ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 December 2012

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှု သက်သေခိုင်ခိုင်မာမာမရှိမချင်းမည်သူမျှအပြစ်မရှိဟုဒေါ်အောင်ဆန်းစုကြည်ပြော



မုံရွာ၊ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန်းဖြိုခွဲမှုတွင်သက်သေခိုင်ခိုင်မာမာမရှိမချင်း မည်သူ့တွင်မျှ အပြစ်မရှိဟုလက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ''စုံစမ်းစစ်ဆေးရေးမှာ တရားဥပဒေစိုးမိုးရေးမူအရ သွားပါမယ်။ တရားဥပဒေစိုးမိုးရေးမူရဲ့ အခြေခံက ဘာလဲဆိုသက်ရှိထင်ရှားတယ်ဆိုတဲ့ သက်သေခိုင်ခိုင်မာမာလုံလုံလောက် လောက်မရှိသရွေ့ အပြစ်မဲ့လို့သတ် မှတ်ပါမယ်။ ခိုင်ခိုင်မာမာလုံလုံလောက်လောက်သက်သေ ရှိတဲ့အခါမှဘယ်သူဘယ်သူက အပြစ်ရှိ တယ်၊ ဘယ်လိုအပြစ်ရှိတယ်ဆိုတာ ဆုံးဖြတ်မှာပါ။ လူတိုင်းဟာ ကံ တရားရဲ့အကျိုးကို ခံစားပိုင်ခွင့် ရှိရမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ခု ထိတော့ ဘယ်သူ့ကိုမှအပြစ်ရှိတယ် လို့ မသတ်မှတ်သေးပါဘူး'' ဟု¤င်းက ပြောသည်။ လက်ရှိ အခြေအနေတွင်အဆိုပါကော်မရှင် အဖွဲ့ဝင်များသည်မုံရွာရှိ ကြေးနီစီမံကိန်းသို့ သွား ရောက်ကာ ရွာသူ၊ရွာသားများနှင့် တွေ့ဆုံလျှက် အခြေအနေများကို စုံစမ်းနေကြောင်းသိရသည်။ ယင်းစီမံကိန်းအားလေ့လာရာတွင် စီမံကိန်းကြောင့် ဒေသခံရွာသူ၊ ရွာသားများ၏လူမှုဘဝ၊ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊နိုင်ငံတော်နှင် နိုင်ငံသားများအတွက်တကယ် အကျိုးရှိမရှိကို ရေရှည်အမြင်ဖြင့်စုံစမ်းသွားမည်ဖြစ်ကြောင်း ¤င်းက ဆက်လက်ပြောသည်။ ''ကြေးနီစီမံကိန်းအလုပ်တွေကို ဘယ်လိုပုံစံနဲ့ လုပ်နေလဲ၊ သုံးတဲ့နည်းပညာတွေက အကောင်းဆုံး ပုံစံလုပ်နေရဲ့လား၊ပတ်ဝန်းကျင်ထိန်း သိမ်းရေးအမြင်နဲ့ကိုက်ညီရဲ့လား။ အဲဒါတွေကို လေ့လာပါမယ်။ ကော်မရှင်ကအသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖိတ်ခေါ်ပြီးအကြံ Óဏ်တောင်းဖို့၊ လေ့လာတဲ့နေရာမှာ ဖိတ်ခေါ်ဖို့လည်းစီစဉ်ထားပါ တယ်''ဟု ¤င်းက ဆိုသည်။ သို့ရာတွင်စုံစမ်းနေချိန်အတွင်းစုံစမ်းမှုများမလွဲချော်စေရန် စုံစမ်းရေးကော်မတီဝင်များအနေဖြင့် တွေ့ ရှိချက်များကိုထုတ်ဖော်ပြောကြား မည်မဟုတ်ကြောင်း၊လိုအပ်ပါက ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သတင်းထုတ်ပြန်ချက်များဖြင့်ပြည်သူများကိုအသိပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ''နိုင်ငံတော်ဟာ ပြည်သူအ ပေါ် တာဝန်ရှိတယ်ဆိုတဲ့အမြင်နဲ့ စုံ စမ်းပါတယ်။ အားလုံးကို တရားဥပဒေစိုးမိုးရေးအမြင်နဲ့ စုံစမ်းပါ တယ်။ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုနဲ့မှ အောင်မြင်နိုင်မယ်ဆိုတာ လက်ခံပါတယ်။ တတ်နိုင်သမျှပြည် သူနဲ့ ပူးပေါင်းပြီးစုံစမ်းမှုတွေ လုပ် သွားမှာဖြစ်ပါတယ်'' ဟု¤င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော လက်ပံတောင်းတောင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်ကို နိုင်ငံရေးပါတီများနှင့် လူမှုရေးနယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ် ၂၉ဦးဖြင့် ဒီဇင်ဘာလ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဒီဇင်ဘာလ ၃ရက်နေ့ တွင် လူပုဂ္ဂိုလ်၁၇ဦးဖြင့်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။


From :messenger

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ