ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 November 2012

သတင်းစာထဲက အမျိုးအမည်မသိ ဓာတ်လုံးကြီးဆိုသည်မှာ..


၂၄-၁၁-၂၀၁၂ မြန်မာ့အလင်းသတင်းစာတွင် ကောင်းကင်ထက်မှ အမျိုးအမည်မသိ အရာဝတ္တုများ သံဖြူ ဇရပ် မြို့နယ် အတွင်း ကျရောက် ဆိုသည့် သတင်းအား ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းအား မြ၀တီ ၀က်ဆိုဒ် တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ ၆ နာရီ ၃၀ မိနစ် ချိန်ခန့်တွင် သံဖြူ ဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း(၆၂)၊(ဘ) ဦးသောင်းဖေ၏ ရာဘာခြံ အတွင်းသို့ ကောင်းကင်ပေါ်မှ အလျား ၂ ပေ ၆လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ ပေါင်ခန့်ရှိ သည့် သတ္တု(သံကျွတ်) အပိုင်းအစ ၁ ခု သည် မြည်ဟီးသံနှင့် အတူကျလာ ခဲ့ကြောင်းနှင့် အလားတူ နိုဝင်ဘာလ ၂၂၁၃၀၀ ချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကျုံကန်ချောင်းစပ် သို့ ဘောလုံး သဏ္ဍာန်ရှိ သတ္တုလုံး (သံကျွတ်) လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ ဘေးတစ်ဖက် တစ်ချက်တွင် မူလီ ၄ လုံးစီပါ ရှိသည့် သတ္တုလုံးတစ်ခု ကျရောက်ခဲ့ကြောင်း ကို ဝဲကလိ ကျေးရွာနေ ဦးနေဝင်းဇော်နှင့် ဦးရှိန်တို့ ၂ ဦး မှ တွေ့ရှိခဲ့ သည်ဟု သတင်းရရှိပါသည်။
တဖန် သံဖြူဇရပ်မြို့နယ်၊ ဝါးဘိုးတောင်ကျေးရွာ အရှေ့ဖက် ၄ ဖာလုံခန့် အကွာရှိ ဦးစံသိန်း (၄၂)နှစ် (ဘ) ဦးအောင်ပိုင်၏ ရာဘာခြံအတွင်း ပေါက်ပြား သဏ္ဍာန်ရှိ အလျား ၈လက်မ အနံ ၆.၅ လက်မ၊ အလေး ချိန် ၄၀ ဂရမ်ရှိ အပေါက်ငယ် ၄ ပေါက်ပါသတ္တုပြား ၁ ပြားအား ခြံအလုပ်သမား ဦးစံငြိမ်း မှ တွေ့ရှိ ခဲ့ကြောင်း ထပ်မံ သတင်း ရရှိပါသည်
 သံဖြူဇရပ်တွင် ကျခဲ့သည့် ဓာတ်လုံး
Namibian နိုင်ငံတွင် ကျခဲ့သည့် ဓာတ်လုံး
အဆိုပါ ဓာတ်လုံးကြီး မျိုးအား အာဖရိကတိုက် Namibian နိုင်ငံတွင် လွန်ခဲ့ သည့်နှစ် နိုဝင်ဘာ လ အလယ်ပိုင်း အတွင်း ကလည်း ပြုတ် ကျခဲ့ဖူးကြောင်း သိရသည်။ ထိုသို့ ပြုတ် ကျခဲ့စဉ်က  အဆိုပါ ဓာတ် လုံးကြီး မှာ နာဆာဂြိုဟ်တု တစ်လုံး၏ အစိတ်အပိုင်း ဖြစ်ကြောင်း ဒီစာမျက်နှာ တွင် ဖော်ပြခဲ့ပါသည်။



oppositeye

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ