ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 December 2012

ဒေါ်အောင်ဆန်းစုကြည် အစိုးရအာဏာရဖို့ ဖွဲ့စည်းပုံပြင်ဆင်နိုင်မလား – အမြင်သဘောထား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အများကောင်းကျိုးထမ်းရွက်နိုင်ဖို့ တိုင်းပြည်အာဏာလိုချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။
“နိုင်ငံခြားသတင်းထောက်တွေက မေးတယ်။ ၂၀၁၅ ကျရင် သမ္မတဖြစ်ချင်လားလို့မေးတယ်။ ကျမကလည်း ဖြစ်ချင်တယ်လို့။ ဖြစ်မှပဲ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာလို့။ ဒီတော့ ဟိုတလောက ၁ ရက် ၂ ရက်လောက်ကလည်း နိုင်ငံခြားက သတင်းထောက်တယောက်က မေးတယ်။ ကျမကိုနိုင်ငံ့ အာဏာလိုချင်လားတဲ့။ လိုချင်တယ်လို့ ကျမကပြောလိုက်တယ်။  လိုချင်တယ်ဆိုတော့
သူကဘယ်လိုပြောလဲဆိုတော့။ သူကနိုင်ငံခြားသတင်းထောက် အင်မတန်မှဝါရင့်တဲ့ သတင်းထောက်ဆိုတော့ နိုင်ငံအသီးသီးက နိုင်ငံရေးသမားတွေကို ဗျူးဖူးတယ်။ သူပြောတယ်။ သူဒီလောက်အများကြီး နိုင်ငံရေးသမားပေါ့နော်။ လူမျိုးပေါင်းစုံ နိုင်ငံပေါင်းစုံက နိုင်ငံရေးသမား အများကြီးကို ဒီမေးခွန်းမေးခဲ့ဖူးတယ်တဲ့။ တယောက်ကမှ အာဏာလိုချင်ပါတယ်လို့ မ၀န်ခံခဲ့ဘူးတဲ့။ ကျမတယောက်တည်း အာဏာလိုချင်တယ်လို့ ပြောတယ်။ ဒီတော့ ကျမက ပြောလိုက်တယ်။ ဟုတ်တယ်။ ကျမက အာဏာလိုချင်တယ်။ နိုင်ငံရေးအာဏာရမှ အစိုးရအာဏာရမှ ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို နိုင်ငံအတွက် လုပ်ပေးနိုင်မှာမို့လို့ လိုချင်တယ်လို့ ပြောတာ။ တခြားနိုင်ငံရေးသမားတွေက အာဏာမလိုချင်ဘူးလား မေးလိုက်တော့ သူကပြောတယ် လိုချင်တယ်တဲ့။ ဒါပေမယ့် သူတို့က ဘယ်တော့မှ မှန်မှန်ကန်ကန် မ၀န်ခံဘူးတဲ့။ အာဏာလိုချင်လို့ မဟုတ်ပါဘူး။ ပြည်သူလူထုအတွက်ပါ အစသဖြင့် အဲလိုပြောတယ်တဲ့။”
ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်နဲ့ ပတ်သက်လို့ —-
ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ)
“ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ဖို့ခရီးမှာ အဟန့်ကြီး ၂ ခုရှိနေပါတယ်။ တခုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ မှာပါတဲ့ ပြဋ္ဌာန်းချက်တွေ။ ဒုတိယတချက်က အခြေခံဥပဒေကိုပြင်တဲ့အခါမှာ ဘယ်လိုပြင်မလဲ၊ တခြားလမ်းကြောင်းတွေ မရှိတော့ဘူးလား။ သမ္မတလမ်းကြောင်းအပြင် ပြည်သူလူထုအတွက် ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးအာဏာရဖို့ တခြားနည်းလမ်းတွေ မစဉ်းစားတော့ဘူးလား၊ ကျနော်တို့ ၉၃-၉၅ အမျိုးသားညီလာခံတက်တဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နေနေရတဲ့အချိန်။ အဲအချိန်မှာ ကျနော်တို့ ကျနော်တို့နိုင်ငံမှာ ၀န်ကြီးချုပ်စနစ် ကျင့်သုံးဖို့ တင်ပြခဲ့တာရှိတယ်။ အခုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၀န်ကြီးချုပ်စနစ်ကို ကျင့်သုံးနေတာလည်း ရှိတယ်။ အဲတော့ နိုင်ငံတော်အာဏာရဖို့က သမ္မတ လမ်းကြောင်းတခုပဲ ရှိသလား။ တခြား ဖြစ်နိုင်ခြေလမ်းကြောင်းတွေ မစဉ်းစားဘူးလား။”
ရှေ့နေ ဦးဥာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ)
“၂၀၀၈ ဖွဲ့စည်းပုံအရ အများကြီး အခက်အခဲရှိပါတယ်။ အသွင်ကူးပြောင်းထားတဲ့ပါတီက အကြိမ်ကြိမ်။ သူတို့က အာဏာအများကြီးရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကလည်း အစဉ်တစိုက် ကြိုးစားနေရမယ့် ကိစ္စပဲ။ ပြည်သူလူထုအတွက် အာဏာယူဖို့က ဒီဟာပြင်နိုင်လေ အခြေအနေကောင်းလေ၊ မြန်လေလို့ ယူဆတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက ပြည်သူလူထု အားလုံးက ဂျာနယ်တွေ၊ သတင်းစာတွေ၊ အင်တာနက်တွေ ရှိတယ်။ ဒီကနေ အသံတွေသိပ်ကျယ်လာရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုက တိုးတက်မှုရှိနိုင်တယ်လို့ ပြောချင်တယ်။”

ဦးအေးသာအောင် (ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)
“သမ္မတဖြစ်မယ့် အရည်အချင်းသတ်မှတ်ချက်တွေ ဖော်ပြချက်အရဆိုရင် ၂၀၀၈ မပြင်ဘဲနဲ့ ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာရော၊ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အနေအထားမှာလည်းပဲ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ တိုင်းပြည်မှာပြင်သင့်ပြင်ထိုက်တာတွေ ပြင်ဖို့ ကြိုးပမ်းဆောင်ရွက်လုပ်နေတယ်။ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံပြင်နိုင်ရင်တော့ အလားအလာတွေ ရှိတယ်လို့ ပြောချင်ပါတယ်။”


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ