ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 January 2013

ရခိုင်ပြည်နယ် မအီမြို့နယ်မှာ ဘာတွေဖြစ်နေသလဲ


 ပုဇွန်ကန်များကို ရေငံသွင်းသဖြင့် 
အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ရခိုင်ပြည်နယ်
 မအီမြို့နယ်အတွင်းရှိ ငရုတ်တောင်ကျေး
ရွာက ရွာသားများမှာဟာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေကြရသည်ဟု

သတင်းရရှိသည်။

ယခင် စစ်အစိုးရလက်က အာဏာပိုင်များနှင့်ပေါင်းပြီး သိမ်းထားသည့် လယ်ဧက ၅၀၀ လောက်ကို ပုဇွန်ကန် လုပ်ပြီး ရေငံသွင်းသဖြင့်  ရွာ သောက်ရေကန်တွေထဲရေငံတွေဝင်ပြီး သောက် လို့မရဘဲ ဖြစ်နေကြောင်း ငရုတ်တောင်ရွာသား ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။ 

“ပုဇွန်ကန်တွေက တာဘောင်မြင့်ပြီး ပုဇွန်မွေးဖို့ ရေငံသွင်းတော့ ရွာသားတွေသုံးနေတဲ့ ရေကန် ၅ ကန်ထဲ က ကန် ၃ ကန်ဆို လုံးဝဆားငံရေဖြစ်သွားပြီ။ ကျန်တဲ့ ၂ ကန်ကရေနဲ့ဘဲ သုံးနေရတယ်။ ဒါပေမဲ့ ၅ ကန်သုံး တဲ့ရေကို ၂ ကန်ထဲသုံးလို့ရတော့ ရေနဲ့လူနဲ့မမျှဘူးလေ။ နောက်ပြီး ခြောက်သွေ့ ရာသီရောက်လာပြီ ဆိုတော့ ရေကလည်း နည်းလာတယ်” ဟု ဦးကျော်မြင့်က ပြောသည်။ 

ငရုတ်တောင်ကျေးရွာသားများ ပိုင်ဆိုင်သည့် လယ်မြေဧက ၅၀၀ ခန့်ကို ဒေသခံစစ်တပ်နဲ့ပေါင်းပြီး ယင်းကျေးရွာသား ဦးသောင်းတင်နဲ့ ဦးကျော်စံရွေတို့က ပုဇွန် မွေးမြူရေးလုပ်ကိုင်နေခြင်းဖြစ်သည်။ 

အခုလို ပုဇွန်ကန်ကြောင့် ရေကန်တွေပျက်ဆီးနေတဲ့ အကြောင်းကို မအီမြို့နယ် အုပ်ချုပ်ရေးမှူးကို စာပို့ တိုင်းကြားသော်လည်း ဘာမှ အကြောင်းမပြန်သည့် အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာသို့ ရောက်ရှိလာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ထံ ရွာသားများက လက်မှတ်ထိုး တိုင်းကြားခဲ့ကြောင်း ယင်း ကျေးရွာသား နောက်တဦးက ပြောသည်။

“ကျွန်တော်မအီအုပ်ချုပ်ရေးမှူးဆီ တင်ပြပါတယ်။ ဘာမှ အရေးတယူလုပ်ပေးတာ မရှိဘူး။ ဒါနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီအဖွဲ့တွေ ရောက်လာတော့ သွားပြီးတင်ပြတိုင်ကြားတာကို ဘာမှ အဖြေပေးမသွားဘူး။ ဒါပေမဲ့ ဒီကိစ္စကို အခုကျင်းပဖို့ရှိတယ်လွတ်တော်မှာ တင်ပြပေးသွားလို့ဘဲ ပြောသွားတယ်” ဟု ကျေးရွာသား နောက်တဦး ကပြောသည်။ 

သောက်ရေ သုံးရေး အခက်အခဲရှိသောကြောင့် ငရုတ်တောင်ရွာမှ အိမ်တချို့ဟာ နီးစပ်ရာ ကျေးရွာတွေကို ပြောင်းရွေ့သွားခဲ့ကြ့ပီး ပုဇွန်ကန်တွေ ဒီအတိုင်းသာဆက်လုပ်လျှင် ရွာသွားနိုင်ကြောင်း ဦး ကျော်မြင့်က ဆက်ပြောသည်။ 

“အခုက ရွာမှာ ဒီရေကန်တွေကိုဘဲ အားကိုနေရတာလေ။ ရေကသုံးမရတော့ဘဲ ရေရှားလာတော့ အနားကရေကောင်းတဲ့ရွာကိုပြောင်းသွားတဲ့ မိသားစုတွေ တဖြည်းဖြည်းများလာပြီး။ ဒီအတိုင်းဆို ရွာပါပျောက်သွားနိုင်တယ်” ဟု ဦးကျော်မြင့်က ဆိုသည်။  

 ဧရာဝတီ 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ