ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 January 2013

KIA အရာရှိတစ်ဦးရဲ့ဖွင့်ဟ၀န်ခံချက်



ကျွန်တော်တို့ KIO အဖွဲ့အစည်းအတွင်း ဆလန်ကဘားလို့ခေါ်တဲ့ မြို့ပြအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒူဝါက ဘားလို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုပြီး ၂ ပိုင်းခွဲခြားထားပါတယ်။ ဆလန်ကဘားအဖွဲ့ကိုတော့ KIO လို့ လူသိများပြီး၊ ဒူဝါကဘားအဖွဲ့ကိုတော့ KIA လို့ သိကြပါတယ်။ KIO ဖွဲ့စည်းပုံအရ KIAအဖွဲ့ဟာ KIO ရဲ့ အဖွဲ့ခွဲတစ်ခု သာဖြစ်ပေမယ့် လက်ရှိအခြေအနေမှာ KIO လူကြီးတွေအားလုံးဟာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ အမိန့်အောက်မှာသာ လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။
 

ဗိုလ်ချုပ်ဂမ်ရှောင်ဟာ တပ်မဟာမှူးဘ၀တည်းက ရက်စက်တဲ့လူဆိုပြီး နာမည်ကြီးပါတယ်။ သူလို ချင်တာမရရင် ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်တတ်တဲ့အကျင့်က တပ်မဟာမှူးဘ၀တည်းက အရိုးစွဲလာ တာ ဖြစ်ပါ တယ်။ သူရဲ့ ရက်စက်မှုကြောင့် KIO လူကြီးတွေကလည်း အတိုက်အခံမလုပ်ရဲပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ KIO လူကြီးတွေက ငြိမ်းချမ်းရေးကို လိုလားကြပေမယ့် ဗိုလ်ချုပ်ဂမ်ရှောင် ကတော့ ငြိမ်းချမ်းရေးထက် ကချင်နိုင်ငံထူထောင်ပြီး စိတ်ကြိုက်ချယ်လှယ်ချင်တဲ့ စိတ်ကြောင့် ငြိမ်းချမ်းရေး ကိုလက်မခံခဲ့ပါဘူး။ဆွေးနွေးတဲ့အဖွဲ့တွေကလည်းငြိမ်းချမ်းရေးလိုလာကြောင်းဆွေးနွေးခဲ့ရင် လိုင်ဇာပြန်ရောက်ရောက် ချင်း အသတ်ခံရမှာကြောက်တော့ ဘယ်သူမှ မဆွေးနွေးရဲပါဘူး။ ဒါကြောင့် လည်း ခုအချိန်ထိ ငြိမ်းချမ်းရေးမရရှိ သေးတာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဂမ်ရှောင်ဟာ ခုအချိန်မှာ KIO လူကြီးတွေ အားလုံးရဲ့အိမ်မှာ အစောင့်တွေချထားပေးပေ မယ့် ဒီအစောင့်တွေကို KIA ရဲ့အမိန့်နဲ့ပဲ လှုပ်ရှားစေပါတယ်။ လူကြီးတွေရဲ့ သက်တော်စောင့်ဆိုပေမယ့် အစောင့်တွေအားလုံးသည် KIA အဖွဲ့မှ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဂမ်ရှောင်ရဲ့လူတွေချည်း သာဖြစ်ပါတယ်။ KIO လူကြီးတွေကို သက်တော်စောင့်ပေးထားသလိုနဲ့ အကျယ်ချုပ်ချထားတာဖြစ်ပါတယ်။ KIO လူကြီးတွေ ကလည်း နားလည်ပေမယ့် လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့နဲ့ ထိပ်တိုက်မရင်ဆိုင်နိုင်လို့ ငြိမ်နေကြတာပဲ ဖြစ်ပါတယ်။ စစ်ပွဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရပေမယ့် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ် S. ဂွမ်မော်တို့ရဲ့ သစ်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းတွေကတော့ ရပ်တန့်ခြင်းမရှိပါဘူး။ လုပ်ကွက်နေရာတွေမှာ KIA တပ်တွေကို ဖြန့်ချထားပြီး လုပ်ငန်းမပျက်ဆက်လက်လုပ်ကိုင်နေကြ တာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲမှာ ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ကျောက်စိမ်းကုမ္ပဏီနဲ့ ဟော်တယ်လုပ်ငန်းတွေ အများအပြားရှိနေပြီး သားသမီးတွေက အနောက် နိုင်ငံတွေမှာ ကျောင်းသွားတတ်နေကြပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ဟာ မိန်းမလိုက်စားသူ တစ်ယောက် ဖြစ်ပြီး လိုင်ဇာမှာ တော်တော်လေး နာမည်ကြီးပါတယ်။ ကောင်မလေးတစ်ယောက်ကို ဖျက်ဆီးပြီး လိုင်ဇာမှာ ကွန်ပျူတာဆိုင်လေး ဖွင့်ပေးထားပါတယ်။ နောက်ပိုင်း ကောင်မလေးကိုယ်ဝန်ရ လာတော့ဖျက်ချခိုင်းတာကောင်မလေး ပါသေသွားတဲ့သတင်းက လိုင်ဇာတစ်မြို့လုံးသိကြ ပါတယ်။ ကောင်မလေလးရဲ့ မိဘတွေက ခုထိ မကျေနပ်နိုင်သေးပါဘူး။ ခုလည်း လိုင်ဇာမှာ နောက်မိန်းမ တစ်ယောက်နဲ့ ကလေးတစ်ယောက်ရထားတယ်လို့ သိရပါတယ်။ ဂွမ်မော့်မိန်းမကတော့ တရုတ်ပြည်ရွှေလီ ထဲမှာနေပြီး လိုင်ဇာကို ၂ လမှ တစ်ခေါက်လောက် ပြန်လာပါတယ်။ ကျွန်တော်တို့တွေ လိုင်ဇာနေပေ မယ့် ကောင်မလေးချောချောလေးဆို မကြိုက်ရဲပါဘူး ဗိုလ်ချုပ်ဂွမ်မော်နဲ့ လွတ်ရဲ့လားဆိုတာ အရင်စုံစမ်း ရပါတယ်။ သူနဲ့မလွတ်ရင်တော့ အဲလူကို သေမယ့်နေရာရှေ့တန်းကို ချက်ချင်း ပြောင်းခိုင်းပါတယ်။ KIO/KIA လူကြီးတွေရဲ့ အစည်းအဝေးတွေမှာဆိုရင် ဆလန်ကဘားတွေက ကျွန်တော်တို့ ကချင်ပြည် နယ်ကို အုပ်ချုပ်ပေးပါ့မယ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ စစ်ရေးနဲ့ မျိုးပွားရေးကို တာဝန်ယူပေါ့ လို့ နောက်ပြောင်ပြောဆိုမှုကို မကြာခဏကြားရပါတယ်။ လိုင်ဇာမြို့ထဲမှာလည်း ဗိုလ်ချုပ်ဂွမ်မော်လာရင် မျိုးပွားရေးတာဝန်ခံကြီးလာပြီဆိုပြီး နောက်ကွယ်မှာ ဟားတိုက်နေကြပါတယ်။
လက်ရှိအချိန်မှာတော့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ KIO လူကြီးတွေနဲ့ KIA ဗိုလ်ချုပ်တွေကြား စိတ်သဘောထား ကွဲပြားနေကြပါတယ်။ ဒါပေမယ့် KIA ဗိုလ်ချုပ်တွေကို မလွန်ဆန်နိုင်ပဲ အကျယ်ချုပ် ချထားသလို နေရတော့ ဘာမှ မတတ်နိုင်ကြပါဘူး။ KIA ဗိုလ်ချုပ်တွေကလည်း KIO လူကြီးတွေကို တဖြည်းဖြည်း အားနည်းလာအောင် အကွက်ကျကျ စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ခုအနေအထားအရ ကချင်တွေကြားထဲမှာ KIO လူကြီးတွေကို ကချင်ပြည်သူတွေကို ရိုသေလေးစားနေဆဲဖြစ်တာကြောင့် ဖယ်ထုတ်လို့မရပဲ ရုပ်သေးရုပ်လို သဘောထားပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်စစ်သားတွေလည်း ငြိမ်းချမ်းရေးကို လိုချင်နေပါပြီ။ တိုက်ပွဲတွေကြားမှာ ဘယ်အချိန်သေမယ်မှန်း မသိတဲ့ ဘ၀ကို မလိုချင်တော့ပါဘူး။ မိသားစုနဲ့ အေးအေးချမ်းချမ်းနေချင်ပါပြီဗျာ………..




 
From : http://amayeainn.blogspot.ru/2012/12/kia_30.html

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ