ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 November 2012

မန္တလေးက တိုင်းရင်းသားကျောင်းသားတွေ ဆန္ဒပြတဲ့အကြောင်းနောက်ကွယ်မှာ ဘာတွေရှိနေသလဲ နဲ့ ဘယ်သူတွေ ရှိနေသလဲ



ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ် (UDNR) မှ ကျောင်းသားတွေ ဆန္ဒပြတဲ့ ကိစ္စ ကျယ်ပြန့်လာမယ်လို့ ယူဆမိပါတယ် ။တကယ်တော့ စစ်ကိုင်းဒေသကြီးက ရွှာသစ်ကြီးမှာ ဖွံဖြိုးရေးကောလိပ် ဆိုတာ ဦးနေဝင်းခေတ်ကတည်းနေ ဒီနေ့အထိ တည်ရှိခဲ့ပေမယ့် ဘာပြဿနာမှ ဖြစ်မလာပဲနဲ့ အခုမှ မန္တလေးမန္တလေး ပြည်ထောင်စုတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်က ကျောင်းသားတွေ ပြောင်းလာမှပဲ ဒီပြဿနာ စတတ်တာပဲ ။


ဆန္ဒပြရခြင်းအကြောင်းရင်းကလည်းပညာသင်ကြားရသည်မှာ အဆင်မပြေမှူဆိုတဲ့ခေါင်းစဉ်နဲ့ တတ်လာခဲ့တယ် ။ ဟုတ်ပြီ ဘာလို့ ပညာသင်ရတာ အဆင်မပြေတာလဲ ။ ကျောင်းသားကျောင်းသူတွေ ဘာဖြစ်နေလို့လဲ ။ထပ်စဉ်းစားကြည့်မိတယ် ။ စစ်ကိုင်းမှာ ကျောင်းသားတွေ အဆင်မပြေတာ ဘာမှမရှိလောက်ဘူးထင်ပါရဲ့ ။

ကျွန်တော်လည်း ရွှာသစ်ကြီးမှာ ၂၀၀၁ ကနေ ၂၀၁၁ အထိ ၁၀နှစ်တာ ကျင်လည်ဖူးတဲ့နေရာပါ ။ အဲဒီမှာ ကျောင်းသား ကျောင်းသူတွေအတွက် အဆင်မပြေတာ ဘာမှမရှိဘူး ။ တကယ်တော့ ကျောင်းသား ကျောင်းသူတွေကလည်း တိုင်းရင်းသားမှာမှ တကယ့် နယ်စပ်တွေကနေ လာတတ်တဲ့ကျောင်းသားတွေပါ ။ သူတို့လာခဲ့တဲ့ ဇာတိနယ်မြေတွေဟာ တစ်ခါတစ်လေ ကိုယ်တို့တတွေ မကြားဖူးတဲ့ နေရာတွေ များပါတယ် ။ ကျောင်းတတစ်ချို့ဆိုရင် ရွာသစ်ကြီးကို ရောက်ဖို့တောင် ၃ လ လောက် ခရီးပေါက်ပါတယ်။ တစ်ချို့ကျောင်းသားတွေဆိုရင် ဒီကောလိပ်ကြီးရောက်မှ လျှပ်စစ်မီးဆိုတာ ကို မြင်ဖူး ထိတွေ့ဖူးတာတွေ ရှိတယ် ။ ဒီကောလိပ်ကြီးထဲမှာ ရေ/မီး ၂၄ နာရီ အပြည့်ရတယ် ။ အစားအသောက်အတွက်ကလည်း ပြောစရာကို မလိုအောင် သင့်တင့်ကောင်းမွန်ပါတယ် ။ နေရတဲ့ အဆောင်တွေလည်း ကြည့်ပါဦး ။ အဆင့်မှီပြီး ထည်ဝါတဲ့ ၃ ထပ် ၄ ထပ် အဆောင်တွေပါပဲ ။ တစ်ခြားကျောင်းတွေလို မြေပြောင်ပြောင် ထီးတည်းကြီးလည်း မဟုတ်ပါဘူး ။တောအုပ် သစ်ပင်တွေနဲ့ တကယ်နေချင်စဖွယ်နေရာလေးပါ ။ ကိုယ်တို့တတွေ တောင် ကျောင်းဝင်းထဲက ဘောလုံးကွင်းထဲ ခဏ ခဏ သွားကန်နေကြပဲလေ ။တစ်ချို့ တိုင်းရင်းသားတွေ အဖြစ်များ ဒီကောလိပ်ရောက်မှ လက်ရှိ အသုံးအဆောင်နဲ့ အတွေ့အကြုံတွေ ရလာတာပါ ။စလာခါကဆို ကျောင်းဆရာ/ဆရာမ လေးဖြစ်ဖို့ ဆိုတဲ့ စိတ်ကလေးပဲရှိတာပါ ။တစ်ချို့များဆို ကြက်ပေါင်ဖိနပ်ကလေးစီး ဂုန်နီအိတ်ထဲ ပစ္စည်းပစ္စယာတွေ အကုန်စုပြုံထည့်လို့ ပုခုံးမှာထမ်းပြီး ကျောင်းလာတတ်တဲ့ ဗမာစကားတောင် တစ်လုံးစ နှစ်လုံးစ တတ်တဲ့ ကျောင်းသားတွေလည်းတွေ့ဖူးပါတယ် ။ဒါတွေကို ဘာကြောင့်ပြောနေရပါသလဲ ။ ဒီကျောင်းသားတွေဟာ ရိုးရှင်းပါတယ် ဆိုတာကို ပြောချင်တာပါ ။
ဒေသဇာတိက စထွက်လာတုန်းကလည်း ဒီပုံစံနဲ့ပါပဲ.ဘာလို့အခုမှသက်သာရရှာချင်တာလဲ ညီလေး

 ထားပါတော့ ။ တကယ်အဆင်မပြေဖြစ်နေတာ ဆရာ/ဆရာမတွေလို့ မြင်တယ် ။အခုကိစ္စမှာလည်း ဆရာ/မ (၆၀) ကျော်က လက်မှတ်ထိုး ပေးခဲ့တယ်မလား ။စစ်ကိုင်းမှာလာတတ်နေတဲ့ ဆရာမ/မတွေ အတွက်ကတော့ သိပ်မနှိပ်လှပါဘူး ။ ဆရာ/မ တွေအဆောင်ရှေ့မှာ သဇင်ဆောင်၊ အင်ကြင်းဆောင်ဆိုတဲ့ နှစ်ထပ် အဆောင်တွေရှိတယ်၊ ကျန်တဲ့ မေခ၊ မလိခ ဆိုပြီး မြစ်နာမည်တွေနဲ့ အဆောင်တွေလည်း အများကြီးရှိတယ် ။နောက်မှာတော့ လယ်ကွင်းကြီးရှိတယ် ။ ဒီတော့ ဆရာ/မ တွေ အတွက် နေရေးထိုင်ရေးမှာ စိတ်ညစ်စရာ အခက်အခဲ ရှိနိုင်ပါတယ် ။နောက်ပြီး သူတို့အိမ်ယာတွေက ၄ ခန်းတွဲ ၂ထပ်တွေဆိုတော့ အနေကျဉ်းပြီး ပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေတဲ့ အနေအထားမရှိနိုင်ဘူး ။ အဲဒါ အပြင် ကျောင်းသားတွေ ကိုလည်း ၂၄ နာရီ watch လုပ်နေရတယ် ။ စာသင်ချိန်ပြီးရင် ကျောင်းသူတွေ အပြင်ထွက်ရင်လည်း သူတို့လိုက်ရတယ် ။ကျောင်းသားတွေအတွက်ကတော့ စာသင်ချိန်ပြီးတာနဲ့ လွပ်လပ်စွာနေထိုင်ခွင့်ရှိပေမယ့် ကျောင်းသူတွေအတွက်ကတော့ ဆရာမ တွေရဲ့ အုပ်ထိန်းမှူအောက်မှာ ၂၄ နာရီရှိနေပါတယ် ။ ညနေ ဘက် ကျောင်းသူတွေနဲ့ အတူတူနေရပြန်တယ် ။ညရောက်တော့လည်း study time ကို ထပ်ဝင်ပြီး guide လုပ်ပြန်ရပါတော့တယ် ။ စနေ တနင်္ဂနွေကျပြန်တော့လည်း outpass ကို လိုက်ကြီးကြပ်ရသေးတယ် ။ဒီတော့ ဆရာ/မတွေအတွက်က အဆင်မပြေတော့ဘူး ။

အထူးသဖြင့် မန္တလေးမြို့ပေါ် စစ်ကိုင်းမြို့ပေါ်က ဆရာ/မ တွေအတွက်က လုံးဝ ကိုသည်းခံလို့မရတဲ့ အနေအထားပါ ။စီးပွါးရေး နဲ့ မိသားစု ရှိတဲံ လူဆိုပိုဆိုးပြန်ပါလေရော ။ ကျောင်းသား/သူတွေကတော့ မန္တလေးရယ် စစ်ကိုင်းရယ် သိပ်မထူးဘူးထင်ပါတယ် ။တကယ်ဆို မန္တလေးထက်စာရင် စစ်ကိုင်းက ပိုပြီး နေရထိုင်ရတာနဲ့ စာသင်ရတာ ပိုအဆင်ပြေပါတယ် ။ ဒီမှာ ပုံတွေကို ကြည့်ပါ ။

 ကျောင်းသူ အဆောင်တွေ(အင်ကြင်းဆောင်နဲ့သဇင်ဆောင်)ဟာ အထပ်မြင့် အဆောင်တွေဖြစ်ပါတယ် ။ရေမီး24 နာရီ အဆင်ပြေပါတယ် ။
                                  

နောက်တစ်ပုံကိုဆက်ကြည့်ပါ ။မေခ-မလိခ အမျိုးသမိးဆောင်တွေဖြစ်ပါတယ် ။သစ်ပင်တွေ နဲ့နေချင်စရာအဆောင်လေးတွေပါ ။စာသင်ဆောင်တွေနဲ့ နီးနီးလေးပါ ။

ဒါကတော့ ဘွဲ့နှင့်သဘင်ခန်းမကြီး ဖြစ်ပါတယ် ။

 ဒါကတော့ ပင်မ စာသင်ဆောင်ကြီးပါ ။

ဒါကတော့ ကျောင်းသားဆောင်တွေပါ ။

ကျောင်းသားဆောင်တွေ အနားမှာ  တန်းစီကွင်းရှိပြီး ဟိုဘက်ကိုကျော်တာနဲ့ဘောလုံးကွင်းရှိပါတယ် ။ တန်းစီကွင်းကို အခုတော့ ဘာလုပ်ထားတယ်မသိပါဘူး ။ဂြိုလ်တုပုံတွေနဲ့ကြည့်ရတော့ အတုံးလေးတွေခင်းထားတာ မြင်ရလို့ပါ။ ဧရာဝတီမြစ်ကြီးဆီကိုတော့ ကျောင်းသားတွေခဏခဏချိန်းပြိး ရေသွားကူးလွန်းကြပါတယ် ။တစ်ခါတစ်လေ ကျွန်တော်တို့နဲ့အတူတူပေါ့ဗျာ ။ နောက်ပြီးကျောင်းဝင်းထဲက ထွက်တာနဲ့ ရွှာသစ်ကြိးရောက်ပါတယ် ။ ဒါကတော့ ကျောင်းသား/သူတွေ ကျင်လည်ရာ ရွှာသစ်ကြီးဈေးပါ ။

တကယ်တော့ ကျောင်းသား/ကျောင်းသူတွေ အနေနဲ့ သိပ်ပြီး ပြဿနာ မရှိလှပါဘူး ။အဆောင်နဲ့စာသင်ခန်းနဲ့ မနီးမဝေးမှာပဲရှိပြီး စာသင်ဆောင်တွေ နေထိုင်ရာ အိပ်ဆောင်တွေက တော်တော် အဆင့်မြင့်ပါတယ် ။ဘယ်တက္ကသိုလ် ဘယ်ကောလိပ်မှာမှ မရှိတဲ့ အဆောင်တွေ နေထိုင်ရာပတ်ဝန်းကျင်ပါ ။ ဒီတော့ကာ ဒီနေရာမှာ အဆင်မပြေဖြစ်နေတာ ဆရာ၊ ဆရာမတွေပါ ။ ဆရာတွေရဲ့ သွားရေး လာရေး ကိစ္စ နေရာထိုင်ခင်းနဲ့ ကိုယ်ပိုင်စီးပွါးရေးတွေအတွက်ကတော့ ပြဿနာပါ ။

နောက်ပြီး ကျောင်းသားတွေအတွက်က မန္တလေးမှာ ပညာသင်ရတာနဲ့ စစ်ကိုင်းမှ ပညာသင်ရတာ စစ်ကိုင်းမှသင်ရတာ ပိုလွပ်လပ်ပါတယ် ။မန္တလေးမှာ သင်ရတာတစ်ခုတော့ကောင်းပါတယ် ။မြို့ထဲထွက်လည်လို့ရတာပေါ့ ။ဲ ။ယောကျာင်္းလေး မိန်းခလေး ပိုပြီးနီးနီးကပ်ကပ်နေနိုင်ပါတယ် ။အဲတစ်ခုပါပ ။(စော်ကားတာတော့ မဟုတ်ပါဘူး ။အသိုက်ထဲကနေ ထွက်လာခဲံပြီးမှ အခုမှ ဘယ်နေရာမှာ သင်ချင်တယ် ဆိုပြီးလုပ်နေတာတော့ အောက်ခြေလွတ်နေရာ မကျဘူးလားလို့ မြင်ပါတယ် ။ အဲဒီစိတ်ဓါတ်တွေနဲ့ကျောင်းဆင်းတဲံအခါ မိမိရပ်ရွှာကိုတောင် ပြန်နေချင်စိတ်တွေ ရှိပါတော့မလား ။တကယ်ရော အကျိုးပြုပါတော့မလား ။)

ကျောင်းသားတွေ ဆန္ဒပြတာကို ဆရာ/မတွေက လက်မှတ်ထိုးပြီးထောက်ခံတာ အဲဆရာ/မတွေကိုယ်တိုင် မပြောင်းချင်လို့ဆိုတာ သိသာပါတယ် ။စစ်ကိုင်းမှာနေရတဲ့ ဆရာတွေဆီကနေ အခက်အခဲတွေကြားရမယ် ။ပြီးတော့ လက်ရှိမန္တလေးမြို့ကြီးမှနေရတဲ့ အခြေအနေ လုပ်ငန်းတွေကို မစွန့်လွတ်ချင်တာလည်း ပါနိုင်ပါတယ် ။စဉ်းစားမိတာလေးပါ ။ဒီကျောင်းသားတွေအတွက်ကတော့ မိမိတို့နေရပ် အညတရ နေရာကတောင်ထွက်လာခဲ့ပြီး ရသမျှ ပညာယူမယ် ။ဒေသကို အကျိုးပြုမယ်ဆိုတဲ့ လူငယ်တွေပါ ။ အခုတော့ သက်သာရရှာကုန်ကြပြီ ။

အဲဒီလို ဆန္ဒပြကြေးဆိုရင် မြန်မာတနိုင်ငံလုံး က မြို့ပြင်တွေရောက်နေတဲ့ ကောလိပ်တွေ တက္ကသိုလ်တွေက အရင် ပြတော့မှာပေါ့။တစ်ချို့ကျောင်းတွေများဆို ကျောင်းနဲ့အဆောင်နဲ့ ၁နာရီကျော်တောင် ကျောင်းကားစီးရတဲ့ကျောင်းသားတွေအတွက်ငဲ့ညာပါအုံးလား။ဒီတော့ ဒီလို အရိုးခံကျောင်းသားတွေကို နေရာမပြောင်းချင်ဘူးဆိုအောင် ကန့်လန့်တိုက်မိုင်းသွင်းပေးတာ ဘယ်သူတွေဖြစ်မလဲ ။
လက်ရှိလည်း ၈၈ ကျောင်းသားတွေက တောက်လျှောက် အနားမှာကပ်နေတယ် ။
 ကျောင်းစ တတ်ကတည်း ကနေ ကျောင်းပွဲတွေနဲ့လူကြီးလမ်းကြောင်းကလွဲလို့ တိုင်းရင်းသားဝတ်စုံကို ကျန်အချိန်မဝတ်တဲ့ကျောင်းသားတွေက ဘာရယ်ကြောင့်အခုမှ နေပူကျဲတဲနဲ့ညလုံးပေါက်လမ်းလျှောက်ပွဲတွေမှာတိုင်းရင်းသားဝတ်စုံတွေဖြစ်ကုန်တာလဲ ။



ကျွန်တော်အမြင်ကတော့ ကျောင်းသားတွေမှာ ရိုးရှင်းပြီး မိမိတို့လို ဘာမှမဖွံဖြိုးတဲ့ဒေသကနေ မြို့ပေါ်ဆွဲခေါ်ပြီး ကျန်တဲ့ကောလိပ်တွေ တက္ကသိုလ်တွေမှာ မရှိတဲ့ ထောက်ပံမှူတွေ နဲ့နေရတဲ့သူတွေပါ ။ ဘာလို့များ အခုမှ ဟိုပြောင်းဒီပြောင်း မလုပ်ချင်ဘူးဆိုပြီး ဖြစ်နေရတာလဲ ။စာသင်ရတာ အဆင်မပြေဘူးဆိုတော့ ဘာတွေမပြေတာလဲ ။

တကယ်မပြေတာက ဆရာ/မ တွေ ဝန်ထမ်းတွေပါ ။ဒီကြားထဲဆရာ/မတွေကပါ လက်မှတ်ထိုးပေးလိုက်တယ်ဆိုတော့ သိပ်သဘောမတွေ့လှဘူးရယ် ။အထုးသဖြင့် စစ်တွေမှာ ကျောင်းသားတွေ ဆန္ဒပြတုန်းကတောင် မပါဝင်ဘူးတဲ့ ၈၈ မျိုးဆက်တွေက ဘေးကနေတောက်လျှောက်ပါလာတာကိုလည်း ဘဝင်မကျဘူး ။အခုလည်း ဒီကောင်တွေက အင်တာနက်မှအော်နေပြန်ပြီ ၈၈ တုန်းကလည်း ကျောင်းသားတွေ အခုလည်းကျောင်းသားတွေ ကျောင်းသားတွေကို ဝန်းရံကြပါတဲ့ ။ကျောင်းသားတွေကို ဝန်းရံကြပါဆိုတာ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က ရန်ကုန်မြို့ကြီးသွေးစွန်းဖူးတယ် ။၈၈ တွေ တကျော့ပြန်ဖြစ်စေချင်တာလား ။တိုင်းရင်းသားကျောင်းသားတွေဆိုတော့ တိုင်းရင်းသားတွေနဲ့ပါ ရန်တိုက်ပေးချင်တာလား ။ ဘာပဲဖြစ်ဖြစ် ပေါ့ ။ စာရေးမကောင်းတဲ့လူဆိုတော့ သိပ်မပြောတတ် မရေးတတ်ပါဘူး ။

တိုင်းရင်းသားဖွံဖြို့းရေးကောလိပ်/တက္ကသိုလ် လာတတ်တဲ့ ကျောင်းသား/သူတွေဟာ အရှင်းဆုံးနဲ့အရိုင်းဆံးပြောရရင် မြို့ပေါ်က တက္ကသိုလ်ကျောင်းသားတွေထက် ရိုးသားပါတယ် ။ဒီကျောင်းသားတွေကို လမ်းပေါ်ထွက်အောင်လုပ်တာတော့ ကျောင်းသားတွေကိုယ်တိုင် မဟုတ်ဘူးရယ်လို့ ကျွန်တော်ယုံပါတယ် ။ဘာကြောင့်များ တက္ကသိုလ်ကနေ ကောလိပ်ကို ပြောင်းချင်မှန်းတော့ ကျွန်တော်ကိုယ်တိုင်စဉ်းစားမရပါဘူး ။ကျွန်တော်တွေးမိတာကတော့ ရွှာသစ်ကြီးထဲမှာ ဝန်ထမ်းတွေကလည်း ရွှာသစ်ကြိးထဲကများပါတယ် ။ဆရာ/မ တွေလောက်ပဲ တခြားကလာရတာနဲ့ မိသားစု လုပ်ငန်း ပြာဿနာလေးတွေ ရှိနေတာပါ ။ကျောင်းသားလေးတွေကို ဘယ်သူသွေးထိုးမြှောက်ပေးနေသလဲ ။ ဘာကြောင့် ဒီကျောင်းကိုမှ ရွှေးပြီး မြှောက်ပေးနေကြတာလည်း ။
နောက်တစ်ခုက လက်ပံတောင်းတောင်က သပိတ်မှောက်နေတဲ့ အဖွဲ့တွေပါ ရောက်လာပါတော့မယ် ။ဒီပွဲနှစ်ခုလုံးနောက်မှာ ၈၈ ဆိုတဲ့ ဥိးလေးကြီးတွေလည်း ရှိနေပြန်တယ်။ဒါဟာတော်ရုံတိုက်ဆိုင်မှူ မဟုတ်ပါဘူး ။သေချာ ကြံစည်ထားတဲ့ အရာပါ ။ဒီပွဲနှစ်ခုရောလိုက်ရင် တော်တော် အခြေအနေဆိုးသွားနိုင်ပါတယ် ။ကျောင်းသားများနဲ့ ပြည်သူများ စဉ်းစားကြပါ ။

 တိုင်းရင်းသား ကျောင်းသားများ တစ်ခုမှတ်ထားပါ… ပညာရှာချင်တာလား၊ သက်သာတဲ့နေရာလိုချင်တာလား.. ပညာရှာ ပမာ သူဖုန်းစား ဆိုတဲ့ မြန်မာ စကားပုံ တစ်ခု ရှိတယ်ဆိုတာ တိုင်းရင်းသား ကျောင်းသားများ အရင်ဆုံး သင်ကြားပါအုံး။ပြီးတော့ ဒေသအတွက် တကယ်အကျိုးပြုချင်တဲ့ ပညာတွေသင်မယ်ဆိုရင် မြန်မာ တက္ကသိုလ်အခြေပြုဇာတ်ကားတွေကြည့်တာ လျှော့ပါ ။အပြင်နဲ့တခြားစီပါ ။
 
 
 
 
 From : (မောင်ကျောက်ခဲ အဖွဲ့) http://www.mgkyautkhae.com/2012/11/blog-post_5068.html

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ