ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 December 2012

RFA တရားစွဲခံရပြီ


RFA ကနေ အောက်တိုဘာလ ပိုင်းက အလုပ်ဖြုတ်လိုက်တဲ့ မြန် မာဌာနက ၀န်ထမ်း (၄)ဦးအပါဝင်  ကမ္ဘောဒီးယားဌာနက ၀န်ထမ်း(၃)ဦးနဲ့ လာအိုစ်ဌာနက ၀န်ထမ်း (၁)ဦး တို့နဲ့ပတ်သက်လို့ အမေရိကန်အလုပ်သမားသမဂ္ဂကနေ RFA ကို နိုဝင်ဘာလတွင်း ပြန်ပြီးတရားစွဲလိုက်ပါတယ်။

RFA အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်း (၈)ဦးလုံး အလုပ်နေတဲ့အချိန်မှာ ဘာအပြစ်မှမရှိပဲ လုံခြုံရေးအစောင့်အရှောက်တွေကို အသုံးပြုပြီး ရုံးကနေချက်ချင်းထွက်ဖို့နဲ့ RFA မှာ အလုပ်မလုပ်တော့ဘူးဆိုတဲ့စာချုပ်ကို လက်မှတ်ရေးထိုးဖို့ပြုလုပ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေးထိုးခိုင်းတဲ့ စာချုပ်မှာပါတဲ့အချက်တော်တော်များများဟာ အမေရိကန်ပြည်ထောင်စုကပြဌာန်းထားတဲ့ ဥပဒေတွေအပါအ၀င် အလုပ်သမားသမဂ္ဂနဲ့ RFA သဘောတူထားတဲ့ အချက်တွေကိုပါ ချိုးဖောက်ထားပါတယ်။

 ဒါအပြင် အလုပ်ထုတ်ခံရသူတွေကို နစ်နာကြေးသဘောမျိုးပေးမယ်ဆိုတဲ့ စာချုပ်ကို အလုပ်သမားဥပဒေအရ ပြန်လည်ညှိုနှိုင်းပြင်ဆင်ဆောင်ရွက်ဖို့ကိုလည်း RFA ကပျက်ကွက်ခဲ့ပါတယ်။

RFA က၀န်ထမ်းတွေအလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်သမားသမဂ္ဂအနေနဲ့ ဥပဒနဲ့အညီ RFA ကိုတရားစွဲ စိန်ခေါ်လိုက်ပါပြီ။ အဓိကအားဖြင့် အလုပ်ဖြုတ်ဖို့အတွက် ၀န်ထမ်းတွေကိုအသိပေးထုတ်ပြန်တဲ့စာနဲ့ပတ်သက်လို့ သမဂ္ဂနဲ့သဘောတူစာချုပ်အတိုင်း RFA အုပ်ချုပ်ရေးပိုင်းက သတ်မှတ်တဲ့အချိန်အလုံအလောက်မပေးတာ၊ အလုပ်ထုတ်ဖို့ဝန်ထမ်းတွေကိုရွေးချယ်ရာမှာ RFA ကမှန်မှန်ကန်ကန်မဆောင်ရွက်တာ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အလုပ်ဖြုတ်တာ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး တရားစွဲထားပါတယ်။

ဥပမာ မြန်မာနဲ့ ကမ္ဘောဒီးယားဌာနက အထုတ်ခံရတဲ့ ၀န်ထမ်းနှစ်ဦးဆိုရင် အလုပ်သမားသမဂ္ဂ၀င်အဖြစ် တက်တက်ကြွကြွဆောင်ရွက်ခဲ့ပြီး သမဂ္ဂနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်တွေကို RFA အုပ်ချုပ်သူတွေ ချိုးဖောက်တယ်ဆိုရင် ပြန်ပြီးထောက်ပြခဲ့တဲ့ အစဉ်အလာရှိသူတွေဖြစ်ပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ ၀န်ထမ်း (၈)ဦးစလုံးဟာ သူတို့ဌာနအသီးသီးမှာ အထုတ်မခံရပဲ ကျန်နေတဲ့ဝန်ထမ်းအများစုထက် လုပ်သက်ရင့်သူတွေဖြစ်ပါတယ်။

မြန်မာဌာနကအဖြစ်အပျက်မှာဆိုရင် လုပ်သက်တစ်နှစ်တောင်မပြည့်သေးတဲ့ဝန်ထမ်းတဦး အပါဝင် နောက်ဝန်ထမ်းတဦး စုစုပေါင်းနှစ်ဦးကို အယ်ဒီတာအဖြစ်ခန့်လိုက်ကြောင်း RFA အုပ်ချုပ်ရေးတာဝန်ရှိသူက ကြေညာပြီးနောက် တချိန်တည်းမှာပဲ ကျန်တဲ့ဝန်ထမ်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို မြန်မာဌာနတွင်း အလုပ်ဖြုတ်ဖို့ရှိတယ်ဆိုတဲ့ကြေညာချက်ကိုပြုလုပ်ခဲ့ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ RFA မြန်မာဌာနက အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေနေရာမှာ အချိန်ပိုင်းခန့်ထားသူတွေ အစားထိုးအလုပ်ခိုင်းစေတာဟာ အလုပ်သမားသမဂ္ဂနဲ့သဘောတူထားတဲ့စာချုပ်ကို RFA ကထင်ထင်ရှားရှားချိုးဖောက်နေပါတယ်။

ဒါအပြင် အလုပ်ဖြုတ်ခံရတဲ့ဝန်ထမ်းတွေအပေါ် ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်တွေကို ပြန်လည်ညှိုနှိုင်းဖို့RFA အုပ်ချုပ်ရေးပိုင်းကပျက်ကွက်တဲ့အချက်ကိုလည်း အလုပ်သမားသမဂ္ဂအနေနဲ့တရားစွဲထားပါတယ်။


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ