ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 January 2013

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ယနေ့အခါသမယသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ ဖြစ်ပါသည်။ ဤနေ့ထူးနြေ့မတ် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသား ပြည်သူအပေါင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ရှေးအစဉ် အဆက်ကတည်းက ကိုယ့်ထီးကိုယ့်နန်းဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားလိုက်နာကာ အချင်းချင်း ရိုင်းပင်းကူညီပြီး ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့သူများ ဖြစ်ပါသည်။ သို့သော် ၁၉ ရာစုနှောင်းပိုင်းတွင် ကိုလိုနီနယ်ချဲ့တို့၏ မတရားကျူးကျော်နယ်ချဲ့မှုကြောင့် မြန်မာ့ရေမြေနှင့် အချုပ်အခြာအာဏာသည် ဆုံးရှုံးခဲ့ရပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသား အသီးသီးတို့က မိမိတို့ဒေသအလိုက် ရရာလက်နက်များ စွဲကိုင်၍ နယ်ချဲ့တို့ကို တွန်းလှန်ခဲ့ကြသော်လည်း အင်အားချင်းမမျှ၍ သူ့ကျွန်ဘဝရောက်ခဲ့ရခြင်း ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ့မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ မြန်မာလူမျိုးတို့၏ ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ကိုယ်ပိုင်စာပေနှင့် ဘာသာစကားများကို ပျက်ြပားအောင် စနစ်တကျ စီမံလုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်းသားအချင်းချင်း သွေးစည်းချစ်ခင် ညီညွတ်မှုပျက်ပြားအောင် တောင်ပေါ်နှင့် မြေပြန့်ဟူ၍  ခွဲခြားအုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသားအချင်းချင်း သံသယဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ကျွန်သက်ရှည်စေရန်အတွက် ကျွန်ပညာရေးစနစ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ခေတ်ပညာတတ် မျိုးချစ်လူငယ်များသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့ကြပါသည်။

ကိုလိုနီနယ်ချဲ့တိုကို တွန်းလှန်နိုင်ခဲ့သော်လည်း ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ပြည်သူတို့ ခါးစည်းခံခဲ့ရပြန်သည်။ ထိုအခါ တပ်မတော်နှင့် ပြည်သူသည် ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ရပါသည်။ ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ နယ်ချဲ့အစိုးရ ပြန်လည်ဝင်ရောက် လာသောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ ကြရပါသည်။ လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူအားလုံး အပြည့်အဝ ရရှိခံစားနိုင်ရေအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့၏ ကာယ၊ ဉာဏ စုပေါင်းအားအပြင် အသက်၊ သွေး၊ ချွေးတို့ကိုရင်း၍ ဆောင်ရွက်ခဲ့ကြသည့် အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော၊ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။ ယခု ၂ဝ၁၃ ခုနှစ်ဆိုလျင် (၆၅) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မြန်မာ့လွတ်လပ်ရေးသည် တိုင်းရင်းသားညီအစ်ကို အပေါင်းနှင့် ဘိုးဘွားတို့၏ အသက်ပေါင်း များစွာဖြင့် လဲလှယ် ခဲ့ရပါသည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကြီး သားစဉ်မြေးဆက် ထာဝစဉ် တည်တံ့ခိုင်မြဲစေရန်မှာ ယနေ့နှင့် အနာဂတ် တိုင်းရင်းသား ပြည်သူများ၏ တာဝန်ဖြစ်ပေသည်။

လွတ်လပ်ရေးသည် တိုင်းပြည်တစ်ပြည်၏ အသည်းနှလုံးဖြစ်ပါသည်။ လွတ်လပ်သော တိုင်းပြည်ဖြစ်မှသာ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်း တစ်ရပ်ကို ကိုယ်တိုင်ထူထောင်နိုင်ပါမည်။ ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ခွင့်နှင့် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးတို့အတွက် လွတ်လပ်ရေး အရှည်တည်တံ့ရန် အရေးကြီးပေသည်။ ထိုလွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို အရင်းခံပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ပြည်သူအားလုံးက တာဝန်သိစွာဖြင့် ဝိုင်းဝန်း၍ ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရပါမည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
လွတ်လပ်ရေးရရှိပြီးနောက် တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရာတွင် ခေါင်းဆောင်အချင်းချင်း မညီ ညွတ်မှု၊ ပြည်သူများ စည်းလုံးညီညွတ်ရေးအားနည်းမှု၊ လက်နက်ကိုင် ပဋိပက္ခမှုများကြောင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဆင့်သို့ ရောက်ရှိမလာဘဲ အိမ်နီးချင်းနိုင်ငံအချို့၏ နောက်သို့ပင် ကျန်ရစ်ခဲ့ရပါသည်။

သမိုင်း၏ သင်ခန်းစာများအရ ယနေ့ သန်း ၆ဝ သော မြန်မာပြည်သူများ၏ တူညီသောဆန္ဒသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ စည်းလုံးညီညွတ်ရေးနှင့် တရားဥပဒေလေးစားလိုက်နာရေးတို့သည် အရေးကြီးသကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုကြီးအတွင်း ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ရာသက်ပန် ပူးပေါင်းနေထိုင်လိုသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည်လည်း လွန်စွာမှ အရေးကြီးပါသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသကဲ့သို့ အမှီသဟဲပြုလျက်ရှိပါသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်နိုင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားအားလုံးသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြသည်ဟူသော စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
မိမိတို့မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး သဘာဝသယံဇာတလည်း ပေါများသည့် နိုင်ငံဖြစ်ပါသည်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝ သယံဇာတထက်ပို၍ အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်ပါသည်။ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်အောင် လူငယ်လူရွယ်များအား လေ့ကျင့်ပျိုးထောင် တည်ဆောက်ပေးကြရပါမည်။ ပညာရေးအဆင့်အတန်း မြင့်မားအောင် ဝိုင်းဝန်း၍ မြှင့်တင်ပေးရပါမည်။ ကျန်းမာသန်စွမ်းပြီး ပညာရည်ြမင့်မားသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် မျိုးဆက်သစ်လူငယ်များသည်သာ အနာဂတ် မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖန်တီးနိုင်ပြီး မိမိတို့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လက်ဆင့်ကမ်း တာဝန်ယူသွားနိုင်ကြမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။



From : သမ္မတရုံး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ