ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 February 2013

နိုင်ငံခြားရေး ၀န်ကြီး တာဝန်မှ ဟီလာရီ ကလင်တန် အနားယူ


U.S. Secretary of State Clinton and  Sen. Kerry arrive for Kerry's Senate Foreign Relations Committee confirmation hearing on Capitol Hill in Washington
 ယေလ်း တက္ကသိုလ် တွင် ဥပဒေဘာသာရပ် အဆင့်မြင့် ကို တက်ရောက် သင်ကြား နေစဉ်
ကတည်း က ပင် ငွေကြေး ချို့  တဲ့ သူများ ၏ အမှု များ တွင် အခမဲ့ ဥပဒေ အကြံ ပေး အဖြစ်
စေတနာ့ ၀န်ထမ်း တာဝန်ထမ်းဆောင် ခဲ့ သည့် ဟီလာရီ ကလင်တန် သည် ယနေ့  လေး
နှစ် ကျော် ထမ်းဆောင်ခဲ့ သည့် နိုင်ငံ ခြားရေး ၀န်ကြီး တာဝန်မှ အနားယူ လိုက် ပြီ ဖြစ်သည်။

သမ္မတ အိုဘားမား ၏ အစိုးရ အဖွဲ့ တွင် နိုင်ငံ ခြားရေး ၀န်ကြီး အဖြစ်တာ ၀န်ထမ်းဆောင်စဉ်
အရှေ့ အလယ် ပိုင်း လူထု အုံကြွ မှု များ ၊ ဥရော ပ ကြွေးမြီ ပြဿနာ ၊ တရုတ် စစ်ရေး တိုးမြှင့်
မှု ၊ အာရှ အလယ်ပိုင်း အကြမ်းဖက် အုပ်စု များ ကို နှိမ်နှင်း ခြင်း စသည့် ကမ္ဘာ့ နိုင်ငံ ရေး ပြဿ
နာများ ကို ထိရောက် စွာ စီမံ ဆောင် ရွက် နိုင်ခဲ့သည်။
ဟီလာရီ ကလင်တန်သည် သူမ ၏ ကျန်းမား ရေး ကြောင့် တာဝန်မှ အနားယူခြင်း ဖြစ် သည်။
ယခင် နှစ် ဒီဇင်ဘာလ က သွေးခဲ ရောဂါ ကြောင့် ဆေးရုံ တွင် အရေး ပေါ် တက်ရောက် ကုသ
ခံရသည်။
အသက် ၆၅ နှစ် အရွယ် ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် သူမ ၏
မိန့် ခွန်း ကို လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ တွင် ပြောကြားခဲ့ သည်။ အိုဘားမား
၏ နိုင်ငံခြားရေး မူဝါဒ ကို အကောင် အထည် ဖော်မှု ၊ လူဝင်မှုကြီး ကြပ် ရေး ဥပဒေ ပြုပြင်
ရေး နှင့် မြန်မာ နိုင်ငံ ၏ တိုးတက် မှု ဖြစ်စဉ် ကို လည်း သူ ၏ နိုင်ငံ ခြားရေး ၀န်ကြီး ဘဝ
နောက်ဆုံး မိန့် ခွန်း တွင် ပြောကြား ခဲ့ သည်။
ခင်ပွန်း ဖြစ်သူ ဘီလ် ကလင်တန် အမေရိကန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင် မှု နှင့်
အတူ သူမ သည် လည်း ထင် ပေါ် ကျော်ကြား လာပြီး ကလင်တန် သမ္မတ အဖြစ် အနား
ယူချိန် တွင် လွှတ်တော် အမတ် အဖြစ် ၀င်ရောက် အရွေးခံခဲ့သည်။
၂၀၀၈ ခုနှစ် တွင် ဒီမိုကရတ် ပါတီ ၏ သမ္မတ လောင်း အဖြစ် နောက်ဆုံးဆန်ကာ တင် အဆင့်
တွင် ပါဝင် ခဲ့ သည်။ အိုဘားမား ရွေးကောက် ပွဲ တွင် အနိုင်ရရှိ ပြီး နောက် နိုင်ငံခြားရေး
ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ် မှု ကို လက်ခံခဲ့သည်။
သမ္မတ ကတော် ၊ လွှတ်တော် အမတ် ၊ နိုင်ငံခြားရေး ၀န်ကြီး အဖြစ်တာဝန်ထမ်းဆောင် စဉ်
အမျိုးသမီး အခွင့် အရေး မြှင့် တင် ပေး ခြင်း အား နိုင်ငံ တွင်း နှင့် ကမ္ဘာ တစ်ဝှမ်း တွင် ထူး
ချွန် စွာ ဆောင် ရွက် ခဲ့ သည်။
နိုင်ငံခြားရေး ၀န်ကြီး တာဝန်ထမ်းဆောင် စဉ် အတွင်း ဝေဖန် မှု များ နှင့် ကြုံ တွေ့ ခဲ့ ရပြီး
လစ်ဗျား နိုင်ငံ ဘန်ဂါဇီ မြို့  ရှိ အမေရိကန် သံရုံး တိုက်ခိုက်ခံရ မှု နှင့် သံ အမတ်ကြီး အပါ အ၀င်
သံရုံးဝန်ထမ်းများ သေဆုံး ရမှု တွင် ပြင်းပြင်းထန်ထန် ဝေဖန် ခံခဲ့ ရသည်။
နိုင်ငံ ခြားရေး ၀န်ကြီး ဘ၀ နောက်ဆုံး တာဝန်ထမ်းဆောင်သည့် နေ့  များ အတွင်း သူမသည်
လွှတ်တော် တွင် ဘန်ဂါဇီ ကြားနား မှု ကို ပြန်လည် ဖြေရှင်း ပြ ခဲ့ သည်။
ဟီလာရီ ကလင်တန်သည် ပထမဦး ဆုံးသော အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ
ရိုက်(စ) ပြီး နောက် နိုင်ငံ ခြားရေး ၀န်ကြီး တာဝန် ကို ထမ်းဆောင် ခဲ့ ပြီး သူ့ နေရာ တွင် မက်
ဆာချုး ဆက် လွှတ်တော် အမတ် အဖြစ် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့သူ ဂျွန် ကယ်ရီ
က တာဝန်ထမ်းဆောင် မည် ဖြစ်သည်။
သူမ သည် နိုင်ငံခြားရေး ၀န်ကြီး တာဝန်ထမ်းဆောင်စဉ် မြန်မာ နိုင်ငံ သို့  နှစ် ကြိမ် လာရောက်
လည်ပတ်ခဲ့သည်။


လွှတ်တော် ၏ နိုင်ငံခြား ဆက်ဆံ ရေး ကော်မတီ တွင် ဟီလာရီ ကလင်တန် နောက်ဆုံး ပြော
သည့် မိန့် ခွန်း 

ဗွိဒီယို ကြည်ရန်



FNG
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ