ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 November 2012

ရခိုင်လူငယ်အသံ ဆွေးနွေးပွဲကျင်းပ







Youthforumလူငယ်များအသိပညာတိုးတက်လာရန်နှင့် လူငယ်များ၏ ရင်တွင်းအသံများကို သိရှိစေရန် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းမြို့မကျောင်း၌ ရခိုင်လူငယ်အသံ ဆွေးနွေးပွဲအား နိုဝင်ဘာ ၂၄ နံနက် ၈ နာရီ ၃၀ တွင် စတင်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့်ပညာရေး စသည့်အကြောင်း အရာများကို ဆွေးနွေးမည့်ခေါင်းစဉ်အဖြစ် သတ်မှတ်ထားပြီး လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပညာရှင်အဖြစ် The Chronicle မှ Editor ဦးဇော်လှိုင်နှင့် ဒေါက်တာ မောင်မောင်လွင် (Consultant of Drug use) တို့တက်ရောက်ပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးနှင့် မီဒီယာများ၏ ဆိုးကျိုးကောင်းကျိုး အကျိုးသက်ရောက်မှုများအား အကျယ်တဝင့် ရှင်းပြပြောဆိုခဲ့ကြောင်း သိရသည်။
"ပညာရှင်တွေက မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးနဲ့ မီဒီယာတစ်ခုရဲ့ အကျိုးသက်ရောက်မှုတွေကို ဆွေးနွေးပွဲမစတင်ခင် ကနဦးအနေနဲ့ ရှင်းပြတယ်။ ဒီလိုရှင်းပြလိုက်တော့ လူငယ်တွေအနေနဲ့ အဲဒီအကြောင်းအရာတွေကို အကျယ်တဝင့် ဆက်လက်ဆွေးနွေး နိုင်တာပေါ့။" ဆွေးနွေးပွဲမှ Ko Chris က Arakantimes သို့ ပြောကြားသည်။
ထို့အပြင်ဆွေးနွေးပွဲတွင် မိမိတို့ကြိုက်နှစ်သက်ရာ အကြောင်းအရာများကို အုပ်စုလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ "အခု ရခိုင်ပြည်မှာ ဖြစ်ပျက်နေတာနဲ့ပတ်သက်လို့ ရခိုင်လူငယ်တွေရဲ့ အသံတစ်ခု ထွက်စေချင်တယ်၊ နောက်ပြီးတော့ လာမယ့် ဒီဇင်ဘာလမှာ Myanmar Youth Forum ရှိပါတယ်။ အဲဒီအချိန်မှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုက တက်ရမယ်ဆိုတော့ ရခိုင်ပြည်က လူငယ်အသံ ဘာတွေရှိတယ်ဆိုတာကို Myanmar Youth Forum မှာ တက်ပြီးဆွေးနွေးမယ်။ ပြီးတော့ ကျနော်တို့ဒီ Youth Forum မြန်မာနိုင်ငံမှာ ဥပဒေ ပြဌါန်းတဲ့အထိ မျှော်လင့်ထားပါတယ်။ ဒီတစ်ကြိမ်တည်းနဲ့တော့ ဖြစ်လာမယ်လို့တော့ မျှော်လင့်မထားပါ။ ကျနော်တို့က ပါတီတွေ၊ လွှတ်တော်တွေက တဆင့် အဆင့်ဆင့်ကြိုးစားပြီးတော့ ဥပဒေ ပြဌါန်းပေးတဲ့အထိ ကြိုးစားသွားမှာပါ" ဟု Ko Chrisက ဆက်လက်ပြောကြားသွားသည်။
ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ နှင့် ၂၅ နှစ်ရက်ကျင်းပကာ လာမည့် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ရခိုင်ပြည်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ