နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၁/ ၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးအစိုးရ
အဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိန်ဝင်းသည်
ကျန်းမာရေး အားနည်းမှုကြောင့် ရာထူးမှနုတ်ထွက်ခွင့်ပြုပါရန် တင်ပြ လာသဖြင့်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ
ပြဋ္ဌာန်းချက်များအရ မိမိ၏ သဘောဆန္ဒအလျောက် ရာထူးမှ
နုတ်ထွက်ခွင့်ပြုလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၂ / ၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)
နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ
(ဆ)တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးများအား ယှဉ်တွဲပါ ဝန်ကြီးဌာနများတွင် ပြောင်းလဲ
တာဝန်ပေးအပ်လိုက်သည်-
(၁)
|
ဦးစောမြင့်ဦး
|
စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန
|
(၂)
|
ဦးတင်ဝင်း
|
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
|
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment