ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 November 2012

မွတ်ဆလင်တို့အပေါ် အကြမ်းဖက် သတ်ဖြတ်မှု ချက်ချင်းရပ်တန့်ရန် အီဂျစ် သတိပေး




မြန်မာနိုင်ငံအတွင်း ထံမံ ဖြစ်ပွားခဲ့သော မွတ်ဆလင်များအပေါ် အကြမ်းဖက် သတ်ဖြတ်မောင်းထုတ်မှုများ အပေါ် အကြီးအကျယ်ခံရ ကြောင်းနှင့် ထိုအကြမ်းဖက်မှုတို့အား ချက်ချင်း ရပ်တန့်ပေးရန် မြန်မာအာဏာပိုင်တို့အား အီဂျစ်မှ ပြတ်ပြတ်သားသား ဖေါ်ပြလိုက်သည်။

အီဂျစ် နိုင်ငံခြားရေး- ပြောရေးဆိုခွင့်ရှိသူ အမ်ရို ရာ့ခ်ျဒီက “ရိုဟင်ဂျာမွတ်ဆလင်များအား အကြမ်းဖက်

သတ်ဖြတ်နေခြင်းတို့အအတွက် အကြီးအကျယ် စိတ်ထိခိုက်ရကြောင်း ထိုအရေးကိစ္စတို့အား ချက်ချင်း ရပ်တန့်စေရန် မြန်မာအာဏာပိုင်များက ဆောင်ရွက်ရမည် ဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ကိုင်ရိုရှိ မြန်မာသံရုံးမှ တစ်ဆင့် ချက်ချင်း သတင်းပို့လိုက်ပြီ၊” ဟု ပြောဆိုသွား သည်။ “ မွတ်ဆလင်တို့အား ကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံခြင်းများ အတွက် နည်းမျိုးစုံဖြင့် ပါဝင်ပတ်သက်သော တရားခံများအား တရားရုံးသို့ တင်ပို့ရမည်ဟု တောင်းဆိုထားကြောင်းလည်း အဆိုပါ- ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားသွားပါသည်။

မြန်မာနိုင်ငံရှိ မွတ်ဆလင်များ၊ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ တန်းတူညီမျှ အခွင့်အရေး မပေးခြင်းတို့အား အီဂျစ်ပြည်သူများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံအားလုံး သိစေရန် ဆော်သြလှုပ်ရှားနေသူ ဆန္ဒပြတာဝန်ခံ မစ္စတာ အာလီမှ- “မြန်မာ ပြည်တွင် မွတ်ဆလင်များနှင့် အခြားလူများ အားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိစေရန်၊ တရားသော ဥပဒေ၏ အကာအကွယ်ကို လူတိုင်းရရှိစေရန်၊ ကျွန်ုပ်တို့ အနေဖြင့် အပါတ်စဉ် လူထုဆန္ဒပြ ထုတ်ဖေါ်သွားမည်၊” ဟု ပြောဆိုသွားသည်။ မြန်မာပြည်ရှိ မွတ်ဆလင် ညီအစ်ကို မောင်နှမများနှင့် ကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်သည်- ထို့ကြောင့် မွတ်ဆလင်တို့အား မတရား အနိုင်ကျင့်မှု သည် ကျွန်ုပ်တို့အား အနိုင်ကျင့်ခြင်းပင် ဖြစ်သည်ဟု ခံစားနေရကြောင်းလည်း ဆက်လက်ပြောဆိုသွားပါသည်။











From :Protester in Egypt
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ