ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 January 2013

ရခိုင်ပြည် အဖိနှိပ်ခံဘဝမှလွတ်မြောက်ဖို့ အကြောက်တရားများ လျှော့ရမည်ဟု နယ်လှည့်ဆရာတော် အရှင်သီဝလိ မိန့်ကြား

နှစ်ပေါင်း ၅၀၀၀ ကျော် ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့သော ရခိုင်လူမျိုးတို့သည် ယခုအချိန်ထိ အဖိနှိပ်ခံဘဝသို့ရောက်နေကြပြီး ၄င်းအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် အကြောက်တရားများကို လျှော့ရမည်ဟု ပြည်တွင်းပြည်ပ၌ လှည့်လည်တရားဟောနေသော ဆရာတော် အရှင်သီဝလိက ၂၂၈ နှစ်မြောက် ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအတွင်း လှည့်လည်တရားဟောနေစဉ် မိန့်ကြားလိုက်ခြင်းဖြစ်သည်။

Achan Thee Wai Lee 1
ထိုင်းနိုင်ငံ ဖူးကတ်မြို့ ဝတ်နခါဘုန်းတော်ကြီးကျောင်း၌ ဆရာတော်အရှင် သီဝလိ တရားဟောနေစဉ်
၁၇၈၄ ခုနှစ် ရခိုင်ထီးနန်းကျဆုံးသည့်အချိန်မှ ဖိနှိပ်သူအဆက်ဆက်ရိုက်သွင်းခဲ့သော အကြောက်တရားများကို ယခုအချိန်တွင် လုံးဝဖယ်ရှားရန်လိုအပ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။
" တကာတကာမတွေ ဦးဇင်းကိုငွေးကြေးတွေလှူလိုက်ရလို့ သိပ်ဝမ်းသာမနေကြနဲ့။ ဦးဇင်းတကယ်လိုချင်တာ ဒါတွေမဟုတ်ဘူး။ ဦးဇင်းတကယ်လိုချင်တာက ရခိုင်ပြည်ကြီး ၂၂၈ နှစ်တိုင်တိုင် ကျွန်ဘဝသက်တမ်း ရှည်နေတာကို တစ်ဖန်ပြန်လည် ချေပနိုင်ဖို့အတွက် ညီညွတ်ခြင်းတည်းဟူသော စည်းရုံးမှုကိုလိုချင်တာဖြစ်တယ်။ ညီညီညွတ်ညွတ်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဦးဇင်းက ဒီကိုလာတာဖြစ်တယ်။ ပြီးတော့ အင်မတန် ထွန်းကားခဲ့တဲ့ လူမျိုးတစ်မျိုးဟာ အခုအချိန်မှာ ဆင်းရဲပင်ပန်းတဲ့ ဘဝထဲကိုကျရောက်နေကြတဲ့အတွက် အသိပညာဗဟုသုတဆိုတာ ကင်းမဲ့နေကြတယ်၊ ပျောက်ကွယ်နေကြတယ်။ မပြောဝံ့၊ မလုပ်ဝံ့၊ မသွားဝံ့ဖြစ်နေတဲ့ ကြောက်စိတ်တွေကို လုံးဝပြင်းပြင်းထန်ထန် ဖျောက်ဖျက်ရမယ်။ " ဟု ဆရာတော် ရှင်သီဝလီက ဖူးကတ်မြို့ တရားပွဲတွင် မိန့်ကြားသည်။
ထို့ကြောင့် အနာဂတ်ပျောက်ကွယ်နေသော ရခိုင်လူမျိုးများအတွက် ဆရာတော်က "ရှင်သီဝလီဖေါင်ဒေးရှင်း" ကိုတည်ထောင်ကာ ရလာသောအလှူငွေများကို လက်ရှိဒေသခံဒုက္ခသည်များအတွက်ထက် ဗမာလူမျိုးတို့၏ အုပ်ချုပ်မှုအောက်မှာ အမြစ်သဖွယ်တွယ်ကုပ်ခံနေရသည့် ရခိုင်ဒုက္ခသည်များကို လူနေမှုအဆင့်အတန်းမြင့်မားလာအောင် ဆောင်ရွက်သွားမည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။
ဆက်လက်၍ ယခုဖြစ်လျှက်ရှိသော ကုလား-အဓိကရုဏ်းနှင့်ပတ်သက်ပြီး ဆရာတော် အရှင်သီဝလီက " လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကုလားဆိုတာ ရခိုင်တွေကို မကျော်ဝံ့ဘူး။  ကြွားလေးမကြွားဝံ့ဘူး။ အဲဒီလောက်ထိ ကြောက်ကြတယ်။ ဒါပေမယ့် ယခုလက်ရှိဖိနှိပ်အုပ်ချုပ်သူတွေရဲ့နိုင်ငံရေးကစားမှုတွေကြောင့် ကုလားတွေဟာ ရခိုင်တွေကိုအားမနာဖြစ်လာတယ်။ အနိုင်ကျင့်ချင်လာကြတယ်။ အဲဒီတော့ ဖြစ်ပျက်နေကြတဲ့ ပြဿနာကိုဖြေရှင်းဖို့က အပင်တစ်ပင်မှာ အမြစ်ကိုပဲ ချေမှုန်းရမလား၊ အကိုင်းအဖျားတွေကိုပဲ ရှင်းရမလားဆိုတာပါပဲ။ အခုလဲပဲကြည့်လေ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်တစ်ခုဖြစ်တဲ့ KIA ကို လေယဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာဟာ အဖေက သားသမီးတွေကို သတ်နေတာနဲ့အတူတူပဲ။ ငြိမ်းချမ်းရေးဆိုတဲ့ အရာဝတ္ထုဟာ သားသမီးတွေဆီမှာ ရှိတာမဟုတ်ဘူး။ အဖေဖြစ်တဲ့ အစိုးရဆီမှာပဲရှိတယ်။ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေပါတယ်ဆိုပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တစ်စပြီးတစ်စ တစ်ခုပြီးတစ်ခု ချိုးနှိမ်နှိပ်ကွက်ဖို့ ကြိုးစားနေတာဘဲ။  KIA ဟာလည်း မိမိနေရပ်မှာ နေရင်းနဲ့တိုက်ခိုက်ခံနေရတာဖြစ်တယ်။ မြန်မာအချင်းချင်းဖြစ်လျှက်နဲ့ ညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသားတွေကို ရိုင်းစိုင်းစွာ နိုင်ထက်စီးနင်း ဆက်ဆံတယ်လို့မြင်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားသည်။
Achan Thee Wai Lee
ဆရာတော် အရှင်သီဝလိ တရားပွဲသို့ နာကြားရန်တက်ရောက်လာကြသော ရွှေပြောင်းမြန်မာ တကာတကာမများ
အရှင်သီဝလိသည် ပြည်ပသို့ နိုဝင်ဘာလ(၃၀)နေ့မှစ၍ ထွက်ခွာလာပြီး ပထမ ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာရွေ့ပြောင်းအလုပ်သမားများကို ဗုဒ္ဓ၏ဓမ္မတရားများကို တိုက်ကျွေးခဲ့ပြီး ဒီဇင်လ(၃၁)နေ့တွင် ဖူးကတ်မြို့ရှိ ဝတ်နခါဘုန်းတော်ကြီးကျောင်း၌ ရခိုင်လူမှုရေးအသင်းမှ ကြီးမှူးပြီးကျင်းပပြုလုပ်ပေးခဲ့သော ဓမ္မတရားသဘင်ပွဲတွင် ဆရာတော်က "မလိမ္မာအိမ်မလာနဲ့" တရားကို နာကြားရန်ရောက်ရှိလာကြသည့် တကာတကာများကို တရားရေအေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားဟောကြားရန် တရားပွဲ စုစုပေါင်း(၁၁)ပွဲရှိပြီး လာမည့်အပတ်အတွင်း ရေယောင်မြို့နှင့် ရနှောင်းမြို့တွင် တရားဟောရန်ကြွချီမည့်အစီအစဉ်ရှိကြောင်းလည်း သိရသည်။


arakantimes

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ