ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 December 2012

ကျောက်တော်သကြားစက် ယခုနှစ် ကြံရာသီတွင် သကြားတန်ချိန် ၃၀၀ ကျော် ထုတ်လုပ်မည်


ရခိုင်ပြည်နယ် ကျောက်တော် သကြားစက်မှ ယခုနှစ် ကြံရာသီတွင် သကြား တန်ချိန် ၃၀၀ နှင့် ၄၀၀ အကြား ထုတ်လုပ်ရန် ခန့်မှန်းထားသည်ဟု ရခိုင်ဘက်စုံ ကုမ္ပဏီမှ အမူဆောင် လူကြီး တစ်ဦးက ပြောသည်။
Kyauk-Taw-Sugar-Mill
“ကျွန်တော်တို့က ဒီနှစ် ကြံတန်ချိန် ၄၀၀၀ လောက် ကြိတ်ရမယ်လို့ မျှော်မှန်း ထားပါတယ်။ သကြားလည်း တန်ချိန် ၃၀၀ နဲ့ ၄၀၀ အကြားမှာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ကျောက်တော် သကြားစက်ကို ရောက်နေသူ အမူဆောင် လူကြီး ဦးစံကျော်လှက ဆိုသည်။

ကျောက်တော် သကြားစက်ကို ရခိုင်ဘက်စုံ ကုမ္ပဏီမှ ယမန်နှစ်က စပြီး အစိုးရထံမှ ဌားရမ်း လုပ်ကိုင်နေရာ ယခုနှစ်တွင် အခြေအနေ တိုးတက်ကောင်းမွန်လာသည်ဟု သိရသည်။
“ စက်ကလည်း ကောင်းပါတယ်။ ပုံမှန် လည်ပတ်နေပါတယ်။ အခု စပြီးတော့တောင် ရောင်းနေပါပြီ။ ဒီက ရောင်းဈေးကတော့ တပိဿာ ကျပ် ၉၅၀ နဲ့ ရောင်းချပါတယ်။ အခုလည်း ရခိုင်ပြည်နယ် အနှံ့က သကြား ၀ယ်မယ့် အော်ဒါတွေ ရောက်နေပါပြီ” ဟု သူက ဆက်ပြောသည်။
သို့သော် ကျောက်တော် သကြားစက် လုပ်ငန်းရှင်များ အနေဖြင့် အခက်ကြုံနေရသည်မှာ လေဘာ (အလုပ်သမား) ပြဿနာ ဖြစ်သည်ဟု ဆိုသည်။ ကျောက်တော်မြို့နယ်မှ အများစု အမျိုးသားများမှာ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများသို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားသဖြင့် ကြံစိုက်ခင်းများတွင် ကြံရိတ်သိမ်းရန် အလုပ်သမားများ မလုံလောက်မူ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
Sugar-mill-in-Kyauk-Taw
“ အခု ကြံစိုက်ခင်းတွေမှာ ကြံတွေကို ရိတ်သိမ်းဖို့ အလုပ်သမားတွေ မရှိဘဲ ဖြစ်နေတယ်။ အမျိုးသားတွေက ထိုင်း၊ မလေးရှားနဲ့ တရုတ်ကို ထွက်သွားတော့ အခု လေဘာ အခက်အခဲ အကြီးအကျယ် ကြုံနေရပါတယ်။ အခု ကြံခင်းတွေမှာ ကြံတွေကို ရိတ်သိမ်းနေတာက အမျိုးသမီးတွေချည်းဘဲ ဖြစ်နေတယ်။ အမျိုးသားဆို တစ်ဦး တစ်ယောက်မှ မတွေ့ရဘူး” ဟု  ဦးစံကျော်လှမှ ဆက်ပြောသည်။
ကြံတစ်တန်ကို ကြံတောင်သူများထံမှ ကျပ်သုံးသောင်း ဖြင့် ၀ယ်ယူနေပြီး ကြံတောင်သူများ အနေဖြင့်လည်း တွက်ခြေကိုက်ကြောင်း ဆိုသည်။
ယခုနှစ်တွင် မိုးရွာနုန်း များပြားခဲ့သဖြင့် ကြံများမှာ အလုံသေးကြောင်း၊ သို့သော်လည်း ကြံ အထွက်နုန်းမှာ တိုးတက်ခဲ့ကြောင်း သူက ပြောဆိုသည်။

narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ