ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 December 2012

ရမ်းဗြဲမြို့တွင် အလှူငွေ ပို့ဆောင်လာသူတစ်ဦးအား ရဲက ဖမ်းဆီးထောင်ချ






ရမ်းဗြဲမြို့တွင် ရဟန်း၊ ပါတီ၊ လူမှုရေးအဖွဲ့အစည်းများမှ ပေးခိုင်းလိုက်သော အလှူငွေကို ပို့ဆောင်လာသူ ဦးမောင်လှသွယ်ကို ၅၀၅(ခ) ပုဒ်မတပ်ပြီး ဖမ်းဆီးထောင်ချလိုက်ကြောင်း သတင်းရရှိသည်။
ဦးမောင်လှသွယ်ကို ရမ်းဗြဲမြို့စခန်းမှူး သန်းတင့်က ဖမ်းဆီးပြီး ရမ်းဗြဲမြို့ တရားရုံးတွင် အမှူစီရင်ပြီး ထောင်ဒဏ်ချမှတ်လိုက်ကြောင်းကို ရမ်းဗြဲမြို့ ဒေသခံတစ်ဦးကပြောသည်။
" သူ့ကိုဖမ်းတာကတော့ ယခုဖြစ်တဲ့အဓိကရုဏ်းမှာ သွေးထိုးလှူ့ဆော်မှုရှိတယ်၊ စုရုံးလှုပ်ရှားတယ်ဆိုတဲ့ စွဲချက်ဖြင့် ဖမ်းဆီးထောင်ချလိုက်တာဖြစ်ပါတယ်။ ပထမတစ်ခေါက်တုန်းက ရုန်းရင်းဆန်ခတ်ကြောင့် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဦးဟန်ရွှေမိသားစုကို နာရေးအတွက် အလှူငွေ ပို့ဆောင်လာတဲ့အခါမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အဲဒီငွေတွေက
ဂွရဟန်းတော်များအဖွဲ့က(၂)သိန်း၊ ရခိုင်သဟာယအသင်းက(၃)သိန်း၊ ကော့သောင် လူငယ်များအဖွဲ့က(၁)သိန်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့အချုပ်က(၁)သိန်း စုစုပေါင်း ငွေ(၇)သိန်းကို ပို့ဆောင်လာတဲ့အခါမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ " ဟု ပြောသည်။
သွေးထိုးလှူ့ဆော်မှု၊ ဦးဆောင်စုရုံးလှုပ်ရှားသူများဟု တရားစွဲဆိုချက်နှင့် သတ်မှတ်ခံရကာ မြောက်ဦးမြို့က (၁၁)ယောက်အဖမ်းခံလိုက်ရကြောင်း အမည်မဖော်လိုသူ မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
ဦးမောင်လှသွယ်မှာ ဇာတီက ကျောက်နီမော် စံပြရပ်ကွက်ဖြစ်ပြီး ယခု ရမ်းဗြဲမြို့ထက်၌နေကာ ဒီဇင်ဘာ(၁၇)ရက်နေ့ကဖမ်းဆီးခံရ၍ မနေ့က နေ့လည်တစ်နာရီတွင် ရမ်းဗြဲမြို့ တရားရုံးက ထောင်ဒဏ်(၁)နှစ်ချမှတ်ကာ ကျောက်ဖြူထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ယင်းဒေသခံက ဆက်လက်ပြောသည်။
မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ပြဿနာဖြစ်ပေါ်လာအောင် သွေးထိုးလှူ့ဆော်မှု၊ စုရုံးလှုပ်ရှားမှု အချက်များနှင့်တရားတရားစွဲဆိုပြီး အဓိကရုဏ်းတွင်ပါဝင် ပတ်သတ်သူများဟု ထင်ရသူများကို လိုက်လံဖမ်းဆီး မေးမြန်းစစ်ဆေးကာ ရဲများကလိုက်လံဖမ်းဆီးနေသည်ကို သိရသည်။ အခုလို လိုက်ရှာလိုက်ဖမ်းနေသည်ကို ရခိုင်တိုင်းရင်းသားများက တရားမျှတမှုမရှိဘူး ခိုးဝင်လာသောဘင်္ဂလီများကို မဖမ်းဘူးဟု ပြောဆိုနေကြသည်ကိုသိရပြီးလုံးဝရှုံ့ချထားကြောင်း သိရသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ