ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 December 2012

ပြည်ပအကူအညီမယူပဲ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်း ထုတ်မည့် တ.စ.ည ပါတီ

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ နိုင်ငံတကာနှင့်ပြည်တွင်းလူ့အဖွဲ့အစည်းများမှ ထောက်ပံ့သည့်အကူအညီမယူပဲ ဂျာနယ်တစ်စောင်ထုတ်ဝေရန် အစီအစဉ်ရေးဆွဲနေကြောင်း တ.စ.ည ပါတီဥက္ကကြီးထံမှ သိရသည်။
ပွင့်ပွင့်လင်းလင်းပြောရရင် အန်အယ်လ်ဒီလို ပြည်သူအများက ထောက်ခံအားပေးတဲ့ ပါတီ ၊ နိုင်ငံတကာက အားပေးထောက်ခံပြီး ကူညီပေးနေတဲ့ ပါတီကနေထုတ်တဲ့ ဒီလှိုင်းစာစောင်ကို ကျွန်တော်တို့ ပြိုင်ပြီး လုပ်တာမဟုတ်ပါဘူး ၊ တစ်ထောင့်တစ်နေရာကနေ   ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေ သိစေချင်လို့ ထုတ်မှာပါ ဟု ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။
အဆိုပါ ဂျာနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လှုပ်ရှားမှုများနှင့် တောင်သူ လယ်သမားများ၏ အခက်အခဲများကို ရေးသားဖော်ပြရန် အစီအစဉ်ရေးဆွဲနေကြောင်း ၄င်းက ဆက်ပြောသည်။
ဂျာနယ်ထုတ်ဝေရန်စီစဉ်ရသည့်ရည်ရွယ်ချက်မှာ ၄င်းပါတီ၏ လှုပ်ရှားမှုများ ၊ မူဝါဒများ နှင့် တောင်သူလယ်သမားများ၏ အခက်အခဲများ တင်ပြရင်း မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်များကို ပြည်သူများအား တင်ပြလိုခြင်းကြောင့် ဖြစ်သည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဥက္ကဌ ဦးခင်မောင်သိန်းက ဆိုသည်။
အဆိုပါ ဂျာနယ်အတွက် အယ်ဒီတာနှင့်သတင်းထောက်များကို ဖိတ်ခေါ်ရန်စီစဉ်နေပြီး၊ မည်သည့်နှစ် နှင့် လပိုင်းတွင် ထုတ်ဝေမည် ကိုတော့ အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်း တ.စ.ညမှ စည်းရုံးရေးကော်မတီတာဝန်ခံ ၊ စာပေနှင့်စာနယ်ဇင်း တာဝန်ယူထားသူထံမှ သိရသည်။
 “ဟိုးအရင် လမ်းစဉ်ပါတီကတည်းက ကျွန်တော်တို့ပါတီမှာ အလုပ်လုပ်ခဲ့တဲ့ လူတွေ အခု ဂျာနယ်တိုက်တွေမှာ အယ်ဒီတာလုပ်နေ တာတွေရှိတယ် သူတို့ကို ကျွန်တော်တို့ထုတ်မယ့် ဂျာနယ်မှာ အယ်ဒီတာလုပ်ဖို့ ပထမဦးစားပေးအနေနဲ့ ရွေးဖို့စီစဉ်ထားတာ ရှိပါတယ်။ သတင်းထောက်ကတော့ မြို့နယ်တိုင်းမှာ ကျွန်တော်တို့ ပါတီရှိတယ်။ မြို့နယ်တွေက ပါတီဝင်တွေကနေ ချိတ်ဆက်ပြီး စာမူရေးသားဖို့ စီစဉ်ထားပါတယ် ဟု တ.စ.ည ပါတီတွင် စာပေနှင့်စာနယ်ဇင်း တာဝန်ယူထားသူ ဦးထွန်းရီက ပြောသည်။
အဆိုပါ ဂျာနယ်ကို တစ်ပတ်လျှင် မည်မျှ ထုတ်ဝေမည်ကို မစီစဉ်ရသေးသော်လည်း အပတ်စဉ် ထုတ်ဝေနိုင်ရေးအတွက် ကြိုးစားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
ကျွန်တော်တို့ဂျာနယ်ကို တစ်ပတ်ကို တစ်ကြိမ်လား တစ်လကို တစ်ကြိမ်လားဆိုတာတွေ မစီစဉ်ရသေးဘူး ဖြစ်နိုင်ရင် အပတ်စဉ်ထုတ်နိုင်ရင် အကောင်းဆုံးပေါ့ ဂျာနယ်တွေက အခုဆို ပေါခြင်းသောခြင်း ထုတ်နေကြတယ် ဂျာနယ်ထုတ်ဖို့ဆိုရင် သိန်း(၂၀၀)ကျော်အထက်မှာရှိနေတယ် သတင်းမဟောင်းသွားဖို့ Update ဖြစ်ဖို့ဆိုရင် အပတ်စဉ်ထုတ်ဝေမှရမှာ ဟု  ဦးထွန်းရီက ဆက်ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအနေဖြင့် ယခုလက်ရှိအချိန်တွင် အစီအစဉ်(၃)ရပ် ရေးဆွဲ ထားကြောင်း နှင့် လာမည့် ၂၀၁၃ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် တ.စ.ည ပါတီ၏ (၂၅)နှစ်မြောက် ငွေရတုနှစ်ပတ်လည်အဖြစ် မဂ္ဂဇင်းထုတ်ဝေဦးမည်ဖြစ်ကြောင်း သိရှိရသည်။
တ.စ.ည မှ ရေးဆွဲထားသည့် အစီအစဉ်(၃)ရပ်မှာ လစဉ် ထုတ်ဝေ လျှက်ရှိသည့် တိုင်းရင်းသား သတင်းစာကို အရည်အသွေးမြင့်တင်ရေး ၊ ဂျာနယ်ထုတ်ဝေရေး နှင့် ပါတီသတင်းစာ ထုတ်ဝေရေး တို့ဖြစ်သည်။

From : Myit Makha Mediagroup on 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ