ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 February 2013

ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရွှေတိဂုံ စေတီတော်နှင့် တန်ခိုးကြီး ဘုရားများ ဖူးမြော်ပြီး ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာ


နေပြည်တော် ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen-eral Tanasak Patimapragorn နှင့်ဇနီး ဦးဆောင်သော   ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် 
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် တင်အောင်ချစ်၊ ထိုင်းနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းကြည်းတပ် စစ်သံမှူး Colonel Prachern Chaiyakit နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၅ရက် နေ့လယ်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် အထူး လေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရောက်ရှိကြပြီး ငပလီ ကမ်းခြေအား လှည့်လည် လေ့လာ၍ ညပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်က Ama-zing Ngapali Resort ဟိုတယ်၌ ဂုဏ်ပြု ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်  ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁ နာရီခွဲတွင် သံတွဲမှ တစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိကြပြီး နေ့လယ်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထီးရိုး စေတီသို့ သွားရောက် ဖူးမြော် ကြည်ညိုကြကာ ရန်ကုန် မြို့တွင် ညအိပ် ရပ်နားသည်။
ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးနှင့် တာဝန် ရှိသူများ လိုက်ပါလျက် မရမ်းကုန်း မြို့နယ်၊ နာဂ လိုဏ်ဂူ ကလေးဝ တောရ စာသင်တိုက်သို့ သွားရောက်ပြီး ပံ့သကူ သင်္ကန်းနှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အတွက် ရည်ရွယ်ကာ ထိုင်းငွေ ၁၅၄၈၈၄ဝ ဘတ်အား လှူဒါန်းကြသည်။
ဆက်လက်၍ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စွယ်တော်မြတ် စေတီ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်၊ ရွှေတိဂုံ စေတီတော် တို့အား သွားရောက် ဖူးမြော် ကြည်ညို ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်း ကြသည်။
ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် တင်အောင်ချစ်၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ် ကြီး H.E.Mr.Pisanu Suvanajata၊ ထိုင်းကြည်းတပ် စစ်သံမှူး Colonel Pr-achern Chaiyakit နှင့် တာဝန်ရှိသူ တို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။



မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ