ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 January 2013

တောင်ကိုရီးယားခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် မိတ်ပေါင်းမှားနေလား





နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ် အဖြစ်တောင်ကိုးရီးယားနိုင်ငံကို တနင်္လာနေ့ကပဲ ဆိုက်ရောက်ပါတယ်။
 ဒီခရီးစဉ်မတိုင်မီ ၀ိုင်ယီကျွန်းအလည်ပတ်ခရီးစဉ်က မွန်းကြပ်ရှုပ်ထွေးပြီး၊ ဝေဖန်မှုတွေနဲ့ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလောကရဲ့ ဘ၀အမောတွေကိုယာယီအခိုက်အတန့်အားဖြင့်တော့ မေ့ပျောက်စေမှာပါ။
ဟာဝိုင်ယီကျွန်းရဲ့သဘာဝအလှတွေ၊ ကျွန်းသူကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှုတွေနဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု၊ အစားအသောက်တွေက.. ဒေါ်အောင်ဆန်းစုကြည် အတွက် သတိယစရာ စာတိုပေစရေးစရာလေးတွေ ဖြစ်လာနိုင်သလို တသက်တာအတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက်ရှိနေနိုင်ပါတယ်။
ကျွန်တော်တို့တစ်တွေက တိုက်ပွဲထဲကနေ ရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့ အပူအပင်ကင်းကင်းရှိနေတာ မြင်ချင်တာပေါ့။
ဒါပေမဲ့ လက်တွေ့မှာတော့ကျွန်တော်တို့ခေါင်းဆောင်ဟာ တိုင်းပြည်အတွင်းမှာ သာမက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုး ရှာတွေ ကျင့်ဝတ်ပျက်နေတဲ့..နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျွန်တော်တို့ ရင်ထဲ မကောင်းလှဖူး။
အဲလိုကျင့်ဝတ်ပျက် အတ္တ၀ါဒီတွေဆိုတာ.. တိုင်းပြည်အတွင်း အပြင်က မြန်မာလူမျိုးတွေ သာ မကပါဘူး၊ ပြည်ပ နိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရတွေပါ ကျွန်တော်တို့ခေါင်းဆောင်ကို ၀န်းရံပြီး ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။ အဲဒါတွေ ကျွန်တော်တို့ မြင်နေရလို့လည်း..ဒီလိုစာမျိုးရေးဖြစ်သွားတာ။
 အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယားခရီးစဉ် အနေအထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။
လက်ရှိသမ္မတအီမြောင်ဘတ် ရန်ကုန်သွားပြီးဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံပြီး ဓာတ်ပုံရိုက်ခဲ့ တာကြောင့်၊ ကိုရီးယားသတင်းစာတွေ က..နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အာဏာရှင် အတွေးအခေါ် သမား မတူမတန် ဓာတ်ပုံတွဲရိုက်သင့်သလားလို့ ပြင်းပြင်းထ န် ထန်ဝေဖန်ခဲ့ပါတယ်။ အခုလည်း သမ္မတနဲ့သမ္မတလောင်းကို တောင်ကိုးရီးယားသတင်းစာတွေကနေ ဝေဖန်သရော်နေပါပြီ။
အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တစ်ယောက်ရဲ့သမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ယှဉ်တွဲဓာတ်ပုံမရိုက်ပါနဲ့ဆိုပြီး ရေးသားခဲ့တာတွေ ရှိပါတယ်။ ဒေါ်စုကို ဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က လက်ရှိ သမ္မတအီမြောင်ဘတ်နဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party)ရဲ့အမျိုးသမီး သမ္မတလောင်း ဘတ်ဂွန်ဟှဲတို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့ လားလားမှ မသက်ဆိုင်သလို နေခဲ့ပြီး. မြန်မာ့အရေးအတွက် စိတ်ဝင်စားမှုလည်းမပြခဲ့ဖူး။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံကမြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီပေါင်းစုံ လက်မှတ်ထိုးတောင်းခံမှုမှာလည်း ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေး ပူးတွဲလုပ်ခဲ့တယ်။
သမ္မတလောင်းဘတ်ဂွန်ဟှဲကိုယ်တိုင်.အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့  ရုံမက.. ဒီလိုလက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ လက်ရှိမြန်မာအစိုးရ(စစ်အစိုးရ)တို့ စီးပွားရေးအကျိုးတူဆောင်ရွက်နေတာကို ပျက်ပြား နိုင်တယ်လို့ပြောင်ပြောင်တင်းတင်းလည်း ပြောခဲ့ဖူးသူပါ။ အခုသမ္မတလောင်း ဘတ်ဂွန်ဟှဲ ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမ္မတ ပတ်ချုံဟီးရဲ့ သမီးဖြစ်တယ်။
(ကျွန်တော်တို့ငယ်ငယ်ကပတ်ချုံဟီးဖလားဘော်လုံးပွဲ ဟာနာမည်ကြီးတယ်။ အာဏာရှင် ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်)
 ပတ်ချုံဟီးက ဦးနေ၀င်းထက်တနှစ်စောပြီး  ၁၉၆၁ခုမှာစစ်အာဏာ သိမ်းပြီးတက်လာသူဖြစ်တယ်။ ၁၉၇၉ကျတော့ သူ့ရဲ့ထောက်လှမ်းရေး အကြီးအကဲကပဲ လုပ်ကြံခဲ့တယ်။ အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်ပတ်ချုံဟီးခေတ်ထက် ပိုမိုပွင့်လင်းခဲ့တယ်။ ပတ်ချုံဟီးလက်ထက်ကစီးပွားရေးကိုပဲ လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့တယ်။
ဒီမိုကရေစီယဉ်ကျေးမှုထက် စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့စစ်အစိုးရအမွေကို ဆက်ခံတဲ့ အစိုးရရဲ့အတွေးအခေါ်နဲ့တထပ်တည်းပဲ။
ကျွန်တော်တို့ခေါင်းဆောင်နေအိမ်အကျယ်ချုပ် ကျနေတုန်းက တကယ်တမ်း လူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ပံ့ပိုး အားပေးပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရှေ့တမ်းက ဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ်ညီညွတ်ရေး ပါတီ(DUP)က အခုတော့ အတိုက်အခံပါတီဖြစ်နေတယ်။
အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင် သမ္မတကင်ဒေးဂျုံ ပါတီက..ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရှိနေတုန်းက အားတက်သရော ထောက်ခံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ကိုယ်တိုင်သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ လက်မခံလို့ မတွေ့နိုင်ခဲ့ဖူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက်တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်။
ဒီမိုကရက်တစ်၊ပါတီဝင်တွေ ကိုယ်တိုင် ဟိုတုန်းက စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နဲ့ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွဆောင်ရွက်ပေးခဲ့တာဖြစ်တယ်။ မြန်မာအတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေး ထောက်ခံခဲ့တယ်။
ဒီနေ့အာဏာရပါတီဟာ တချိန်ကမြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာနေခဲ့သူတွေဖြစ်တယ်။
အခုဒေါ်အောင်ဆန်းစုကြည်နိုင်ငံတကာခေါင်းဆောင်တန်းဝင်ပြီး၊အာရှ၊ဥရောပ၊အမေရိကားနိုင်ငံတွေကို အလည်အပတ်တွေသွား၊  စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်း ၀င်လုပ်နေတာတွေ့တော့မှာ တစ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အာဏာရလာရင် နောက်ကောက်ကျမှာ စိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာ ဟန် တူတယ်။
အခုဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယားခရီးစဉ် အစီအစဉ်အသေးစိတ်ကို ဖတ်ကြည့်တော့တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲရောက်နေချိန် စာနာ အားပေးကူညီခဲ့ကြတဲ့သမ္မတဟောင်းကင်ဒေးဂျုံပါတီက လူတွေကို ဘေးဖယ်ထားတာတွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့လဖက်ရည် တစ်ခွက်အတူသောက်ခွင့်တောင် ပေးမထားဖူး။ ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အတွက်တောင် မျက်နှာပူစရာအဖြစ်။ မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ် စေတနာထားဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင် ဆုံရောင်ဂီးနဲ့ တောင်..ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ “အတိုက်အခံအဖွဲ့ ဘယ်သူနဲ့မှ တွေ့ခွင့် မပေးတောင် ဒီပုဂ္ဂိုလ်နဲ့တော့ တွေ့ဖြစ်အောင်တွေ့ခွင့်ပေးပါလို့ မေတ္တာရပ်ခံလို့ ဖေဖေါ်ဝါရီ(၁)ရက်နေ့ မနက်ကျမှ မိနစ်(၂၀)လောက် တွေ့ခွင့်ရခဲ့တယ် ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့လည်း တွေ့ခွင့်မရဖူး။
ဘုန်းတော်ကြီး အင်မ်ရောင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်လွတ်ချင်း ရန်ကုန် အင်းယားကန်နဘေးက အိမ်အမှတ်(၅၄)ကို အပြေးအလွှားသွားခဲ့သူပါ။
ပြီးတော့ဘုန်းတော်ကြီး ဦးဆောင်တဲ့(Dongguk University)ဒွန်ဂုတက္ကသိုလ်ဟာ၊ မြန်မာ့အရေးကို အားပေးရုံမက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း နဲ့ NLDလူငယ်တွေရဲ့ ပညာရေးစကောလားရှစ် အစီအစဉ်တွေ၊ စာသင်ကျောင်းတွေ အပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲများ၊ ရွှေဝါရောင် သံဃာတော် များ ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ဒုက္ခသည်စခန်း..အစရှိတာတွေကို မပျက်မကွက် ထောက်ပံ့အားပေးနေတာ ဖြစ်တယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေ တွေ့ဆုံမဲ့အစီအစဉ်ကို Seoul University ဆိုလ်းတက္ကသိုလ်နဲ့Yonsei Universityယွန်ဆိုင်း တက္ကသိုလ်မှာပဲ လုပ်ရမယ်လို့စီစဉ်လိုက်တော့ ကိုးရီးယားကမြန်မာတွေမျက်နှာပူစရာ အနေအထားတွေဖြစ်နေရော..။ ဒီထက်ဆိုးတာက..ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက်..လေယာဉ်လက်မှတ်ကိစ္စပါ။
ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူဖိတ်ကြားတဲ့ ဖျောင်ချမ်းအိုလံပစ်ကော်မတီက..ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လိုက်ပါမယ့်လူ(၄)ယောက် အတွက် အလာလက်မှတ်ပဲ တာဝန်ယူပြီး၊ အပြန်လက်မှတ်ဝယ် မပေးပါဖူး။ နိုင်ငံခြားရေးဝန်ကြီးရုံး က မြန်မာ့ဒီမိုကရေစီအဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။
ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့ ထင်ပြီး မယုံနိုင်ဖူး။ ဒါနဲ့တောင်ကိုးရီးယားက မိတ်ဆွေတွေ ကိုမေးမြန်းစုံစမ်းကြည့်တော့..
အဟုတ်ပဲ။ သတင်းက မှန်တယ်။ နောက်ဆုံးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရတဲ့.. ဘုန်းတော်ကြီး အင်မ်ရောင်တန်ကပဲ..သူလေးစားချစ်ခင်တဲ့မိတ်ဆွေအတွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ်တဲ့..။
ဘယ်လောက်များ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လဲ..။
ပြီးတော့ရှိသေးတယ်..အရင်စစ်အစိုးရလက်ထက်က..စီးပွားရေးတွေ တွဲပြီးအကြီးအကျယ် လုပ်ခဲ့ကြတဲ့(အခုလည်းလုပ်တုန်း) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ ညစာစားပွဲတွေ၊ တွေ့ဆုံညှိနှိုင်းပွဲတွေလည်း (၅)ရက်ကြာ ကိုရီးယားခရီးစဉ်မှာပါတယ်။ အဲဒီ ကိုရီးယားခရိုနီတွေက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ်ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက် ဒေါ်လာသိန်းနဲ့ချီ လှူဒါန်းမယ့် သတင်းတွေကလည်း ကြိုထွက်နေတယ်။
ကဲ.ဇာတ်လမ်းကတော့ မသန်းပဲ..။ ဆင်သွားရင် လမ်းတော့ဖြစ်ပါရဲ့.. တိုးတိုက် ထိခိုက်မိလို့ကျိုးကျေ၊နင်းမွ ခံလိုက်ရတွေတော့ အများကြီး ကျန်နေပါလိမ့်မယ်။
မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာတော့ အမှန်ပဲ။
ငွေကြေးနဲ့နည်းပညာ အထောက်အပံ့တွေက ထိတ်တန်းကလိုတာပေါ့။ ဒီထက်ပိုပြီး လိုအပ်တာကမိတ်ဆွေကောင်းတွေ ပါ။ ဒေါ်အောင်ဆန်းစုကြည် အလည် အပတ် သွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ဒေါ်စုက မိတ်ဆွေကောင်းတွေ အကြောင်း၊ ကျင့်ဝတ်တရားတွေနဲ့ မေတ္တာ၊ စေတနာတွေလွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေးဝေငှလေ့ရှိတာ သတိထားမိပါတယ်။
ဒါပေမဲ့ ဒေါ်စု ယုံကြည်တဲ့၊ လိုလားတဲ့..ကျင့်ဝတ်သီလနဲ့မိတ်ဆွေစစ် အမျိုးအစားတွေ အမှန်တကယ် ရှာဖွေတွေ့ရှိ/မရှိတော့ ကျွန်တော်တို့မသိဖူး။
ဒါပေမယ့် ကျွန်တော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ရိုးရှင်းတယ်။ အပေးပဲ ရှိတယ်၊ အယူမရှိဖူး။
ကျွန်တော်တို့လိုရင် အမြဲပြုံးပြီး ပေးတတ်တယ်။ သူတို့ဆီက အများဆုံး ရတတ်တာက..
မေတ္တာ၊စေတနာနဲ့ စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ်(၂၀)ကျော် ကျွန်တော်တို့
မတ်မတ်ရပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန် မေတ္တာလေးတစ်ခုထဲပါ။
ကျွန်တော်တို့မှာ..ငွေမရှိဖူး၊ အာဏာမရှိဖူး၊ လုပ်ပိုင်ခွင့်လည်း မရှိဖူး။ ဒါပေမဲ့ကျွန်တော်တို့အပေါ် အမြဲခွင့်လွှတ်နားလည်ချစ်ခင်နေတဲ့..အမိလို အဖလို ညီလို အကိုလိုမိတ်ဆွေကောင်း တွေတော့ ရှိပါတယ်။
အာဏာတွေ၊ ငွေတွေထက် သစ္စာတရားနဲ့လူ့ကျင့်ဝတ်တရားတွေကိုပဲ ကျွန်တော်တို့ မက်မောတယ်။ လူကိုလူလို့ပဲ အသိအမှတ်ပြုချင်တယ်။ သူခိုးကို သူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။ လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။
မိတ်ဆွေကောင်း၊မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတစ်ခု ပြောပြချင်တယ်။
လွန်ခဲ့တဲ့၂၀၀၄ခုနှစ်က အိန္ဒိယနိုင်ငံနယူးဒေလီမှာမြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တစ်ခုရဲ့ နှီးနှောဖလှယ်ပွဲတစ်ခုသွားတက်ခဲ့တယ်။
သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့မြန်မာနီးနီးကပ်ကပ်ရှိတာကို တချိန်လုံး ဝေဖန်နေတာ..။ အဲဒီအခမ်းအနားမှာ မြန်မာ သံအမတ်ကြီး ဦးကျော်သူ (နောက်ပိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက် စကားပြောတယ်။
သူက တစ်ခွန်းထဲပြောတယ်။Friend in need, Friend in Deep”တဲ့..လိုအပ်တဲ့အချိန်မှာ..ကူညီသူဟာ မိတ်ဆွေစစ်တဲ့။ ၈၈တုန်းက စစ်တပ်က ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျွန်တော်တို့ကိုအကူအညီပေးခဲ့တယ်တဲ့။
ရှင်းရှင်းပဲ ပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူးဖော်ထုတ်သွားတာနောက်မှပြောတော့မယ်။  သမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ သားသံအမတ် ဦးကျော်သူကနယူးဒေလီမှာ အပြတ်ပြောပြီးပြီ။နားထောင်နေတဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ဘာတစ်ခုမှ မပြောနိုင်ဖူး၊ ပါးစပ်ဟောင်းလောင်းနဲ့။ ၈၈က စလို့ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲဒုက္ခရောက်တုန်း..
 ဘယ်သူတွေ ကူညီခဲ့လဲ?
 ဘယ်သူတွေ ၀င်ရှုပ်ခဲ့လဲ?
 ခရိုနီတွေလား?
 စီအိုင်အေလား?
 NGOတွေလား?
 စစ်ဗိုလ်ချုပ်တွေလား?
 ကျွန်တော်တို့တစ်တွေ..မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင်
 မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေအကြောင်းတော့ သေသေချာချာ သိသင့်တယ်..ထင်တာပဲ။



 
 From :Myit Makha Mediagroup

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ