ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 November 2012

တိုင်းပြည်၏အင်အားသည် တိုင်းပြည်၏ ၀န်ထမ်းသာ ဖြစ်သည်..


အစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်း လဲမှု ကနေ စီးပွားေ ရး ပြုပြင် ပြောင်း လဲမှု များ အဆင့် သို့ ပြုလုပ် လျှက် ရှိသည်ကို မြန်မာပြည် သူပြည်သား တို့သာမက ကမ္ဘာ က ပင် အသိ အ မှတ် ပြုကြ ရသည်။ ထိုပြုပြင်ပြောင်း လဲ မှုများနှင့် အတူ တောင်သူ လယ်သမား၊ အလုပ်သမား တို့၏ အကျိုး စီး ပွား ကို ခေါင်းစဉ် တပ်ကာ ခေါင်းဆောင်များ၊ အဖွဲ့ အစည်းများက အပြင်းအထန် ပြောင်းလဲ ကြိုး စားကြလေ ၏။ ထိုခေါင်းဆောင် များသည် မြန်မာနိုင်ငံ၏ တပ်မတော် သားများနှင့် ၀န်ထမ်းများ အတွက် ပြုပြင်ပြောင်း လဲရေးဆိုသည်ကို တစ်စွန်း တစ်စမှ ပင် အသံမ ထွက်လေကြ။
 ဆရာဆရာမ များ ကျူရှင်ပြသည်ကို လွှတ်တော်တွင် ဆွေးနွေး၏။ ရန်ကုန် တက္ကသိုလ်ကြီး အဆင့်မြှင့်ရန် ခေါင်းဆောင်၏။ ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံ ပြန်စိုက်ချင်ကြ၏။ ဆရာဆရာမများ စားဝတ်နေရေး အဆင်ပြေပါစ ဟု ဘယ်သူမှ မတွေးကြ။

တပ်မတော်နှင့် ပတ်သက်လာလျှင် ကာကွယ်ရေးအသုံးစရိတ်ကို လျော့ချရေး၊ စစ်ပွဲများ ရပ်တန့်ရေး ကိုသာ ဦး တည်ပြောကြပြီးလျှင် ၀န်ထမ်းများနှင့် ပတ်သက်လာလျှင်လည်း အကျင့်ပျက်ခြစားမှုများ ကိုသာ ဇောင်းပေးရေးသားကြလေသည်။ ထို တပ်မတော်သားနှင့် ၀န်ထမ်းများ ဘယ်လို စားသောက် နေထိုင်ကြသည်ကို လစာ သိန်းပေါင်း များစွာ ရရှိနေကြသော၊ လစာ မလို ၀င်ငွေများစွာ ပိုင် ဆိုင် နေကြသော လခစား မဟုတ်ကြ သည့် ခေါင်းဆောင်များ၊ အဖွဲ့အစည်းများ သတိမူမိ ကြလေစ။
အနိမ့်ဆုံး တပ်မတော်သားတစ်ဦး၏ လစာသည် မိသားစု တစ်စု စားသောက်ဖို့ လုံလောက်သည်၊ မလုံလောက် သည်ကို သာမန်တွေးကြည့်ယုံဖြင့်ပင် သိနိုင်ပေသည်။ တပ်ရင်း တပ်ဖွဲ့များဟူသည် တစ်သီး တစ်ခြားဖြင့် နေထိုင်ကြ၏။ ရှေ့တန်းထွက် စစ်သားတစ်ဦးသည် နိုင်ငံတော်မှပေးသော ရိက္ခာဖြင့်ပင် ၄ လ၊ ၆ လ စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင်ကြ၏။ ထိုစစ်သား၏ အပိုဝင်ငွေမရှိသော လစာဖြင့် ကျန်ရစ်သော မိသားစု က လောက်ငှအောင် သုံးစွဲရ၏။ ထိုစစ်သား၏ အသက်၊ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ လျှင် ထိုစစ်သား သည် သာမက ထိုစစ်သား မိသားစုများပင် ဘ၀ပျက်ကြ မတတ် ဖြစ်ရသည်။ အကြောင်း မှာ ထို စစ်သား ရသော လစာကြောင့်ပင် ဖြစ်သည်။ 
ဝန်ထမ်းငယ် တစ်ဦး၏ လစာသည်လည်း ထို ၀န်ထမ်းမိသားစု လောက်ငှနိုင်သည်ဟု ဘယ်ခေါင်း ဆောင် မှ လက်ခံ လိမ့်မည် မဟုတ်။ လစဉ် နောင်ရေး အတွက် စုဆောင်း မိဖို့ ဝေးစွ။ ကလေး ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး တို့အတွက် လောက်ငှအောင် နည်းလမ်းမျိုးစုံဖြင့် ခြိုးခြံချွေတာ သုံးစွဲ ရသည်သာ ဖြစ်သည်။ ထိုဝန်ထမ်း များ၏ ရပ်တည်မှုအတွက် ဘယ်ခေါင်းဆောင်၊ ဘယ်အဖွဲ့ အစည်း မှ ပြုပြင်ပြောင်း လဲမည့် အစီအစဉ် မရှိသည်မှာလည်း ၀မ်းနည်းစရာပင်။
 
 တောင်တန်းပြာ စစ်စခန်းကို ကျောပိုးအိတ်လွယ်ပြီး လမ်းလျှောက်ရ၏။ ပထမကမ္ဘာစစ်အတွင်းက သူများ နိုင်ငံများ ရိက္ခာကို လေယာဉ်ဖြင့် ပို့ကြ၏။ ချောကလက်နှင့် ၀ီစကီ၊ မာဘိုရို သောက်ပြီး နိုင်ငံ အကျိုး ဆောင်ကြ၏။ တိုင်းပြည်ဘဏ္ဍာကို ထိန်းသိမ်း၍ လိုအပ်တာသာ သုံးပြီး စစ်သားများ အပင်ပန်းခံနေရသည်ကို စစ်ဆင်ရေးတာဝန် မထမ်းဆောင်ဖူးသော ထောင်ထဲနေပြီး ပိုက်ဆံ ရသူများ စဉ်းစားမိပါစ။

နိုင်ငံတော်၏ ဒို့တာဝန်အရေး(၃)ပါးကို အသက်ပေး၍ ကာကွယ်ရသော တပ်မတော်သားများသည် သတ် မှတ်သော စည်းကမ်းဘောင်အတွင်း သစ္စာရှိစွာ အမှုထမ်းနေကြသည်။ တိုင်းပြည်ကို လည်ပတ် ပေး နေေ သာ ၀န်ထမ်းများသည် ဝေဒနာများကို မြိုသိပ်ကာ တာဝန်ကျေပွန်အောင် ထမ်းဆောင် နေကြ သည်။
ရာထူးတစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ရလာသော လစာကို မျှော်လင့်ကာ အလုပ်လုပ်ကြရသော နိုင်ငံ့ ၀န်ထမ်း များ၏ ဘ၀ကို တိုးမြှင့် ဆောင်ရွက်ပေးရန် သတိရစေချင်သည်။  လစာ၏ ၇၅ ရာခိုင်နှုန်း ကို စားစရိတ် အဖြစ် အသုံးပြုနေကြရသော တပ်မတော်သားနှင့် ၀န်ထမ်းများ ဘ၀ ကို မည်သူ ဦးဆောင် ၍ မြှင့်တင်မည်နည်း။ မည်သူ့တွင် တာဝန်ရှိသနည်း။
စစ်သား မလုပ်ဖူး၍ စစ်သားများ၏ ခံစား ချက်ကို နားမ လည်သော နိုင်ငံရေး ခေါင်းဆောင် များကို တပ်မတော် သား တို့က အထင်ကြီးလေး စားမည် မဟုတ်။ ၀န်ထမ်း မလုပ်ဖူး၍ ၀န်ထမ်းများ၏ အခက်အခဲ များကို စဉ်း စား မပေးသော နိုင်ငံရေးေ ခါင်းဆောင် များကိုလည်း ၀န်ထမ်း များက လေးစား အားပေးမည် မဟုတ် သည်ကို သတိမူ သင့်ပေသည်။
ယခင် နိုင်ငံ့ ခေါင်းဆောင်များ လက်ထက်တွင် တပ်မတော်နေ့ ရောက်တော့မည် ဆိုတိုင်း တပ်မတော် သား နှင့် ၀န် ထမ်း များ အတွက် မျှော်လင့် ချက် တစ်ခုခုတော့ ဖြစ်တတ်ကြသည်။ တပ်မတော် သားနှင့် ၀န် ထမ်း များ ၏ မျှော်လင့်ချက်ကို ဖြည့်စွမ်းနိုင် သူများသည် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် ထိန်း သိမ်းနိုင်ကြ သည်မှာ နှစ်ပေါင်း ၂၀ ကျော် သက်သေပြခဲ့ပြီး ဖြစ်သည်။ 
ထိုက်သင့်သော ပြည့်စုံမှုများဖြင့် နိုင်ငံတော်၏ လုံခြုံရေးကို ကာကွယ်ပေးရန် အတွက် နိုင်ငံ့ သားေ ကာင်း ပြည် သူ များ တပ်မတော် အတွင်း တာဝန် ထမ်းဆောင်ခြင်း သည် နိုင်ငံတော်၏ လုံခြုံရေး ကို တိုး တက်ေ ကာင်းမွန်စေ ယုံမက အလုပ် အကိုင် ဖန်တီးပေးခြင်း တစ်ခုလည်း ဖြစ် လာနိုင်ပေ သည်။ နိုင်ငံ့ ၀န်ထမ်း များ အပေါ် အခွင့် အရေးများ တိုးမြှင့်ပေးခြင်းဖြင့် ၀န်ထမ်း များ၏ ဘ၀ တည်ငြိမ်အေးချမ်း စေယုံ မက ၀န်ထမ်း တန်ဖိုး မြင့်တက်ပြီး အဂတိ တရားများ ကင်းစင်လာနိုင်ပေသည်။
ထို့ကြောင့်…………





from... oppositeye

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ