ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 December 2012

လူပုလေး လက်ဝှေ့သမားတွေ ရန်ကုန်မှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်


ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်အဖြစ် လူပုလေး လက်ဝှေ့သမားတွေ ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်ပါတယ်။
အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာအားကစားအဖွဲ့ချုပ်က ကြီးမှူးပြီးတော့ မြန်မာ မီဒီယာ ဂရုပ်က ဦးစီးကျင်းပတဲ့  ၅ ကြိမ်မြောက် ဒဂုံရွှေအောင်လံ မြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲ ၂၀၁၃ ပြိုင်ပွဲကြီးရဲ့ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကို ကျင်းပစဉ်မှာ အခုလို လူပုလေး လက်ဝှေ့သမားတွေကို ယှဉ်ပြိုင်ထိုးသတ်စေတာလည်း ဖြစ်ပါတယ်။

လူပုလေး လက်ဝှေ့သမား တာပေါနဲ့ လာပေါတို့ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ဒိုင်လူကြီး ဦးချစ်ကိုက ပြောပါတယ်။
လူပုလေး လက်ဝှေ့သမားတွေကို ဒီပွဲမှာ ၃ ချီ ယှဉ်ပြိုင် ထိုးသတ်စေမှာ ဖြစ်ပြီးတော့ သူတို့ကို ပါဝင် ယှဉ်ပြိုင်ထိုးသတ်စေတာနဲ့ ပတ်သက်ပြီး ဦးချစ်ကိုက ရှင်းပြပါတယ်။
“မြန်မာ့လက်ဝှေ့ကို မြန်မာပြည်မှာ လူတိုင်းစိတ်ဝင်စားတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို မြန်မာပြည်သူတိုင်းရဲ့ သွေးထဲမှာ ရှိကြောင်းပြချင်တာရယ်။ လူတန်းစားမရွေး၊ လူမျိုးပုံစံမရွေး မြန်မာ့လက်ဝှေ့ကို နှစ်သက်ကြောင်းနဲ့ ၀ါသနာရှိကြောင်း ပြချင်တာပါ။”
သီးသန့်ဖိတ်ခေါ်ပြီး ထိုးသတ်တာ ဖြစ်တဲ့အတွက် လူပုလေးလက်ဝှေ့သမားတွေကို ဆုကြေးငွေတွေလည်း ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။
လက်ဝှေ့သမား တာပေါဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ဖြစ်ပြီးတော့ အရပ် ၃ ပေ ၆ လက်မ ရှိပြီး အရင်က မြ၀တီမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။ လက်ဝှေ့သမား လာပေါဟာလည်း ပဲခူးတိုင်း ဖြူးမြို့နယ်က ဖြစ်ပြီး အရပ် ၃ ပေ ၉ လက်မရှိကာ အရင်က မြ၀တီမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။



DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ