ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 February 2013

တရားမဝင် သစ်များနှင့် ဆင်သေ တစ်ကောင် ဖမ်းဆီး ရမိ



ဇန်နဝါရီ ၁၉ ရက်က မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် သစ်တော ဦးစီးဌာန လက်ထောက် ညွှန်ကြားရေး မှူး ဦးဆောင်၍ ရမည်းသင်းနှင့် ပျော်ဘွယ် မြို့နယ် တို့မှ သစ်တော ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ရမည်းသင်း မြို့နယ် ချောင်းဖျား ကျေးရွာ အနီးမှ တရားမဝင် အခြားသားသစ်လုံး/ ခွဲသား ၁ ဒသမ ၁၉၅၆ တန်၊ သစ်စက် တစ်လုံး၊ ရှပ်တန်း တစ်ခု၊ ဆက်လက်၍ တရားမဝင် အခြားသား သစ်လုံး/ ခွဲသား ၁ ဒသမ ၆၆ဝ၆ တန်၊ သစ်စက် တစ်လုံး၊ ရှပ်တန်း တစ်ခု တို့ကို ထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ အမှုနှင့် သက်ဆိုင် သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်ဆဲ ဖြစ်ကြောင်း သိရှိ ရသည်။
အလားတူပင် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြို့ချောင်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ချင်းတွင်းမြစ်ကြောင်း ကုမ္ပဏီမှ ဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ဇန်နဝါရီ ၂၉ ရက်က ကျောက်တံခါး မြို့နယ် ဘိုင်းဒါး ကြိုးဝိုင်း အကွက် အမှတ် (၁ဝ၉)၌ ဆင်သေ တစ်ကောင် (အစွယ် နှစ်ချောင်း၊ နှာမောင်း ဖြတ်ပိုင်း တစ်ခု၊ အရေခွံ- ခွာ လက်စ ဆင်သားရေများ၊ အမြီးပိုင်း တစ်ခု)၊ Luojia  ဆိုင်ကယ် တစ်စီးနှင့် အတူ ဆင်မုဆိုး တရားခံ မင်းမင်းချောင်း စောက်ကျေးရွာ ဝိုင်းကျေးရွာ အုပ်စု အုတ်ဖို မြို့နယ်အား ဖမ်းဆီး ရမိပြီး မြို့ချောင်း ရဲစခန်း၌ အမှုဖွင့်လှစ်ရန် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရှိ ရသည်။


မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ