ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 January 2013

မြောက်ဦးမှာစပါးတွေပျောက်တာဘယ်သူ့မှာတာဝန် ရှိသလဲ


ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပဋိပက္ခဖြစ်
ပွားခဲ့သည့် နောက်ပိုင်း ရခိုင်လူမျိုးများ
လုပ်ကိုင်စားသောက်နေကြသည့် လယ်ကွင်း
များတွင် ယခုရက်ပိုင်းအတွင်း၌ ရိတ်သိမ်းပြီး

 စပါးကောက်လှိုင်းများမှာ နေ့စဉ်ရက်ဆက် ဆိုသလို ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

“အခုလို ကျွန်တ်ာတို့ ရခိုင်လူမျိုးတွေပိုင်တဲ့ လယ်မြေတွေမှာ စပါးတွေ အခိုးခံနေရခြင်းဟာ အဲဒီမူဆလင်တွေရဲ့ ညအချိန် သောင်းကျန်းမှုတွေကို ကြောက်ပြီး ကိုယ့်လယ်မှာကို စောင့်မအိပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ 

အခုကျွန်တော်တို့ လယ်တွေက စပါးတွေကို ခိုးနေတာဟာ ပုရိမ်နဲ့ ပေါင်းတုပ်ရွာက ကုလားတွေဖြစ်ပါတယ်။ သက်ဆိုင်ရာကို သွားတိုင်ရင်လဲ ဘာမှ လုပ်လို့မပေးဘူး။ အတိအကျသိလို့ တိုင်ရင်လဲမရဘူး။ 

အဲလိုလုပ်နေတာဟာ ဘင်္ဂလီတွေကို ထပ်ခိုးဖို့ တိုက်တွန်း တာနဲ့ တူနေပါတယ်။”ဟု စပါးအခိုးခံရသူ လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်အေးထွန်းက Arakan Review သို့ ပြောသည်။

ကုန်ခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလတို့အတွင်းကလည်း မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် အဆိုပါ ပြဿနာများ ဖြစ်ပွားခဲ့ပြီးဖြစ်ကာ (၂၃၊ ၁၄၊ ၂၀၁၂) တနင်္ဂနွေနေ့က မြောက်ဦးမြို့ ရွာဟောင်းတောမှ လယ်သမား ဦးမောင်အေးထွန်း ပိုင်ဆိုင်သည့် လယ်မှ စပါးကောက်လှိုင်း (၁၃) လှိုင်း (၂၄၊ ၁၂၊ ၂၀၁၂) ရက်နေ့တွင် ရွာဟောင်းတောရွာမှ ဦးမောင်ထွန်းသာ၏ လယ်မှ ကောက်လှိုင်း (၂၀) လှိုင်း၊ (၂၆) ရက်နေ့တွင် (၂၈) လှိုင်း၊ (၂၈) ရက်နေ့တွင် (၁၉) လှိုင်း၊ စုစုပေါင်း (၆၇) လှိုင်း၊ ဆုံးရှုံးခဲ့ရပြီး၊ 

ရွာဟောင်းတောရွာမှ လယ်သမား နောက်တစ်ဦးဖြစ်သည့် ၄င်းရွာနှင့်ကပ်လျှက် ရှိနေသည့် မောင်သာကုန်း ကျေးရွာမှ ဦးကျော်လှထွန်း၏ လယ်မှ (၅၅) လှိုင်း၊ စုစုပေါင်း (၂၂၂) လှိုင်းတို့မှာ ခိုးယူခံလိုက်ရပြီး ၄င်းရွာနှင့်ကပ်လျှက် တည်ရှိနေသည့် မောင်သာကုန်းကျေးရွာ မှ ဦးမောင်သာစိန်၏ လယ်မှလည်း (၃၊ ၁၊ ၂၀၁၃) ကြာသပတေးနေ့တွင် (၁၁၈) လှိုင်းတို့မှာ ပျောက် ဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလယ်သမား (၃) ဦးတို့မှာ မြောက်ဦးမြို့နယ်အတွင်းရှိ အမှတ် (၃၇၈) တပ်ရင်းမှ သိမ်းယူထားသည့် လယ်မြေများကို သီးစာခပေးပြီး ငှားရမ်း လုပ်ကိုင်နေသည့် လယ်မြေများဖြစ်ကြောင်းသိရကာ တခြားကျေးရွာများတွင်လည်း လုပ်ကိုင်စားသောက်နေကြသည့် ဆောင်းသီးနှံစိုက်ခင်းများမှာလည်း ဖျက်ဆီခံနေရခြင်းများ ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ