ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 February 2013

နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည့် တာတိုပစ် ဒုံးကျည် တစ်စင်း ပါကစ္စတန် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်

နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည့် တာတိုပစ် ဒုံးကျည် တစ်စင်း ပါကစ္စတန် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်
အစ္စလာမ်မာဘတ် ဖေဖော်ဝါရီ ၁၂
နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်သည့် Hatf IX (NA-SR) အမည်ရှိ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် တစ်စင်းကို ပါကစ္စတန် နိုင်ငံက ဖေဖော်ဝါရီ ၁၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ ကြောင်း စစ်ဘက်မှ တာဝန်ရှိ သူ များက ပြောကြား ခဲ့သည်။
တာတိုပစ် အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၆ဝ အကွာ အဝေးထိ ပစ်ခတ်နိုင်ပြီး ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်စွမ်း ရှိကြောင်း စစ်ဘက် ဆိုင်ရာမှ ထုတ်ပြန်သော အစီရင် ခံစာများတွင် ဖော်ပြ ထားသည်။
ယင်းဒုံးကျည်ကို နိုင်ငံ၏ အဆင့် အမြင့်ဆုံး ဒုံးပစ်စင်မှ နေ၍ စမ်းသပ်ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Hatf IX ဒုံးကျည်ကို နည်းဗျူဟာမြောက် ဒုံးကျည် ကာကွယ်ရေး စနစ်များအား ကျော်ဖြတ်၍ ပစ်မှတ်များကို တိုက်ခိုက်နိုင် စေရန် ရည်ရွယ်ချက်ဖြင့် အထူး စီစဉ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစီရင် ခံစာတွင် ဖော်ပြ ထားသည်။
ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို ပူးတွဲ စစ်ဦးစီးချုပ် ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခါလစ်ဒ် ရှာမန်ဝင်း၊ လက်နက်ကိုင် တပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ များနှင့် မဟာ ဗျူဟာမြောက် တပ်ဖွဲ့များမှ သိပံ္ပ ပညာရှင် များနှင့် အင်ဂျင်နီယာများ လာရောက် ကြည့်ရှု၍ ဒုံးကျည် အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်မှုနှင့် စပ်လျဉ်း၍  ဗိုလ်ချုပ်ကြီးက ချီးကျူးဂုဏ်ပြု ခဲ့ကြောင်း စစ်ဘက် ဆိုင်ရာမှ ပြောကြား ခဲ့သည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ