ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

6 January 2013

သမ္မတထံအိတ်ဖွင့်ပေးစာရေးခဲ့သည့် မောင်ခိုင်ခန့် (အမျိုးသားစာပေဆု) ရိုက်နှက်ခံရ


၂၀၁၀ ရွေးကောက်ပွဲပြီးနောက် နိုင်ငံတော်
သမ္မတထံ အိတ်ဖွင့်ပေးစာများရေးသားခဲ့ပြီး
 ပထမဆုံး လုံးချင်းစာအုပ်ထုတ်ခဲ့သူ
 မြန်မာနိုင်ငံစာရေးဆရာအသင်း


ဗဟိုအလုပ်အမှုဆောင် မောင်ခိုင်ခန့် (အမျိုးသားစာပေဆု)သည် ဒီဇင်ဘာ ၂၉ ရက်ညတွင် ရိုက်နှက်ခံရ၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့တက်ရောက်ခဲ့ရကြောင်း သတင်းရရှိသည်။

ရိုက်နှက်ခံရသည့်ညပိုင်းတွင် ၄င်းကိုယ်တိုင် မြန်မာသံတော်ဆင့်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ ““လွန်လွန်းအားကြီးလို့ ဖုန်းဆက်ရတာပါ။

ကိုယ့်ကို စော်ကားတာနှစ်ခါရှိပြီ။ မိန်းမနဲ့ ကလေးကို သွားခေါ်ရင်း အရိုက်ခံရတာ။ ဒီလူတွေက တစ်ချိန်က ကိုယ်ပဲ ကျွေးမွေးခဲ့ရတာပါ””ဟု ဦးခိုင်ခန့်ကပြောသည်။

ဇန်န၀ါရီ ၁ ရက်တွင် ဆေးရုံမှဆင်းခဲ့ပြီဖြစ်ကြောင်း၊ ခပ်၀၀လူတစ်ယောက်နှင့် ရဲတစ်ယောက်လာ၍ ဆေးစစ်ချက်ယူကြောင်း ၄င်းက ထပ်မံ၍ ပြောကြားခဲ့သည်။

ဦးခိုင်ခန့်သည် ယခင် န၀တအစိုးရခေတ်က ၀န်ကြီးအချို့၏ မိန့်ခွန်းများကို နောက်ကွယ်မှ ရေးသားဖူးပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဌာနချုပ် ပညာရေးရာဌာနမှူးဟောင်းတစ်ဦးလည်းဖြစ်ကာ လက်ရှိတွင် စာရေးဆရာအလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်းလျက်ရှိကြောင်း သိရသည်။

Myanmartandawsint Newspaper

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ