ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 November 2012

Burma လို့ ဆက်ခေါ်မည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗုဒ္ဓကို မုတ္တ လို့ ပြောင်းခေါ်မည့်၈၈ ကျောင်းသားခေါင်းဆောင် တို့ သိစေရန်

From :Myatphone Linn


မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ်သုံးစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်
ပြောဆိုလိုက်သည်။

တိုင်းတပါး အစိုးရများက မြန်မာနိုင်ငံအား Myanmar ဟု အင်္ဂလိပ်လို ခေါ်ဝေါ်နေကြသည်ကို စိတ်ပျက်မိကြောင်း လည်း နယူးဇီလန် ဝန်ကြီးချုပ်နှင့် ကြာသပတေးနေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။
dslsr“ကျမကတော့ နိုင်ငံအမည်ကို ပြည်သူတွေက ဘယ်လို သတ်မှတ်ခေါ်ဝေါ်ချင်တယ်ဆိုတာ မဆုံးဖြတ်မချင်း (အင်္ဂလိပ်လို) Burma လို့ပဲ အမြဲဆက်ခေါ်နေမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအား ကိုးကား၍ ANI နှင့် နိုင်ငံခြား သတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Burma ဟု လွတ်လပ်ရေးခေတ် တလျှောက်လုံး သတ်မှတ် ခေါ်ဝေါ် လာခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နဝတ စစ်အစိုးရ လက်ထက်တွင် Myanmar ဟု ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ပြည်သူ့ လွှတ်တော်ဟူ၍ မရှိခဲ့ဘဲ အမည် အတော်များများကို စစ်အစိုးရ က ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ စစ်အစိုးရက ‘ဗမာ’ ‘မြန်မာ’ အပါအဝင် အမည် ပြောင်းလဲခေါ်မှုများ အား ထိုစဉ်က ကျောင်းသားခေါင်းဆောင် တဦးက “ဗုဒ္ဓကိုလည်း မုဒ္ဓလို့ ပြောင်းခေါ်ရမလိုပဲ” ဟု သရော်ဝေဖန်ခဲ့ဖူး သည်။

_______________________________________________________________________ငယ်ငယ်က သင်ကြားခဲ့ရတဲ့ စာများအရလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်း
သားများ စုပေါင်းနေထိုင်တဲ့ နိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံလို့ သင်ယူခဲ့ရတဲ့အတွက် မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုံးဟာ ယခင်ကတည်းက ရှိပြီးသားဖြစ်ပါတယ်... အဲ့ဒိအတွက် ကျွန်တော်တို့ နိုင်ငံကို အင်္ဂလိပ်လို ခေါ်ဖို့မှာ Burma နဲ့ Myanmar နှစ်ခုကွဲနေတာမှာ ကျွန်တော်ကတော့ Myanmar ဆိုတာကို ပိုပီး သဘောကျပါတယ်...

ဝမ်းနည်းစရာ တစ်ခုကလည်း ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးတဲ့အတွက် ဗုဒ္ဓကိုကော မုဒ္ဓ (မုတ္တ) လို့ သုံးရမလားဆိုပီး ပါတီတစ်ခုရဲ့ ပါတီဝင် တစ်ယောက်က စော်ကားခဲ့တာပါပဲ..... ဗမာနိုင်ငံလား မြန်မာနိုင်ငံလား ကိုယ်သုံးနေတဲ့ ပိုက်ဆံကိုကြည့်ပီးတောင် မခွဲခြားနိုင်ပဲ ထင်ရာစွတ်တင် ဘာသာရေးပါ စော်ကားခဲ့တဲ့ အဲ့ဒိပါတီဝင်လည်း ခုထိ ရှိသေးလား မရှိသေးလား မသိရပေမယ့် အတော်စိတ်ပျက်ခဲ့မိပါတယ်...

သမိုင်းကြောင်း ပြန်ကြည့်ရင် လူမျိုးစုတိုင်းမှာ ဘုရင်တွေရှိခဲ့ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သက်ဆိုင်ရာ ဘုရင့်အမှုတော်တွေကို တိုင်းရင်းသားတိုင်း ထမ်းခဲ့ကြရတာပါပဲ.... ဒိအတွက်လည်း ဘုရင်ကြောင့် ဖြစ်ရတဲ့ စစ်တွေမှာ လူမျိုးစုခြင်း သတ်ခဲ့ဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံ တစ်ခုတည်းသာမက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ခဲ့ပါတယ်.... တရုတ်ပြည်မှာဆိုလည်း မင်းဆက် အဆက်ဆက် သတ်ခဲ့ ဖြတ်ခဲ့တာ မနည်းပါဘူး..... ဒါတွေကို အာဃာတ မထားပဲ တိုးတက်အောင် ကြိုးစားနေတဲ့ သူများနိုင်ငံတွေကို အားကျ အတုယူဖို့ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ လိုပါတယ်.... အခုလက်ရှိ ဗမာ လူမျိုးဆိုသော်ငြား ဆင်းသက်လာတဲ့ အနွယ်တွေဟာ တိုင်းရင်းသားတွေကနေ အစပျိုးတယ်ဆိုရင်လည်း မမှားပါဘူး....

ဒိအတွက် ဗမာ လူမျိုးကြီးဝါဒ ဗမာလူမျိုးကြီး ၀ါဒနဲ့ ပြစ်တင်ပြောဆိုနေတာတွေ များနေချိန်မှာ တိုင်းရင်းသားအားလုံး သာတူညီမျှ ဖြစ်မယ့် Myanmar ဆိုတာကို ကျွန်တော် ပိုနှစ်သက်မိပါတယ်.... ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်ကြရင်း တိုင်းရင်းသားတွေ သွေးနှောလို့ မြန်မာနိုင်ငံသားဆိုရင် ဒီတိုင်းရင်းသားတွေကိုပဲ မျက်လုံးထဲမှာ ပြေးမြင်မိမှာ ဖြစ်ပါတယ်....

တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထားများ လို့ဖော်ပြထားတာမှာလည်း ၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်းသက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။

ကျွန်တော်ကတော့ နဂိုကတည်းက ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို ပိုမြတ်နိုးပါတယ်.... Burma ဆိုတဲ့ ဗြိတိသျှခောတ်ကို ပြန်အမှတ်ရစေတဲ့ စကားအစား Myanmar ဆိုတဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနဲ့ ရှိတဲ့ စကားလုံးကို ပိုနှစ်သက်တယ်လို့ပဲ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဆိုပါရစေ....

 
 Myanmar Express

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ