ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 January 2013

KIA ထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများ နှင့် လဂျားယန်တောင် ပေါ်မှ နောက်ဆုံးရ ဓာတ်ပုံများ





ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က လဂျားယန်တောင်ကြောကအမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမစိန်ပြောင်းကြီးအပါအ၀င် လက်နက်ငယ်နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ KIA စစ်သည်တွေရဲ့အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါး တွေတိုက်ပြီးအသေခံတိုက်ခိုင်းခဲ့ပါတယ် ပိုပြီးဝမ်းနည်းဖို့ကောင်းတာ KIA စစ်သားတစ်ချို့ကို ထွက်ပြေးလို့မရအောင် ခြေထောက်တွေကိုသံကြိုးနဲ့သော့ခတ်ပြီး အသေခံတိုက်ခိုင်းသွားတာပါဘဲ အထောက်အထား ဓာတ်ပုံတွေလဲရှိပါတယ် ဆက်ပြီးပေးပို့သွားပါမယ်။ မူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှု ကိုလည်း အသေးစိတ်စာရင်းကိုပြုစုနေပါတယ်။ သိမ်းဆီးရမိတဲ့လက်နက်ခဲယမ်းနဲ့ မှုးယစ်ဆေးဝါးတွေများလွန်းလို့ စာရင်းမချုပ်နိုင်သေးပါဘူး ဒါဏ်ရာနဲ့ ဖမ်းဆီးရမိ တဲ့ KIA စစ်သားတွေလဲ စိတ်ကြွဆေးတွေသုံးထားတာကိုတွေ့ရပါတယ်

 လဂျားယန်စခန်းကိုသိမ်းတဲ့အခါ ကျွန်တော်တို့တပ်ကစစ်သည် (၇) ယောက်ကျဆုံးပါတယ်။ စခန်းသိမ်းပြီး ရန်သူအလောင်း ၆၃ လောင်း စခန်းမှာကျန်ခဲ့ပါတယ်။ ဗိုလ်မှုးအဆင့် နဲ့တစ်ယောက် ABSDF က၁၂ယောက် တို့ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ဓာတ်ပုံတွေရှိပေမဲ့ သေဆုံးသူရဲ့ မိသားစုကိုငဲ့ညာပြီးမတင်တော့ပါဘူး။
သေဆုံးသူအားလုံးကို ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တပ်မတော်က မလွဲသာလို့ ကျွန်တော်တို့တပ်တွေကို ခနခနမိုင်းဆွဲတိုက်နေလို့သာ တက်သိမ်းရတာ။

 ရွာအ၀င်ကကျွန်တော်တို့တပ်ကို နေရာယူတိုက်တဲ့နေရာတွေပါ.

 လိုင်ဇာကိုစိုးမိုးထားသည့် လဂျားယန်တောင်ကြောရှိ အမြင့်ဆုံးစခန်း ပွိင့် ၇၇၁ တောင်ကုန်း

လဂျားယန်(သို့)လိုင်ဇာသို့တစ်နာရီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ