ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 January 2013

အထူးခြားဆုံးဖြစ်ရပ် - ၁၀





ဒေါ်အောင်ဆန်းစုကြည် ကုလားဖက်မှရပ်တည်ခဲ့သော ရခိုင်ပဋိပက္ခ

၂၀၁၂ မေလကုန်ပိုင်းတွင် ရခိုင်တိုင်းရင်းသူတစ်ဦး အဓ္မမပြုကျင့်ခံရခြင်းက စတင်လိုက်သည့် လူမျိုးရေးအသွင်ဆောင်
သည့် ရခိုပြည်နယ်တွင်း ပဋိပက္ခမီးက ၂၀၁၂ နှစ်ကုန်သည့်တိုင် မငြိမ်းနိုင်သေး။ ဘင်္ဂါလီလူမျိုးသုံးဦး၏ အဓမ္မပြုကျင့်ခံရ သည့် မသီတာထွေး၏ သတင်းနှင့် ဓာတ်ပုံများ လူထုအတွင်းပျံ့နှံ့ထွက်ပေါ်လာပြီးနောက် ဇွန် ၃ ရက်တွင် တောင်ကုတ်မြို့ခံများက အဝေးပြေးကား တစ်စီးပေါ်လိုက်ပါလာသည့် အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား ၀ိုင်းဝန်းရိုက်
နှက် သတ်ဖြတ်လိုက်ကြသည်။


ဤတွင် ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခက အကြီးအကျယ် စတင်တော့သည်။ ညမထွက်ရ အမိန့်များ ထုတ်ပြန်ရသည်။ စစ်တပ် တပ်ရင်း ၅၁ ရင်း နှင့် န.စ.က အင်အား ၁၀၀၀၊ ရဲအင်အား ၅၀၀၀ တို့ အလုံးအရင်းချကာ ပဋိပက္ခကို တားဆီးရန် ကြိုးစားရသည်။ နိုင်ငံအနှံ့ အပြန်အလှန် ဆန့်ကျင်ဆန္ဒပြကြသည်။ နိုင်ငံတကာက ထိုပဋိပက္ခကို မျိုးတုံးသတ်ဖြတ်မှုအဖြစ် အမည်တပ်လာကြသည်။ အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းပုံကို ၀ိုင်းထောက်ပြကြ၏။
အစ္စလာမ်ကမ္ဘာမှ ခြိမ်းခြောက်သံကို စကြားရ၏။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများအပေါ် သံသယနှင့်စိုးရိမ်သံများ ထွက်ပေါ်လာရသည်။

ခြောက်လကြာ ကာလအတွင်း လောင်စာများစွာဖြင့် ပိုအရှိန်မြင့်လာသည့် ရခိုင်ပဋိပက္ခက ငြိမ်လိုက်၊ ဖောက်လိုက်။ နှစ်ကုန်ပိုင်းတွင် အနည်းငယ် ငြိမ်သက်လာပြီဟု ယူဆနိုင်သော်လည်း မြို့နယ်အချို့တွင် ညမထွက်ရ အမိန့် မရုပ်နိုင်သေးပါ။ ရခိုင်ပြည်နယ်မှ ပဋိပက္ခလုံးဝချုပ်ငြိမ်းရန်မှာ ညင်သာသိမ်မွေ့စွာဖြင့် ကာလရှည် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

နှစ် ၂၀ ကျော် သပိတ်မှောက်ပြီးနောက် အမြင်မှန်ရလာသော NLD ပါတီ မှတ်ပုံတင်ကာ ရွှေးကောက်ပွဲဝင်ရောက်


 နိုင်ငံရေးအခင်းအကျင်းသစ်များနှင့် လွှတ်တော်နိုင်ငံရေးသို့ ၀င်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ မြန်မာ့နိုင်ငံရေးမှတ်တမ်းတွင် အခန်းကဏ္ဍ ကြီးကြီးမားမားမှ ပါဝင်ခဲ့သည်။

အတိုက်အခံ ပါတီအဖြစ်မှ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီး လွှတ်တော်နိုင်ငံရေး လမ်းကြောင်းပေါ် လျှောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခြင်းကပင် ပြည်တွင်းပြည်ပအသိုင်းအ၀ိုင်းက ရွေးကောက်ပွဲအပေါ် ပိုမိုအာရုံစိုက်စေခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲ အောင်ပွဲပြီးနောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စကားရပ်တစ်ခုကြောင့် လွှတ်တော်တက်ရေး၊ မတက်ရေးကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် နိုင်ငံရေး အကျပ်တည်းတစ်ခုသို့ ရောက်စေခဲ့သည်။ နောက်ဆုံးတွင် ဒီချုပ်သည် လွှတ်တော်တက်မည်ဟုကြေညာပြီး ၎င်းအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ထို့နောက်ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံးပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံခရီးစဉ်ကို မေလကုန်ပိုင်းတွင် ထွက်ခွာခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံအပါအ၀င် ဥရောပခရီးရှည်ကို ဇွန်လအတွင်း ၁၇ ရက်ကြာ ထွက်ခွာခဲ့သည်။
ထိုခရီးစဉ်ကတော့ ထူးခြားမှုများနှင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ဗြိတိသျှ ပါလီမန်တွင် ပြောကြားသော မိန့်ခွန်းက တစ်ကမ္ဘာလုံးကို လှုပ်နှိုးစေခဲ့သည်။ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဗယ်ငြိမ်းချမ်းရေးဆု ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူစဉ် ပြောကြားသော မိန့်ခွန်း အပါအ၀င် ဥရောပခရီးစဉ်တစ်လျှောက် ၎င်း၏ အရှိန်အ၀ါကြီးမားမှုကိုလည်း တစ်ချိန်တည်းမှာပဲ မြင်ခဲ့ကြရသည်။
နောက်နှစ်လအကြာ စက်တင်ဘာ တတိယပတ်အတွင်း သွားရောက်ခဲ့သော အမေရိကန်ခရီးစဉ်ကလည်း အမေရိကန် အပါအ၀င် အနောက်အုပ်စု၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများကို အကြီးမားဆုံး ဖြေလျှော့မှုများ ဖြစ်ပေါ်စေခဲ့သည်။


သမ္မကြီးဦးသိန်းစိန်မှ အကျဉ်းသား များစွာလွှတ်ပေး
 
အရပ်သားအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် တစ်နှစ်အတွင်း ငါးကြိမ်ပေးခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သူများက နိုင်ငံရေးသမားများနှင့် ရာဇ၀တ်သားများဖြစ်သည်။ ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင်မူ ယခင်အစိုးရလက်ထက်ရော ယခုအရပ်သားအစိုးရ လက်ထက်တွင်ပါ ပေးခဲ့ဖူးသမျှ လွတ်ငြိမ်းချမ်းသာခွင့်များတွင် နိုင်ငံအတွင်း အကြီးမားဆုံးဂယက်ရိုက်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်က ဇန်န၀ါရီ ၁၃ ရက်က ဖြစ်သည်။ ကိုကိုကြီး၊ မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဦးခွန်ထွန်းဦး တို့ကဲ့သို့သော တိုင်းရင်းသားခေါင်းဆောင်
များအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

စာပေစိစစ်မှုရပ်နား ပြီးနောက် တာဝန်မခံသည့် သတင်းများ၊ လိင်အသားပေး ဓာတ်ပုံများ ပေါ်လာ


 နိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေသည့် စာလုံးတစ်လုံးတိုင်း၊ ရုပ်ပုံတစ်ပုံတိုင်းကို ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင်ခွင့်ပြုချက်တောင်းခံရသည့် ဆယ်စုနှစ် ငါးခုနီးပါးကြာ စာပေစိစစ်မူဝါဒကို ၄၈ နှစ်နှင့် နှစ် ပတ်ကြာ ၂၀၁၂ သြဂုတ်လ ၂၀ ရက်တွင် ရပ်နားလိုက်ပြီဖြစ်သည်။ ထိုနေ့မှစကာ ပြည်တွင်း၌ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အပြည့်အ၀ရရှိခဲ့ပြီဟု ဆိုနိုင် သော်လည်း ရေးသားထုတ်ဝေပြီး သမျှကို စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနသို့ ပြန်လည်တင်ပြနေရခြင်း၊ ၁၉၆၂ ပုံနှိပ်ဥပဒေအား ပြင်ဆင်ပယ်ဖျက်ခြင်း မရှိသေးခြင်း၊ ပုံနှိပ်မီဒီယာ ဥပဒေ မှာယခုအချိန်အထိ မူကြမ်းအဆင့်ပင် ထွက်မလာသေးခြင်းတို့က လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ရရှိသော နိုင်ငံ
တစ်နိုင်ငံအဖြစ် ကြေညာမှတ်သားနိုင်ရန် အဟန့်အတား ဖြစ်နေသေးသည်။

သို့သော် ၂၀၁၂ ကုန်လုနီးအချိန် ဒီဇင်ဘာ ၂၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ကြေညာခဲ့သည်။ အရပ်သားအစိုးရသက်တမ်း ၂ နှစ်ပြည့်မည့် ဧပြီ ၁ ရက်တွင် နေ့စဉ်ထုတ်သတင်းစာများ
ခွင့်ပြုမည့်သတင်းဖြစ်သည်။ ပြည်တွင်း မီဒီယာလောကသားများ တောင်းဆိုနေခဲ့ကြသည့် နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၂ က သတင်းမီဒီယာသမားများအတွက် မင်္ဂလာနှစ်ဆိုက
လည်းမှားမည်မထင်။


တန်ဆောင်မုန်းလပြည့်ညတွင်း ဘုရားမသွားပဲ လမ်းပေါ်အိပ်နေသောဘုန်းကြီးများ ဘုရားမှ ဒဏ်ခတ်

နိုဝင်ဘာ ၂၅ ရက် အရုဏ်တက်လုနီးနီး နံနက် ၃ နာရီဝန်းကျင်က တန်ဆောင်မုန်းလပြည့်ညတွင်း ဘုရားမသွားပဲ လမ်းပေါ်အိပ်နေသောဘုန်းကြီးများ ဘုရားမှ ဒဏ်ခတ် သဖြင့်  သံဃာတော်များနှင့် ဒေသခံများ စုစုပေါင်း ၄၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ အထူးသဖြင့် သံဃာတော်များတွင် ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

စည်းမဲ့ကမ်းမဲ့ ဆန္ဒပြ များပြားလာ

လူငါးယောက်ထက် ပိုမို စုဝေးလျှင် အဖမ်းခံရနိုင်သော အခြေအနေအောက်တွင် ဆယ်စုနှစ်ငါးခုကြာ နေထိုင်ခဲ့ရသည့် မြန်မာပြည်သူများမှာ ၂၀၁၂ ဇူလိုင် ၅ ရက် မှစ၍ တရားဝင် ဆန္ဒပြနိုင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ” ကို ပြဋ္ဌာန်းခဲ့၍ ဖြစ်ပါသည်။ နိုင်ငံသားများအတွက် မိမိတို့၏ ရပိုင်ခွင့်နှင့်ဆန္ဒများ ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသော အဆိုပါ ဥပဒေက အာဆီယံနိုင်ငံအချို့ထက်ပင် နိုင်ငံရေး၌ ပိုမိုပွင့်လင်းလာကာ စစ်အာဏာရှင်မှ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းမှု ပိုမိုအားကောင်းစေခဲ့သည်။ ဥပဒေထွက်ပြီး အခွင့်အရေး ပထမဆုံးအသုံးချသူများမှာ စက်မှုဇုန်များကြောင့် လယ်ယာမြေအသိမ်းခံရသော လယ်သမားများဖြစ်ပြီး ဇူလိုင် ၁၅ ရက်က ဥပဒေနှင့်အညီ ဆန္ဒပြခဲ့သည်။ ထို့နောက် အကြောင်းအရာ မျိုးစုံအတွက် ဆန္ဒပြမှုများမှာ နိုင်ငံတစ်ဝန်း မကြာခဏပြုလုပ်လာကြသည်။ ခွင့်ပြုချက်ဖြင့် ဆန္ဒပြသူများစွာရှိသကဲ့သို့ ခွင့်မပြုဘဲပြသူများလည်း ရှိခဲ့သည်။ သို့သော် နိုင်ငံရေးလေ့လာသူနှင့် ဆန္ဒပြပွဲများ ဦးဆောင်ကူညီပေးသော လှုပ်ရှားတက်ကြသူများက နည်းဥပဒေပါ အချို့အချက်အချို့ကို မကြိုက်နှစ်သက်ကြပေ။


တစ်ဒေါ်လာခြောက်ကျပ်၏နိဂုံး၊ ထိန်းချုပ်ငွေလဲနှုန်းရှင်နိဒါန်း

တစ်ဒေါ်လာခြောက်ကျပ်နှင့် ညီသည်ဟု မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သတ်မှတ်ခဲ့သော အစိုးရ၏ တရားဝင် ငွေလဲနှုန်းမှာ ၂၀၁၂ ဧပြီ ၂ ရက် တွင်မှ နိဂုံးချုပ်သွားသည်။ ခေတ်စနစ်နှင့်မလျော်ညီ၍ စီးပွားရေးပညာရှင်နှင့် လုပ်ငန်းရှင်တိုင်းက အစိုးရငွေ၏ တရားဝင်ငွေလဲနှုန်း ပြောင်းလဲစေလိုသော ဆန္ဒမှာ ဧပြီ ၂ ရက်တွင်မှ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်ဖြင့် စတင်၍ ထိန်းချုပ်ငွေလဲနှုန်းရှင် စနစ် (Manage Floating System) ကျင့်သုံးလိုက်သောအခါတွင်မှ ပြည့်ခဲ့သည်။ ထိန်းချုပ်ငွေလဲနှုန်းရှင်စနစ် စတင်ကျင့်သုံးမှုမှာ အစိုးရသစ်လက်ထက် ငွေကြေးမူ ၀ါဒ၊ ဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒ ပြောင်းလဲမှုများတွင် ယခုအချိန်အထိ အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်သည်။ တစ်ဒေါ်လာ ခြောက်ကျပ် သတ်မှတ်စဉ်က မှောင်ခိုဈေးကွက်အတွင်းမှ ဈေးနှုန်းနှင့် ကွာဟမှုလွန်စွာများပြားခဲ့သော်လည်း ယခုအခါ ကွာဟမှုများစွာ ကျဉ်းမြောင်းသွားပြီး မှောင်ခိုဈေးကွက်၏ ပမာဏကို လျှော့ချနိုင်ခဲ့သည်။ သို့သော် ငွေလဲနှုန်းမှာ တရားဝင်နှုန်း၊ အပြင်ဈေးကွက်နှုန်း၊ FEC ဈေးနှုန်းဟူ၍ သုံးမျိုးရှိနေသေးပြီး ပို့ကုန်ရငွေနှုန်းမှာသာမှစ၍ မရှိတော့ပေ။ ဗဟိုဘဏ်က ဆောင်ရွက်နေသော နိုင်ငံခြားငွေ တစ်ခုတည်းသောနှုန်း ပေါင်းစည်းရေးအတွက် ထိန်းချုပ်ငွေလဲနှုန်းရှင် စနစ်အောင်မြင်စွာ ကျင့်သုံးမှုမှာ ကြီးမားသော ခြေလှမ်းတစ်လှမ်းဖြစ်ခဲ့ပြီး ယခင်ထက် ငွေလဲနှုန်းများစွာ တည်ငြိမ်သွားသော်လည်း ပို့ကုန်အခြေပြု မြန်မာနိုင်ငံတွင် လက်ရှိငွေလဲနှုန်းများမှာ ပို့ကုန်လုပ်ငန်းများကို ကူညီပေးနိုင်သော ပို့ကုန်လုပ်ငန်းရှင်များအကြိုက်နှုန်း မဟုတ်သေးပါ။ ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်း တိုက်ရိုက်ချိတ် ဆက်နိုင်သော်လည်း လယ်ယာထွက်ကုန်၊ အထည်နှင့်ရေထွက်ကုန်စသော ပို့ကုန်လုပ်ငန်းများကို ကူညီနိုင်သော နှုန်းမဖြစ်သေးခြင်းကြောင့်ပင် ကျဆင်းနေသော မြန်မာစီးပွားရေးအပေါ် ထိန်းချုပ်ငွေလဲနှုန်းရှင် သတ်မှတ်မှုက အကျိုး
သက်ရောက်မှုများစွာ မရှိစေခဲ့ပါ။ ပို့ကုန်လုပ်ငန်းများကတော့၎င်းတို့အား ပိုမိုအကူအညီဖြစ်စေမည့် နှုန်းရောက်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။

အိုဘားမား၏ သမိုင်းဝင် ခြောက်နာရီ

ယခုနှစ်ပိုင်းအတွင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော အိမ်မက်ဆန်ဆန် အဖြစ်အပျက်၊ အပြောင်းအလဲများထဲတွင် အိုဘားမား၏ ခရီးစဉ်လည်းပါသည်။ ကမ္ဘာ့စူပါပါဝါ အမေရိကန်သမ္မတ အိုဘားမားက Air Force လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာမည်ဟု ၂၀၁၂ အောက်တိုဘာလခန့်က ပြောသူရှိလာလျှင် ထိုလူရူးနေသည်ဟုပင် သတ်မှတ်ကြလိမ့် မည်။ အမေရိကန်သမ္မတအိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ စီးနင်းလာသော Air Force လေယာဉ်ကြီး နှစ်စီး မှာ နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာ ရီ မိနစ် ၄၀ ၀န်းကျင်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာကာ သမိုင်းဝင် ခြောက်နာရီ ခရီးစတင်ခဲ့သည်။ အမေရိကန်သမ္မတများထဲတွင် ပထမဆုံး မြန်မာနိုင်ငံသို့လာ သော အိုဘားမားက နိုင်ငံတော် သမ္မတဦးသိန်းစိန်၊  လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ အရပ်ဘက်အဖွဲ့အစည်းများမှ ထင်ရှားသူများနှင့် တွေ့ဆုံဆွေး နွေးသွားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိနစ် ၃၀ ကြာ သမိုင်းဝင် မိန့်ခွန်းပြောကြားခဲ့သည်။ အိုဘားမားခရီးစဉ် မတိုင်မီမှာပင် အမေရိကန်က မြန်မာအပေါ်ပိတ်ဆို့ထားသည်များမှ မြန်မာ ပို့ကုန်များကို တရားဝင် တင်သွင်းခွင့်ပြုခဲ့ခြင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ၂ နှစ်အတွင်း ဒေါ်လာ သန်း ၁၇၀ ပေးအပ်ရန် ကြေညာခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော် ယင်းတို့ထက် တန်ဖိုးရှိသည်မှာ တရုတ်နိုင်ငံ၏ လွှမ်းမိုးလာမှုကို ပြန်လည်ထိန်းညှိနိုင်ရန် အမေရိကန်နှင့် ဆက်ဆံရေး ခြေတစ်လှမ်းတိုးနိုင်ခြင်း၊ အိုဘားမား ခရီးစဉ်ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ကမ္ဘာက ပိုမိုသတိထား အသိ အမှတ်ပြုလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် ယုံကြည်မှု တိုးလာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။


အစိုးရအဖွဲ့အတွင်း အကြီးမားဆုံးအပြောင်းအလဲ

နိုင်ငံရေးအပြောင်းအလဲ ပြုလုပ်နေချိန်တွင် ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့ရစ်မည်ဟု နိုင်ငံတော်သမ္မတက ပြောကြားအပြီး သုံးလကျော်အကြာတွင် သမ္မတက အစိုးရအဖွဲ့အတွင်း ကြီးမားသော အပြောင်းအလဲများကို ပြုလုပ်ခဲ့သည်။ သြဂုတ်လ ၂၇ ရက် ၁၈ နာရီ (ညနေ ၆ နာရီ) ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးကိုးဦး ပြောင်းလဲ တာဝန်ပေးပြီး ဒုတိယ၀န်ကြီး၁၅ ဦးအား အသစ်ခန့်အပ်ကာ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို အရှိန်ပြင်းပြင်းဖြင့် စတင်ခဲ့သည်။ သြဂုတ် ၂၈ရက်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုသည်။ စက်တင်ဘာ ၄ရက်တွင် သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ်ခန့်အပ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်သည်။ အပြောင်းအလဲများမှာ ဤတွင် မပြီးသေးဘဲ ယခင်ပြည်ထောင်စု
ဝန်ကြီးဌာန ၃၄ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ထားရာမှ သြဂုတ် ၃၁ ရက်တွင်ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနကိုမူ ဖျက်သိမ်းခဲ့သည်။ ထူးခြားမှုမှာ အစိုးရအဖွဲ့တွင် အရပ်သားပညာရှင်များကို ခန့်အပ်ခဲ့ပြီး အမျိုးသမီးလေးဦးမှာလည်း အစိုးရအဖွဲ့တွင်း ခန့်အပ်ခြင်းခံခဲ့ရသည်။ ယခင်ဝန်ကြီးဌာနသုံးခုပင် ရှိနေသော သမ္မတရုံးဝန်ကြီးဌာနကို ခြောက်ခုအထိ ထပ်မံတိုးချဲ့ခဲ့သည့်အတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်အားပြိုင်မှုများ ဖြစ်ခဲ့ပြီးနောက် သမ္မတရုံးဝန်ကြီးဌာနကို ထပ်မံတိုးချဲ့ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့ကလည်း သုံးသပ်မှုများရှိသည်။


ပိတ်ဆို့မှုများပြန်လည်ရုပ်သိမ်း

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အစိုးရက အမြဲလိုလားခဲ့သော အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၏ ဆုလာဘ်အဖြစ် ၂၀၁၂ တွင် ရရှိခဲ့သည်။
ပိတ်ဆို့မှုများကို ဖယ်ရှားပေးပြီး အကူအညီအမြန်ဆုံး ပေးသော နိုင်ငံမှာ နော်ဝေနိုင်ငံဖြစ်ကာသြစတြေးလျကလည်း ဇန်န၀ါရီလဆန်းတွင် မြန်မာဝန်ကြီးများအပေါ် ငွေကြေးနှင့် ခရီးသွားလာခွင့်များ ပိတ်ပင်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများအနက် ပထမအဆင့်အဖြစ် သမ္မတအပါအ၀င် အစိုးရ ထိပ်ပိုင်းအရာရှိများကို ဗီဇာပိတ်ပင် တားမြစ်ထားခြင်းကို ဇန်န၀ါရီ ၂၃ ရက်တွင် ဖယ်ရှားပေးခဲ့ကြောင်း ကြေညာသည်။ ထို့နောက် ဧပြီလနောက်ဆုံးပတ်တွင် ဥရောပသမဂ္ဂအဖွဲ့က လက်နက်ရောင်းချ ပိတ်ပင်မှုမှလွဲ၍ စီးပွားရေးအရ ပိတ်ဆို့မှုအားလုံး တစ်နှစ်ဆိုင်းငံ့လိုက်သည်။ အမေရိကန်နိုင်ငံကလည်း ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ကို ဇူလိုင် ၁၁ ရက်မှ စတင်ခွင့်ပြုခဲ့သည်။ သို့သော် လက်နက်တင်ပို့ရောင်းချမှုကို ဆက်လက်တားမြစ်ထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်နှင့် ဥရောပမှ ဖြေလျှော့မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာပို့ကုန်များ အမေရိကန်သို့ တင်သွင်းခွင့် အိုဘားမားက ခွင့်ပြုပေးခဲ့သည်။
From : 7day

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ