ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 December 2012

မြန်မာ- ဂျပန် နှစ်နိုင်ငံ လမ်း/ တံတား တည်ဆောက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



Photo:  http://www.myawady.net.mm/allnews/localnews/item/1506-2012-12-12-08-52-52

ဒီဇင်ဘာ ၁ဝ ရက် နံနက်ပိုင်းက နေပြည်တော် သင်္ဂဟ ဟိုတယ် Function Hall၌ ဆောက် လုပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ ဆေ
ာက်လုပ်ရေး လုပ်ငန်းနှင့် ဂျပန် နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MUT)တို့ အကြား နှစ်နိုင်ငံ လမ်း/ တံတား တည်ဆောက်မှု ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က အမှာစ ကား ပြောကြားပြီး Overseas Project Division (MUT) မှ Director, Mr. Yuichi Ishikawaက နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အင်ဂျင် နီယာချုပ် (လမ်း) ဦးခင်မောင် ကျော်နှင့် ဂျပန် နိုင်ငံမှ စာတမ်းရှင် များက မြန်မာ-ဂျပန် နှစ်နိုင်ငံ လမ်း/ တံတား တည်ဆောက်မှု ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ် များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ကြပြီး တက်ရောက် လာကြသူ များ၏ ဆွေးနွေး မေးမြန်းချက် များအပေါ် အလှည့်ကျ စာတမ်းရှင် များက ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်သူ့ ဆောက်လုပ်ရေး Japan Expressway Interna- tional Co., Ltd.တို့ အကြား ဆက်သွယ် ဆောင်ရွက် မှုများ ပြုလုပ် တိုးမြှင့်သွား ရန် အတွက် ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ် ရေးထိုးပွဲ အခမ်း အနားကို ညနေ ၆ နာရီတွင် အဆိုပါ ဟိုတယ်၌ ဆက်လက် ကျင်းပသည်။

ထို့နောက် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် JEX WAY President Dr.Koji Kuroda Memorandum of Understanding (MoU) စာချွန် လွှာတွင် နှစ်ဦး နှစ်ဖက် လက်မှတ်များ ရေးထိုးကာ စာချုပ်များကို အပြန် အလှန် လဲလှယ် ခဲ့ကြကြောင်း သတင်း ရရှိသည်။

Photo:  http://www.myawady.net.mm/allnews/localnews/item/1506-2012-12-12-08-52-52


From :မြဝတီ
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ