ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 February 2013

သမ္မတ အိုဘားမား လာမည့် နှစ်ကုန်ပိုင်းတွင် အာဖဂန်ရှိ အမေရိကန် စစ်ပွဲ အဆုံးသတ် မည်ဟု ကြေညာ


သမ္မတ အိုဘားမား လာမည့် နှစ်ကုန်ပိုင်းတွင် အာဖဂန်ရှိ အမေရိကန် စစ်ပွဲ အဆုံးသတ် မည်ဟု ကြေညာ
ဝါရှင်တန် ဖေဖော်ဝါရီ  ၁၃
အာဖဂန် နစ္စတန်နိုင်ငံ အတွင်း အမေရိကန် စစ်ပွဲများ ဆင်နွှဲနေမှုကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ အဆုံး သတ်မည် ဖြစ်ပြီး အာဖဂန် နစ္စတန် နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင် ၃၄ဝဝဝ ခန့်သည် လာမည့် နှစ်ကုန်ပိုင်းတွင် ရုပ်သိမ်းမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ထုတ် ပြန် ကြေညာ ခဲ့သည်။
ဆယ်စုနှစ်တိုင် ရုန်းမထွက် နိုင်ခဲ့သည့် စစ်ပွဲကြီး အဆုံးသတ် ပြီးနောက် ရဲစွမ်း သတ္တိနှင့် ပြည့်ဝသော အမေရိကန် တပ်ဖွဲ့ဝင် များသည် အမိနိုင်ငံသို့ ပြန်လာတော့ မည် ဖြစ်သည်ဟု အိုဘားမားက မိန့်ခွန်း ပြောကြားသည့် အခါ လွှတ်တော် အမတ်များက လက်ခုပ် သြဘာတီး၍  တစ်ခဲနက် အားပေး ခဲ့ကြသည်။
အိုဘားမားသည် ၎င်း၏ ဆုံးဖြတ် ထားမှုကို အာဖဂန် နစ္စတန်နိုင်ငံ သမ္မတ ဟာမစ် ကာဇိုင်း၊ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် ဂျာမန် တရား ဝန်ကြီးချုပ် အိန်ဂျယ်လာ မားကယ်လ် တို့ကို ဖုန်းဖြင့်  အသိပေး အကြောင်းကြား ခဲ့သည်ဟု အမေရိကန် အထက် လွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အမေရိကန် တပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးနောက် အာဖဂန် နိုင်ငံ၏ လုံခြုံရေး အတွက် နေတိုး တပ်ဖွဲ့မှ လေ့ကျင့် သင်ကြားပေး ခဲ့သော အာဖဂန် တပ်ဖွဲ့ဝင် ၃၅၂ဝဝဝ ခန့်ရှိသည်။ လာမည့်နှစ်နှစ် အတွင်းတွင် အာဖဂန် နိုင်ငံ၌ စစ်ပွဲများ ဖြစ်လာနိုင်ခြေ မရှိသော်လည်း အာဖဂန် တပ်ဖွဲ့များကို ထောက်ပံ့ ပေးရန် လိုအပ်ကြောင်း နေတိုး တပ်ဖွဲ့က ပြောကြား ခဲ့သည်။ လက်ရှိ အချိန်တွင် အာဖဂန် နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် ၆၆ဝဝဝ ခန့်ရှိနေပြီး ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံတကာ တပ်ဖွဲ့များ နောက်ဆုံး ရုပ်သိမ်းချိန် မတိုင်မီ အချိန်ထိ စောင့် ဆိုင်း နေရဦးမည် ဖြစ်သည်။
 
 
မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ