ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

10 December 2012

ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သောင်း(၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့၏ (၁၉) ကြိမ်မြောက် ပင့်သံဃာတော် (၁၀၈) ပါးတို့အား ကထိန်လျာ သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျောက္ကာကျေးရွာ၊ မဟာဗောဓိ ကျောင်းတိုက်ဝင်း အတွင်းရှိ သန္တိသုခ ဓမ္မာရုံတွင် နိုဝင်ဘာလ (၂၄) ရက်နေ့ (၈း၃၀) နာရီ အချိန် တွင် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊ မန္တလေးတိုင်း ဒေသကြီး နယ်မြေ တာဝန်ခံ၊ တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သီရိပျံချီ ဦးအောင်သောင်း(၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့၏ (၁၉) ကြိမ်မြောက် ပင့်သံဃာတော် (၁၀၈) ပါး တို့အား ကထိန်လျာ သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ ပင့်သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က “နမောတဿ’’ သုံးကြိမ်ပြိုင်တူ ရွတ်ဆိုရှိခိုး၍ ဖွင့်လှစ်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊ မန္တလေးတိုင်း ဒေသကြီး နယ်မြေတာဝန်ခံ၊ တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သီရိပျံချီ ဦးအောင်သောင်း(၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့၏ (၁၉) ကြိမ်မြောက် ပင့်သံဃာတော် (၁၀၈) ပါး တို့အား ကထိန်လျာ သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်
ရန်ကုန်မြို့၊ တိပိဋကဓရ မဟာဂန္ဓ၀င်ကျောင်းတိုက်၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာ ဂါရိက၊ အဂ္ဂမဟာ ပဏ္ဍိတ ရေစကြို ဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်မြတ်တို့က မေတ္တာသုတ်၊ ရတနာ သုံးပါးဂုဏ်တော်များကို ရွတ်ဖတ်သရဇ္စုယ် ကြသည်။ ၄င်းနောက် ပြည် ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊ မန္တလေးတိုင်း ဒေသကြီး နယ်မြေ တာဝန်ခံ၊ တောင်သာ မဲဆန္ဒနယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင် ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သီရိပျံချီ ဦးအောင်သောင်း (၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့မှ ဆရာတော် အရှင်သူမြတ်တို့အား ကထိန်လျာ သင်္ကန်းနှင့် အခြံအရံ လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး သီရိပျံချီ ဦးအောင်သောင်းမှ သာသနာရေး ဆိုင်ရာများနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များကို လျှောက် ထားပါသည်။
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ နာယက စာချ ဆရာတော် ၀ိနယ ပါဋိပါရဂူ ဘဒ္ဒန္တ က္ကန္ဒကာလင်္ကာရာ ဘိဝံသ မဟာထေရ်မြတ်က သာဓုအနုမောဒနာတရား နှင့် ရေစက်ချ တရားဟော ကြားချီးမြှင့်တော်မူစဉ်
ထို့နောက် လှူဒါန်းမှု အစုစုတို့အတွက် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ နာယက စာချ ဆရာတော် ၀ိနယ ပါဋိပါရဂူ ဘဒ္ဒန္တ က္ကန္ဒကာလင်္ကာရာ ဘိဝံသ မဟာထေရ်မြတ်က သာဓုအနုမောဒနာတရား နှင့် ရေစက်ချ တရားဟော ကြားချီးမြှင့်တော်မူသည်။ ၄င်းနောက် ဧည့်ပရိသတ် အပေါင်းက ’’ ဗုဒ္ဓ သာသနံ စိရံတိဌတု’’ သုံးကြိမ် ပြိုင်တူ ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်ပြီး နေ့လည် (၁) နာရီတွင် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအတိုင်ပင်ခံ)၊ မန္တလေး တိုင်းဒေသ ကြီး နယ်မြေတာဝန်ခံ၊ တောင်သာမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ သီရိပျံချီ ဦးအောင်သောင်း (၀န်ကြီး-ငြိမ်း) ဇနီး ဒေါ်ခင်ခင်ရီ မိသားစုတို့၏ (၁၉) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်ရာ သက်ကြီး ဘိုးဘွား (၆၂) ဦးတို့အား လက်ဆောင် ပစ္စည်းများနှင့် ဂါရ၀ပြု ကန်တော့ခဲ့ကြောင်း သတင်းရရှိပါ သည်။

 


 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ