ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 January 2013

ဝမ်းစမိုးသံ သောသောညံ လုပ်ကြရတော့မည်


မြန်မာနိုင်ငံသို့  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး
( မာတီနာတာလီဂ၀ါ- Marty Natalegawa )
ကလာမည့်သောကြာ( ဇန္န၀ါရီလ-ရ-ရက်နေ့ 
-၂၀၀၃- ) တွင် မြန်မာအစိုးရက ဖိတ်ကြား၍

 လာမည်ဟု အင်ဒိုနီးရှားထုတ်သတင်းစာတွေမှာ
 တွေ့ ရသည် ။

သူလာသည့်အခါဘင်္ဂလီကုလားတွေကို သမိုင်းလိမ်နာမည်ဖြင့် မြန်မာနိုင်ငံ
သားအဖြစ် တရားဝင်ဥပဒေနှင့်အညီ အသိအမှတ်ပြုအောင် တိုက်တွန်းဆောင်
ရွက်သွားမည်ဟုကြေညာထားသည်ကို ဖတ်ရသည် ။

 ရခိုင်ပြည်နယ်အတွင်း အခြေအနေများကိုဂရုပြုလေ့လာပြီး လက်ရှိပြသနာများကို ခွဲခြားစစ်ဆေး လေ့လာမည်ဟု ဆိုပါသည်။တရားဝင်နေထိုင်ခွင့်ကို
 ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုထားသည် ။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေသော ၀မ်းနည်းဘွယ်ရာများကို ကြေကွဲရပြီး
အကြမ်းဖက်မှုများကို  ပြုလုပ်နေခြင်းခံနေရသည်ဟုလည်း ဆိုသည် ။ပေါင်းသင်းဆက်
ဆံရေးကို အခြေခံသော စီးပွါးရေးဖြင့် အတူတကွယှဉ်တွဲနေထိုင်ရေးကို အားပေး
သွားမည်ဟု ဆိုပြီး သူတို့အင်ဒိုနီးရှားနိုင်ငံမှာ အတွေ့ အကြုံများ သင်္ခဏ်းစားများ ရှိနေ
သည်ကိုသင်ကြားပေးမည်ဟုလည်း ပြောဆိုသည် ။

 ( ဤ၀ပ်ဆိုက်မှာ ကြည့်ပါ-)

Here link

  သူလာသည်မှာ မြန်မာအစိုးရက ဖိတ်ကြား၍ လာသည်ဖြစ်သောကြောင့်
အစိုးရအနေဖြင့် ကိုယ်ဖိတ်ကြားသော ဧည့်သည်မှာ ဧည့်သည်ကောင်းလား ၊
ဧည့်သည်ဆိုးလားဆိုသည်ကို ကောက်ချက် ချရန်လိုသည် ။

 မာတီနာတာလီဂ၀ါ ( MartyNatalegawa) မှာ ကောင်းသောလာခြင်း မဟုတ်ဟု
 ပြောချင်သည် ။ ပြောလည်းပြောနိုင်သည် ။ မည်သည့်အတွက်ဆိုလျှင် သူလာသည်မှာ မြန်မာနိုင်ငံအစိုးရ၏သမ္မတ ဦးသိန်းစိန်ကို စော်ကားမော်ကား
 ပြောဆိုကာ  စိန်ခေါ်ပြီးလာခြင်းဖြစ်သည် ။

 သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ၎င်းသမိုင်းလိမ်လူမျိုး မရှိပါဟု ပြောဆိုသည်
ကို သူက ၄င်းလူမျိုးအားကူညီထောက်ပံ့ဖို့  ဒေါ်လာ( ၁) သန်း ယူဆောင်လာပြီး ၄င်း
လူမျိုးအားဥပဒေနှင့်အညီ တရားဝင် မြန်မာနိုင်ငံသားဖြစ်အောင် ဆောင်ရွက်ရန်အတွက်
တိုက်တွန်း ပြောဆိုမည်ဟု ဆိုထားသည်မှာ လွန်စွာ ကသိကအောင့် ဆန်သော
စကားဖြစ်ပါသည် ။

မည်သို့ ပင်ဆိုစေ သမ္မတကြီး ဦးသိန်းစိန်ကိုတော့ ယခုအချိန်ထိယုံကြည်နေဆဲဖြစ်
ပါသည် ။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ( ၁၃၅ )မျိုးထဲမှာ ၄င်းသမိုင်းလိမ်လူမျိုးမရှိ
သည်ကို ပြောထားတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂ၀ါ တယောက်
ခုအချိန်မှာ မြောင်းထဲ မကျခဲ့လျှင် ကျမည့်အချိန် မရှိတော့ ။ 
သမ္မတကြီး ဦးသိန်းစိန်က ပြောမည်မှာသေချာပါသည် ။ အာဆီယံနိုင်ငံများ ညီလာခံမှ 
သူ့ အား ကိုယ်စားလှယ်အဖြစ်စေလွှတ်ရန် အမည်စာရင်းတင်သွင်း ပေးထားခြင်းကြောင့် ယခုကဲ့ သို့ လာရောက်သည်ဆိုသော်လည်း အာဆီယံနိုင်ငံများသည် အဖွဲ့ ဝင်နိုင်ငံများ
၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ဖြင်း အလျဉ်းမပြုလုပ်ရ ။
 မြန်မာနိုင်ငံ၏ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မည်သည့်နိုင်ငံကမျှ
 ပြုပြင်ပြောင်းလဲရန်ဖိအားပေး၍မရ ။ကျွန်တော်တို့ လိုချင်သည်မှာ မြန်မာနိုင်ငံ၏
တည်ငြိမ်အေးချမ်းနေခြင်းကို ကြားချင် မြင်ချင်သည် ။ 
သို့ အတူနိုင်ငံတကာမှ အစိုးရအဖွဲ့ ဝင်များကလည်း မြန်မာနိုင်ငံသို့ သွားရောက်လည်
ပါတ်သောအခါ သူ့ ယဉ်ကျေးမှု ၊ သူ့ နိုင်ငံရေး ၊ သူ့ လူမှုရေးကိုဖြင့် လေးစားလိုက်နာ
 ရမည်ဖြစ်သည် ။ 
မိမိပြောချင်ရာ ပြောဖို့ မိမိလုပ်ချင်ရာလုပ်ဖို့  အချုပ်အချာ အာဏာမရှိသော နိုင်ငံမဟုတ် ။ 
သူ့နိုင်ငံ၏ ဥပဒေကို လေးစားရမည်ဖြစ်သည် ။ နိုင်ငံခြားတွင်သွားရောက်နေထိုင်သူများသည်
 နိုင်ငံခြားတွင် တရက်နေက တရက်နေခွင့်ကိုပေးဆောင်ရသည် ။
 အချုပ်အချာအာဏာပိုင် မြေတလက်မတွင်မှ အလကား နေထိုင်၍မရ ။၎င်းမှာ နိုင်ငံတ
နိုင်ငံ၏ အချုပ်အချာအာဏာပိုင်ဆိုင်ခွင့်ဆိုသောနိုင်ငံတော်၏ ဂုဏ်သိက္ခာဖြစ်သည် ။
 ယင်းနိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမည်သည့်နိုင်ငံသားကမျှ မစော်ကားရ ။ ဂရုမမူ မပြုရ ။

 ထို့ ကြောင့် ယခုလည်း မြန်မာနိုင်ငံသို့ လာမည့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို နုတ်
ပိတ်ပြီးမှလာခဲ့ ပါဆိုသော သတင်းစကားကို ပေးရတော့မည်ဖြစ်သည် ။ 
 မြန်မာနိုင်ငံသားတို့မကြိုက်သော နာမည်ကို အသုံးပြု၍ လာမည်ဆိုလျှင် ကန့် ကွက်
ဆန္ဒပြရလိမ့်မည်ဆိုသော သတင်းစကားကို ပေးရမည်ဖြစ်သည် ။
 အစိုးရက ဖိတ်ခေါ်သော်လည်းအစိုးရလည်း လက်မခံသော -ရဟန်းပြည်သူလည်း လက်
မခံသော ဧည့်သည်တယောက်ကိုနိုင်ငံကြီးသားပီပီ လမ်းပေါ်ထွက်ဆန္ဒပြကြရမည်မှာ
 ပြည်သူတရပ်လုံး၏တာဝန်ဖြစ်နေပြီ ။ 
မည်သည့်နိုင်ငံရေးဖွတ်ကြားအဖွဲ့ အစည်းတွေကလမ်းပေါ်ထွက်ခြင်းကို လက်မခံကြသော်
လည်း ယခုအချိန်မှာ  နိုင်ငံတော်နှင့်အတူရဲရင့်ပြတ်သားသော အမျိုးချစ်စိတ်ပြင်းထန်လွန်း
သည့် ရဟန်းပြည်သူများကတက်ညီလက်ညီ ဆန္ဒဖေါ်ထုတ်ကြရတော့မည် ။ သီချင်းတွေထဲ
ကလို ၀မ်းစမိုးသံသောသောညံဖို့  နောက်တခါ လာပြီဗျို့ လို့  အားရပါးရ ကြွေးကြော်
ဆန္ဒပြကြပါတော့လို့  ပြောလိုက်ရပါသည် ။။

ကျော်ခဏ်းနွယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ