ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

23 January 2013

ဆဲလ်တစ်စတား ၀န်ညာမာကို ကိုယ်တိုင် အကဲခတ် ကြည့်ရှူ့ခဲ့သည့် ဆြာအဲလက်စ်


မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပစ်မှတ် ကစားသမားဖြစ်သည့် ဗစ်တာ-၀န်ညာမာ၏ ခြေစွမ်းကို အကဲခတ်ရန် မန်ယူနည်းပြကြီး ဆြာအဲလက်စ်သည် မနေ့ညက ဆဲလ်တစ်အသင်း၏ ကစားပွဲသို့ ကိုယ်တိုင် သွားရောက် ကြည့်ရှူ့ စစ်ဆေးခဲ့ပြီး ပေါင်(၁၀)သန်းဖြင့် အရခေါ်ယူရန် စဉ်းစားချင့်ချိန်လျက်ရှိသည်။ ။


မန်ယူအသင်းသည် လာမည့် စနေနေ့တွင် အက်ဖ်အေဖလား ပွဲစဉ်အဖြင့် ဖူလ်ဟမ်အသင်ျးနှင့် ရင်ဆိုင်ရမည့် ပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ်များကို ပူနွေးသည့် ရာသီဥတု ရှိသည့် ကာတာနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိနေချိန်၌ ဖာဂူဆန်က အလွန်အေးမြသည့် ရာသီဥတုရှိသည့် သူ၏မွေးရပ်မြေ ဂလက်စဂိုသို့ ပြန်သွား၍ ကွင်းလယ်ကစားသမား ၀န်ညာမာကို မျက်မြင်ကိုယ်တွေ့ အကဲခတ်လျက်ရှိသည်။ ။

ဖာဂူဆန်သည် ၀န်ညာမာကို ခေါ်ယူရန်အတွက် စိတ်ဝင်စားလျက် ရှိနေကြောင်း၊ ဖာဂူဆန်၏ညီအကို မာတင်က ထိုစဉ်အချိန်ကတည်းက ၀န်ညာမာ၏ ကစားပုံများကို အမြဲလိုလို စောင့်ကြည့်ခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက Mirror သတင်းဌာနက သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ ။

ယမန်နေ့ညကတော့ ဆဲလ်တစ်အသင်းက ဒန်ဒီယူနိုက်တက် အသင်းကို (၄-၀)ဖြင့် အနိုင်ယူခဲ့သည့် စကော့တလန် ပရီးမီးယားလိဂ် ပွဲစဉ်ကို ဖာဂူဆန် ကိုယ်တိုင် တက်ရောက်ကြည့်ရှူ့ခဲ့သည်။ ။

တစ်ပတ် ပေါင်(၉၀,၀၀၀) ပေးချေနေရသည့် ၀န်ညာမာကို ဆဲလ်တစ်အသင်းကလည်း ဆက်လက်ထိန်းသိမ်း ထားဖို့ရန် မျှော်လင့်ချက် ကုန်ဆုံးနေပြီး၊ ၀န်ညာမာ၏ တိုးတက်လာသော ခြေစွမ်းများအရ သူ၏တန်ဖိုးမှာ တက်လာလျက်ရှိကာ အနည်းဆုံး ပေါင်(၁၀)သန်းခန့် ကြေးပေါက်လျက်ရှိသည်။ ။

ချန်ပီယံလိဂ် (၁၆)သင်းအဆင့်သို့ ၀င်ရောက်ကစားခွင့် ရခဲ့သည့် ဆဲလ်တစ်အသင်းတွင် ၀န်ညာမာသည် ကီးပလေယာ ကစားသမားအဖြစ် အဓိက အခန်းကဏ္ဍမှ ပါဝင်ကူညီ စွမ်းဆောင်ပေးလျက်ရှိသည်။ အထူးသဖြင့် ချန်ပီယံလိဂ် အုပ်စုအဆင့်က ဘာစီလိုနာ အသင်းကို (၂-၁)ဖြင့် သမိုင်းဝင် အနိုင်ရခဲ့သောပွဲတွင် ၀န်ညမာ၏ ခြေစွမ်းက အဓိက အခန်းကဏ္ဍ အဖြစ် ပေါ်လွင်ခဲ့သည်။ ။

ဖာဂူဆန်သည် ဆဲလ်တစ်အသင်း၏ ဂန္တ၀င် ကစားသမား စိန်ဖော်လွန်၏ ဈာပန အခမ်းအနားသို့ ယနေ့တွင် တက်ရောက်မည် ဖြစ်သည်။ ။

video ၀င်ကြည့်ရန်

MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ