ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

21 December 2012

ပေါင်မုန့်စက်ရုံ လူနေအိမ် တန်လျားများ မီးလောင်ကျွမ်း၊ ကယ်ဆယ်ရေးလိုအပ်နေ



မန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ဖုန်ဖိုင်ရွာတွင်ရှိသော ပေါင်မုန့်စက်ရုံ (အထည်ချုပ် စက်ရုံ)မှ အလုပ်သမားများနေသော တန်လျားအိမ်များ မီးလောင်ကျွမ်းသွားကာ ပြာကျသွားခဲ့ကြောင်း သိရသည်။
Foem Floel
ဖုန်ဖိုင်စက်ရုံရှိ အလုပ်သမားနေအိမ် တန်းလျားများကို မီးလောင်ကျွမ်းနေစဉ်
မီးသည် နေ့လည် နာရီ ၁၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်ကားများရောက်လာကာ ညနေ နာရီ ခွဲခန့်တွင် မီးကိုငြိမ်းသတ် နိုင်ခဲ့သည်။ ၄င်းတန်းလျားအိမ်များတွင် အလုပ်သများပေါင်း ၇၉၈ ဦးခန့် နေထိုင် လျှက်ရှိပြီး အခန်းပေါင်း
၂၀၀ ကျော်ရှိကြောင်း သိရသည်။
ယခုလက်ရှိ အလုပ်သများများကို စက်ရုံတွင် နေရာချထားပေးပြီး ဒေသခံ လူမှုအဖွဲ့အစည်းများက ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ပို့ပေးနေကြောင်း သိရသည်။
ဒေသခံတစ်ဦးကမီးက နေ့လည် နာရီ ၁၅ မိနစ်က လောင်ကျွမ်းတာ ဖြစ်ပါတယ်။ လူပျိုဆောင်အခန်းက စပြီးတော့ လောင်တာ ဖြစ်ပါတယ်။ မီးဘယ်လိုစလောင်တယ်ဆိုတာကို မသိပါဘူး။ အိမ်ခန်းတွေ တစ်ခန်းမှ မရှိတော့ပါဘူး။ အကုန်လုံး ပြာကျသွားပါပြီ။ အခန်းတွေကတော့ ၂၀၀ ကျော်လောက် ရှိပြီးတော့ အလုပ်သမား ၇၉၈ ယောက်လောက် နေကြတာပါ။ အခု လူမှု အဖွဲ့အစည်းတွေနှင့် ကယ်ဆယ်ရေးအဖွဲ့တွေက ဆန်၊ ဆီ၊ ဆား၊ ကြက်ဥတွေ စတဲ့စားနပ် ရိက္ခာပစ္စည်း တွေအပြင် အဝတ်အထည်တွေကိုလည်း လာပို့ပေးနေပါတယ်။ အခု ကျွန်တော်တို့ ပစ္စည်းတွေကို သယ်နေကြပါတယ်။ ဟုပြောသည်။
ဖုန်ဖိုင်ရွာတွင်ရှိသော မြန်မာအခေါ် ပေါင်မုန့်စက်ရုံသည် (အထည်ချုပ် စက်ရုံ)တွင် အလုပ်သမားပေါင်း ၁၀၀၀ ကျော်ခန့် ရှိပြီး တန်လျားတစ်ခုလုံး မီးလောင်ကျွမ်းခဲ့မှုကြောင့် တန်လျားတွင် နေထိုင်သော အလုပ်သမား ၇၀၀ ကျော်ဒုက္ခရောက်လျှက်ရှိပြီး ကယ်ဆယ်ရေးများလည်း လိုအပ်နေကြောင်း သိရသည်။
F F




Arakantime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ