။ ဒါမှ ပြည်သူလူထုက ဘာတွေ၊ ဘယ်လိုလုပ်ရမယ်ဆိုတာ သိမယ်။ ပြီးလို့ရှိရင် နောက်တစ်ချက်က စီမံကိန်းရဲ့ ဆိုးကျိုးတွေကို ပြည်သူလူထု တွေက နားလည် အောင်၊ ဘာတွေလုပ်ရမယ်ဆိုတာကို သိအောင်၊ အခုကျတော့ ပြည်သူလူထုတွေက ကိုယ့် အိမ်ရှေ့ရောက်မှပဲ ကိုယ့်အိမ်က လာတယ်ဆိုတဲ့ ပြဿနာမျိုးတွေ မဖြစ်ရဘူးပေါ့နော်။ ပြည်သူလူထု တွေ ပိုင်တဲ့မြေကို လျစ်လျူရှုတာမလုပ်ပဲနဲ့ သူတို့တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ သဘောတူညီချက် ယူပြီးတော့ လုပ်သင့်တယ်ဆိုတာကို ပြောချင်တယ် " ဟု ပြောသည်။
ဤအစီရင်ခံစာတွင် တနင်္သရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ စီးပွားရေးဇုန်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ အထက်ပေါင်းလောင်းဆည် စီမံကိန်း၊ မွန်ပြည်နယ်၊ ကတိုက်ဆည် စီမံကိန်း၊ ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း၊ ချင်းပြည်နယ် တီးတိန်-ရိဒ်လမ်း၊ ကရင်ပြည်နယ် ဘိလပ်မြေစက်ရုံ စီမံကိန်း၊ ရခိုင်ပြည်နယ် စစ်တွေ ပင်လယ်ဆိပ်ကမ်း(ကုလားတန်မြစ်) စီမံကိန်းနှင့် ရွှေသဘာဝဓါငွေ့ပိုက်လိုင်း စီမံကိန်း စသည့် စီမံကိန်း (၉)ခုတို့ကို အဓိကထားဖော်ပြထားပြီး၊ စီမံကိန်းများကြောင့် ဒေသခံပြည်သူလူထုတို့ ခံစားနေရသည့် အကျိုးဆက်များနှင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို မှတ်တမ်းပြုစု ဖော်ပြသည်။
အပစ်ပယ်ခံ အစီရင်ခံစာကို CORE ( Community Organizing and Rights Education-Burma မှ ထုတ်ဝေပြီး မြန်မာနိုင်ငံရှိ ပြည်နယ်(၇)ခုနှင့် တိုင်းဒေသကြီး (၁) ခုအတွင်းရှိ အဓိက လူမျိုးစု တိုင်းရင်းသား များနှင့် ဌါနေတိုင်းရင်းသား အုပ်စုကြီးများမှ လူငယ်အဖွဲ့အစည်း (၁၄)ဖွဲ့ပါ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။ မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များကွန်ရက် (SYCB)သည် ထိုင်း- မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ၁၉၉၆ ဇန်နဝါရီ ၈ ရက်နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် စတင်ဖွဲ့စည်းခဲ့သည်။ တိုင်းရင်းသား လူငယ်များ အင်အားစု ( NY- Forum) သည် ထိုင်း-မြန်မာနယ်စပ်တွင် ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တိုင်းရင်းသားအုပ်စု အဖွဲ့ဝင် (၁၃) ဖွဲ့ပါဝင်သည်။


ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ