ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 February 2013

မက္ကစီကို နိုင်ငံမှ ၉ နှစ်အရွယ် ကလေးမ တစ်ဦး ကလေးမွေးဖွား


(နိရဉ္စရာ)
မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့ သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ မွေးဖွားလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။
Maxican
အသက် ၉ နှစ်သာ ရှိတဲ့ မိန်းခလေးဟာ သူမရဲ့ သမီးမိန်းခလေးကို မက္ကစီကိုနိုင်ငံက ဆေးရုံ တစ်ခုမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ မိသားစုနဲ့ ဒေသအာဏာပိုင်တွေက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

အဲဒီ ၉ နှစ် အရွယ် မိန်းခလေးဟာ အသက် ၈ နှစ် အရွယ်မှာ စတင် ကိုယ်ဝန် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု မွေးလိုက်တဲ့ ကလေးမလေးရဲ့ ဖခင်ကတော့ အသက် ၁၇ အရွယ် လူငယ် တစ်ဦးဖြစ်ပြီး သူဟာ ထွက်ပြေးသွားတဲ့ အတွက် အခု ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။
ကလေးရဲ့ ကိုယ် အလေးချိန်ဟာ ၂ ဒဿမ ၇ ကီလိုသာ ရှိပြီး မက္ကစီကိုနိုင်ငံက Zoquipan ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ဆေးရုံက ဆင်းလာကြပြီး မိခင်ကလေးနဲ့ မွေးဖွားလာတဲ့ ကမလေး နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာဘဲလို့ ဆိုပါတယ်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ