ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 December 2012

မြန်မာ့ခရီးသွားလုပ်ငန်း အရှိန်ရလာ


မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုဟာ ဒီဇင်ဘာလလယ်ပိုင်းမှာ ခရီးသည် ၁ သန်း ၀န်းကျင်ကို ရောက်ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပေါက်ကနေ ၀င်ရောက်လာမှုဟာ ဒီနှစ်ဆန်းကစလို့ အရင်နှစ်ကထက်စာရင် ၂ ဆတိုးလာပြီး ၁ ရက်ကို ခရီးသည် ၂၃၀၀  ကျော် ၀င်ရောက်နေတယ်လို့ လည်း ပြောပါတယ်။ မနှစ်က ၀င်ရောက်ခဲ့တဲ့ ခရီးသည်ဝင်ရောက်နှုန်းက ၇ သိန်းကျော် ရှိခဲ့ရာက တိုးမြင့်လာတာ ဖြစ်ပါတယ်။
ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးအောင်ဇော်ဝင်းက “ဒီဇင်ဘာ ၁၇ အထိ ၉ သိန်း ၉ သောင်းကျော်သွားပါပြီ။ နယ်စပ်ပေါက်တွေအပါအ၀င်ပါ။ ရန်ကုန်အ၀င်က မနှစ်ကထက် ၅၀ ရာခိုင်နှုန်းတိုးတက်နေတယ်။ ရန်ကုန်အ၀င်သည် မနှစ်က ၃ သိန်း ၉ သောင်းဖြစ်တယ်။ ဒီနှစ်က ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ၅၅၃၆၇၉ ဖြစ်သွားတယ်” လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ် မတ်လမှာစတင်တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းဟာ ပြန်လည်နိုးထလာတာ ဖြစ်ပါတယ်။
ခရီးသည်တွေ ရုတ်တရက် ၀င်ရောက်လာတာကြောင့် အခန်းမလုံလောက်မှုပြဿနာတွေ ရင်ဆိုင်ရတယ်လို့ ဧည့်လမ်းညွှန် ဦးမျိုးမင်းဇော်က ပြောပြပါတယ်။
“ခရီးသွားလုပ်ငန်းက အရမ်း booming (ဖြစ်ထွန်း) လာတော့ တည်းခိုခန်းဈေးတွေက အဆ ၃၀၀ လောက် မဟားတရားတက်သွားတယ်။ ဥပမာ အရင်က ဒေါ်လာ ၅၀ တန်လောက်က အခုအချိန်မှာ ၁၅၀၊ ၂၀၀ တွေဖြစ်ကုန်တယ်။ နောက် ဧည့်သည်မဟားတရားဝင်လာတော့ တော်ရုံတန်ရုံ Guest House (ဧည့်ရိပ်သာ) တွေကအစ ၁၀ ဒေါ်လာလောက်ရနိုင်တာတွေကအစ ၃၀ တို့ ၃၅တို့ ဖြစ်ကုန်တယ်။”
အခန်းမလုံလောက်မှုပြဿနာနဲ့ ပတ်သက်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဌာန ညွှန်ချုပ် ဦးအောင်ဇော်ဝင်းက အဓိကဖြေရှင်းရမှာကတော့ ဟိုတယ်တွေကို အဆင့်မြှင့်ဖို့ လိုအပ်ပြီး လက်ရှိမှာ စီးပွားရေးသမားတွေရော၊ တိုးရစ်စ်တွေကပါ အဆင့်မြင့်ဟိုတယ်တွေကို ရွေးပြီး တည်းခိုနေရာချတာကြောင့် ဟိုတယ်အခန်း အခက်အခဲရှိနေတာလို့ ဖြေဆိုပါတယ်။
“ဥပမာ ရန်ကုန်ဆိုရင် လက်ရှိရှိနေတဲ့ အိပ်ခန်းပေါင်း ၈၆၀၀ အပြည့် ၀င်သွားရင် ဒီ ၆ သိန်းက ထိန်းနိုင်ပါတယ်။ သို့သော်လည်းပဲ သူ့ဟာသူ နေသားတကျမ၀င်ဘူးပေါ့နော်။ မ၀င်ဘူးဆိုတာ ဟိုတယ်ဆိုတာ အမျိုးမျိုးအစားစားရှိတယ်။ ဥပမာ အက်ဖ်ဒီအိုင် နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ဟိုတယ်တွေကတော့ ကြယ်ငါးလုံး၊ ကြယ်လေးလုံး ဟိုတယ်တွေပေါ့။ နောက်တခါ အလယ်အလတ် ကြယ်သုံးလုံး။ ကြယ်နှစ်လုံး ရှိတယ်။ နောက် local ဟိုတယ်တွေရှိတယ်။ နောက်တခါ ဘတ်ဂျက်ဟိုတယ်လေးတွေရှိတယ်။ စတား မ၀င်တာတွေရှိတယ်။ အဲဒါတွေသာ အပြည့်ဝင်သွားမယ်ဆိုရင် ကျနော်တို့က ၆ သိန်း လက်ခံနိုင်တယ်။ ဒါပေမယ့် သူ့ဟာသူ အဲသလို ဟိုတယ်ရှိတဲ့အခန်းတိုင်းကို မ၀င်ဘူး။  ဥပမာ Tour Operator တွေ၊ Tour Company တွေကလည်း သူတို့ဆီလာသမျှ ဧည့်သည်တွေကို အက်ဖ်ဒီအိုင်ဟိုတယ်ကိုပဲ လုနေတယ်။   စီးပွားရေးသမားတွေကလည်း လုတဲ့အခါမှာ အက်ဖ်ဒီအိုင် ဟိုတယ်မှာ သွားစုနေတယ်။ အလားတူပဲ ကြယ် ၃ ပွင့်၊ ၄ ပွင့် ဟိုတယ်တွေမှာလည်း သွားစုနေတယ်။”
အခုလတ်တလောမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဆိုက်ရောက်ဗီဇာကို အာဆီယံနိုင်ငံအားလုံးနဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်နဲ့ အမေရိကန် စုစုပေါင်း ၂၆ နိုင်ငံကို ခွင့်ပြုထားပြီး ကျန်ဗီဇာအမျိုးအစားတွေကိုလည်း တိုးချဲ့ ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိ မြန်မာပြည်က ဆိုက်ရောက်ဗီဇာထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ (e-visa) စနစ်အတွက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ရှင်းပြပါတယ်။
“ရောက်ရှိတယ်ဆိုတာနဲ့ လေယာဉ်တစင်းက ပြန်တက်ရမှာ။ ပြန်မထွက်ခင်မှာ ဒီလူတွေကို အပြီးစစ်ပြီးသားဖြစ်နေရမယ်။ မစစ်နိုင်ဘူးဆိုရင် တချို့က ဗီဇာစည်းကမ်းနဲ့ မညီညွတ်တဲ့သူပေါ့။ အမည်ပျက်စာရင်း (black list) ဖြစ်တဲ့လူလိုမျိုး ပြန်တင်ရမယ့်ဟာမျိုးဆိုရင် အချိန်မမီတော့ဘူး။ အဲဒါမျိုးတွေဖြစ်မှာစိုးတဲ့အတွက် အခုလောလောဆယ်မှာ ဒီဗီဇာတွေကိုပဲ ပေးနေသေးတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အီးဗီဇာ (e-visa) တို့ ဆောင်ရွက်သွားမှာပါ။”
MT and K Tourism ကုမ္ပဏီက ဟိုတယ်လုပ်ငန်းရှင် ဦးမြတ်ခိုင်က ခရီးသည်အများစုဟာ ရှေးဟောင်းအမွေအနှစ်ရှိရာ ပုဂံ၊ ညောင်ဦးနဲ့ အင်းလေး စတဲ့ဒေသတွေကို သွားကြတာ များတယ်လို့ ဆိုပါတယ်။
“အဓိက ယဉ်ကျေးမှုတွေနဲ့ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းဆိုတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ အဓိကထားပြရတာပေါ့။ အဲ့နေရာတွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က ဘုရားတွေ၊ ဗိသုကာတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ လက်ရှိလူမှုနေထိုင်မှုစနစ်တွေ မန္တလေး၊ ပုဂံပေါ့။ နောက် သဘာဝပတ်ဝန်းကျင်အလှတွေရှိတဲ့ အင်းလေးပေါ့။ အဲနေရာတွေကျတော့လည်း ဟိုတယ်လ်တွေ အဆင်သင့်ရှိတော့ ပို့လို့ရတယ်။ ကျန်တဲ့နေရာတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ဟိုတယ် အခြေခံဝန်ဆောင်မှုတွေကလည်း လိုအပ်တယ်လေ။ ရောက်ပြီးတော့မှ နေစရာမရှိရင် ဘာမှလုပ်လို့မရဘူး။”
တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ ခရီးစဉ်ကို ခွင့်တောင်းရတာ၊ ကန့်သတ်ထားတဲ့ဧရိယာရှိတာနဲ့ ဆိုက်ရောက်ဗီဇာ မရသေးတာဟာ ပြောင်းလဲရမှာတွေထဲမှာ ပါတယ်လို့ မြင်ပြီး တဖြည်းဖြည်းတော့ ပြောင်းလဲမှာပါလို့ အပြုမြင်ပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ တာလစ် ရီဖိုင် (Dr. Taleb Rifai) နဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Xu Jing တို့ဟာလည်း ၂၀၁၂ မေ ၆ ရက်နေ့က နေပြည်တော်မှာ ယခင်ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးတင့်ဆန်းနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ကတိပြုခဲ့ပါတယ်။
အကူအညီတွေကတော့ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းကျောင်းတွေကို စစ်ဆေးပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့၊ ဟိုတယ်ခရီးက ကိုယ်စားလှယ်တွေကို ဌာနချုပ်ကို ခေါ်ယူလေ့ကျင်သင်ကြားပေးဖို့၊ ကျွမ်းကျင်သူတွေကို မြန်မာပြည်စေလွှတ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ သင်တန်းတွေပို့ချဖို့ ဖြစ်ပါတယ်။
အစိုးရဟာ အခုပညာသင်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တွေမှာ  ၀ိဇ္ဇာဘွဲ့ (ခရီးသွားလုပ်ငန်း) ဘာသာရပ်ကို ဖွင့်လှစ်သင်ကြားစေပါတယ်။
မြန်မာနိုင်ငံက ဟိုတယ်နဲ့ခရီးသွားဝန်ကြီး ဦးဌေးအောင်က ဒီနှစ်လယ်ပိုင်းက ဘန်ကောက်ခရီးစဉ်မှာ မြန်မာ့ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်နေသလို နော်ဝေအစိုးရနဲ့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ကြိုးပမ်းနေတာကို ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ထိုင်းက ဟိုတယ်ခရီးလုပ်ငန်းရှင်တွေက မြန်မာကို ဂရုထားဖို့ သူတို့အစိုးရကို တိုက်တွန်းပြောဆိုတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေရဲ့စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ညွှန်ချုပ် ဦးအောင်ဇော်ဝင်းက မြန်မာ့ခရီးသွားလုပ်ငန်းဟာ မှန်မှန်သွားဖို့ ပြင်ဆင်ထားပါတယ်လို့ ဖြေပါတယ်။
“သူတို့ကို ကျော်လွှားသွားဖို့ဆိုတာ ဘယ်လိုမှ (ရယ်လျက်) လက်ရှိပဲ သူတို့က သန်း ၂၀  (ခရီးသည်) ဖြစ်နေပြီလေ။ ကျနော်တို့ကအခုမှ ၁ သန်းရောက်တယ်။ ကျနော်တို့ကလည်း ရှင်းရှင်းပြောရရင် အခုချက်ချင်း  ၁၀ သန်းတွေ၊ ၁၅ သန်းတွေ ကျနော်တို့ မမှန်းပါဘူး။ တလှမ်းချင်းပဲ သွားမှာပါ။ နို့မို့ရင် တအားကြီးမှန်းလို့ရှိရင် အကုန်လုံးဖွင့်ချလိုက်လို့ရှိရင် အကုန်လုံးဝင်လာရင် နေစရာမရှိ ဘာမရှိ အပျက်သဘောသက်ရောက်မှု) တွေ ၀င်သွားပြီးတော့ ခရီးသွားလုပ်ငန်း ဆိုတဲ့သဘောက အထိအခိုက်မခံ သိပ်ဖြစ်တယ်။  အဲဒီတော့ တခါတည်း ကျသွားမှာကိုး။ အဲလိုဖြစ်မှာစိုးတဲ့အတွက်ကြောင့် ကျနော်တို့ တဆင့်ချင်းသွားတယ်။ ဘေးနားက နိုင်ငံတွေရဲ့အတုကိုယူတယ်။ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား ဘယ်လိုလုပ်သွားသလဲ။ သူတို့ရဲ့အားနည်းချက်တွေကို သုံးသပ်ပြီးတော့မှ ကျနော်တို့က တဆင့်ချင်းသွားတာပါ” လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဟာ နော်ဝေအစိုးရနဲ့ ပူးတွဲလုပ်ဆောင်တဲ့ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းအပြင် ၀န်ကြီးဌာနက ဦးစီးလုပ်ဆောင်နေတဲ့ ခရီးသွား လုပ်ငန်းပင်မစီမံကိန်းတခုကိုလည်း ရေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
အခုအခါ မြန်မာပြည်ကို ဂျပန်၊  ကိုရီးယား၊  ဂျာမနီ၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်းတို့မှ   လေကြောင်းလိုင်းတွေ တိုးချဲ့  ပြေးဆွဲလာခဲ့တဲ့အတွက် လက်ရှိတွင် နိုင်ငံတကာ လေကြောင်းလိုင်း ၂၁ လိုင်း ပြေးဆွဲနေပါတယ်။
၂၀၁၀ ခုနှစ်မှာ ဒေသအတွင်း ခရီးသွားလုပ်ငန်းအောင်မြင်နေတဲ့  မလေးရှားနိုင်ငံဟာ  ခရီးသည် ၂၄ ဒဿမ ၅၇၇ သန်း ၀င်ရောက်ပြီး ၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ခရီးသည်ဝင် ၁၉ ဒဿမ ၉ သန်း ၀င်ရောက်ခဲ့ပါတယ်။



dvB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ