ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 February 2013

အဆိပ် ဖြစ်စေသည့် ဆေးတောင့်များ ထုတ်လုပ်သူ ခုနစ်ဦးအား တရုတ် ထောင်ဒဏ် ချမှတ်


ဟန်ကျိုး ဖေဖော်ဝါရီ ၈
အဆိပ် ဖြစ်စေသော ဆေးတောင့်များ ထုတ်လုပ်သူ ခုနစ်ဦးကို တရုတ် နိုင်ငံ အရှေ့ပိုင်း ကျီကျန်း ပြည်နယ်ရှိ တရားရုံးမှ ထောင်ဒဏ် ချမှတ် ခဲ့သည်ဟု သိရသည်။
အန္တရာယ် ဖြစ်စေသော စားသောက်ကုန် များနှင့် အဆိပ် ဖြစ်စေသော ဆေးတောင့်များ ထုတ်လုပ် ရောင်းချ သူ ဝမ်ချင်နှင့် အပေါင်းအပါ ခြောက်ဦးကို ရှင်းချန်းခရိုင် ပြည်သူ့ တရားရုံးက ဖေဖော်ဝါရီ ၆ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားရုံးမှ ဝမ်ကို ထောင်ဒဏ် ၁၁ နှစ်၊ လိုင်ဆန်ရှုကျွမ်၊ ပန်ရှောင်ချုံနှင့် ကျန်းချန်ဟော့ တို့အား ထောင်ဒဏ် ၅ နှစ် ၂ လမှ ၇ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပြီး ကျန်းချင်ကု၊ ဝမ်မေဖေးနှင့် ဝမ်ထျန်းမင် တို့အား ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။
၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၂ ခုနှစ် ဧပြီလ အတွင်းတွင် ဝမ်နှင့် အပေါင်းအပါ တို့သည် ၎င်းတို့၏ ကုမ္ပဏီ သုံးခုနှင့် အခြား ကုမ္ပဏီ ခြောက်ခုမှ ခရိုမီယမ် အလွန်အကျွံ ပါဝင်သော ပစ္စည်းများဖြင့် ပြုလုပ် ထားသော ဆေးတောင့်များကို ထုတ်လုပ် ရောင်းချ ခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ