ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 December 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးအား India နိုင်ငံ အခြေစိုက် Sun Group မှ Vice Chairman ဖြစ်သူ Mr. Shiv Vikram khemka လာရောက်တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား India နိုင်ငံနှင့် Russia နိုင်ငံများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် Sun Group မှ Vice Chairman ဖြစ်သူ Mr. Shiv Vikram khemka ခေါင်းဆောင်သော အဖွဲ့ဝင် (၅) ဦးပါ အဖွဲ့သည် ရန်ကုန် မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။



တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့် India နိုင်ငံအခြေစိုက် Sun Group မှ Vice Chairman ဖြစ်သူ Mr. Shiv Vikram khemka နှင့်အတူ Sun Group မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းရင်း၊ အစိုးရ လုပ်ဆောင်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီလုပ်ဆောင်နေကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အကျိုးရှိမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေးကူညီလျက်ရှိပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအနက် လူထုအခြေပြု Foundation များဖွဲ့ စည်းထားပါကြောင်း၊ Foundation အချင်းချင်း အပြန်အလှန် ချိတ်ဆက်သွားလျှင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ရှိပြီးချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲပြီး၊ လူ့စွမ်းအား အရင်းအမြစ် ရှင်သန်တိုးတက်လာမည် ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားကြရန် ခင်မင်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် လုပ်ကိုင်နေသည့် Sun Group မှ Vice Chairman  Mr. Shiv Vikram khemka နှင့် အဖွဲ့ဝင် များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သတင်းရရှိပါသည်။




 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ