ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 January 2013

ဘုရင်စနစ် ဝေဖန်သည့်ဆောင်းပါး ပုံနှိပ်သည့် အယ်ဒီတာကို ထောင် ၁၀ နှစ်ချ



ဘုရင်စနစ်ကို ဝေဖန်တဲ့ ဆောင်းပါးကို ပုံနှိပ်ခဲ့တဲ့ မဂ္ဂဇင်း အယ်ဒီတာတဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။
ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်တဲ့ ဆောင်ရော့ပရတ်ဆာကာဆမ်စုကို ဒီဆောင်းပါးတွေနဲ့ ဆက်နွယ်တဲ့အတွက် အခုလို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဘုရင်ကို ထိခိုက်နစ်နာစေတဲ့ ဥပဒေနဲ့ စွဲဆိုခံထားရတာဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်စေတယ်လို့လည်း စည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့က ဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးလေး နက်နက် လျော့ပါးစေတယ်လို့လည်း ဥရောပသမဂ္ဂက ပြောပါတယ်။ ထိုင်းရဲ့ လွတ်လပ်တဲ့ ဒီမိုကရက်တစ် အသိုင်းအ၀န်းကို ပုံရိပ်ကို ထိခိုက်တယ်လို့ ဆိုပါတယ်။ ဆောင်ရော့နဲ့ သူတည်းဖြတ်တဲ့ မဂ္ဂဇင်းဟာ ရှပ်နီဝတ် လှုပ်ရှားသူတွေနဲ့ မဟာမိတ်တွေလို့လည်း ဆိုပါတယ်။
သူဟာ ၂၀၁၁ ဧပြီလကတည်းက အကျဉ်းကျခံခဲ့ရပြီးတော့ ချုပ်နှောင်ရာမှာ မတော်မရော်လုပ်ဆောင်ခံရတယ်လို့ သူ့ကို ထောက်ခံသူတွေက ဆိုပါတယ်။ ပုံနှိပ်ခဲ့တဲ့ ဆောင်းပါး ၂ ပုဒ်ဟာလည်း ၂၀၁၀ က အမည်ဝှက်နဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
 

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ