ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

29 January 2013

ရုံးခွန်တော် တံဆိပ်ခေါင်းတန်ဖိုး ထက်ဝက်လျော့ချ


တရားမမှုအတွက် ကပ်ရတဲ့ ရုံးခွန်တော် တံဆိပ်ခေါင်း တန်ဖိုးကို ထက်ဝက်လျော့ချ လိုက်ကြောင်း ဇန်န၀ါရီ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

တရားမမှုတွေအတွက် ကပ်ရတဲ့ ရုံးခွန်တော် တံဆိပ်ခေါင်းတန်ဖိုးနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်အတွင်းက ကျပ် ၁ သိန်းအောက် ဆိုပါက တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း၊ ကျပ် ၁ သိန်းအထက် ဆိုပါက တန်ဖိုးရဲ့ ၁ ရာခိုင်နှုန်း တံဆိပ်ခေါင်းကပ်ရမှာဖြစ်ပြီး စုစုပေါင်း ကျပ် ၁၅ သိန်းထက် မပိုရလို့ သတ်မှတ်ထားပါတယ်။
ဇန်န၀ါရီ ၂၃ ထုတ်ပြန်ချက်မှာတော့ ကျပ် ၁ သိန်းအောက် တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်း၊ ကျပ် ၁ သိန်းအထက် ဆိုပါက ၀ ဒဿမ ၅ ရာခိုင်နှုန်းအဖြစ် ထက်ဝက်လျော့ချထားပြီး စုစုပေါင်း ကျပ် ၁၅ သိန်းထက် မပိုရလို့ သတ်မှတ်ထားပါတယ်။
၂၀၁၂ ခုနှစ်က သတ်မှတ်ထားတဲ့ ရုံးခွန်တော် တံဆိပ်ခေါင်းနှုန်းထားတွေဟာ အလွန်မြင့်မားနေတယ် ဆိုပြီး ရှေ့နေတွေနဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုရှိနေတဲ့အတွက် ပြည်ထောင်စု အစိုးရရဲ့ သဘောတူညီချက်နဲ့ အခုလိုလျော့ချခဲ့တာလို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာလင်းအောင်က ဇန်န၀ါရီ ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ